တာခ်ီ္လိတ္တြင္ ဌာန(၁၀)ခု၏လုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ရာ၌ ကြန္ပ်ဴတာမ်ား ထပ္တိုးေဆာင္ရြက္ရန္ ေဒသခံမ်ား အႀကံျပဳ

တာခ်ီ္လိတ္တြင္ ဌာန(၁၀)ခု၏လုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ရာ၌ ကြန္ပ်ဴတာမ်ား ထပ္တိုးေဆာင္ရြက္ရန္ ေဒသခံမ်ား အႀကံျပဳ
ဖေဖော်ဝါရီ 26, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဌာန (၁၀) ခု၏လုပ္ငန္းမ်ားကို ကြင္းဆင္းေဆာင္ရြက္ေပးေနသည့္ OSS အဖြဲ႕က ကြန္ပ်ဴတာတစ္လံုးတည္းျဖင့္ စာရင္းသြင္းေနသျဖင့္ လုပ္ငန္းၾကန္႔ၾကာ၍ ကြန္ပ်ဴတာမ်ား ထပ္တိုးေဆာင္ရြက္သင့္သည္ဟု ရန္ေအာင္ျမင္ရပ္ကြက္က အႀကံျပဳတင္ျပလိုက္ေၾကာင္း သိရသည္။

OSS အဖြဲ႕က ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၁၅)ရက္ေန႔မွစ၍ ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ လွည့္လည္ေဆာင္ရြက္ေပးေနရာ (၇)ခုေျမာက္ရပ္ကြက္အျဖစ္ ရန္ေအာင္ျမင္ရပ္ကြက္တြင္ ေဖေဖၚဝါရီလ (၂၆)ရက္ေန႔က လုပ္ငန္းေဆာင္ရြက္ေပးရာ၌ ရပ္ကြက္ေနျပည္သူက OSS အဖြဲ႕ေခါင္းေဆာင္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္ကို အႀကံေပးတင္ျပျခင္းျဖစ္ေၾကာင္း သိရသည္။

“ရံုးစာေရးက တစ္ေယာက္ပဲရိွတယ္။ အုပ္ခ်ဳပ္ေရးအဖြဲ႕မွာပါတဲ့ ရာအိမ္မႈး၊ ဆယ္အိမ္မႈးေတြကလည္း ကြန္ပ်ဴတာ သိပ္မရဘူး။ ရပ္ကြက္ထဲက တတ္ကၽြမ္းတဲ့ကြန္ပ်ဴတာသမားေတြက ေစတနာ့၀န္ထမ္းအေနနဲ႔ ကူညီေပးရင္ေတာ့ အဆင္ေျပတာေပါ့။ အျပင္ကြန္ပ်ဴတာသမားငွားရင္ ေငြေၾကးေပးရေတာ့မယ္။ ကၽြန္ေတာ္တို႔က အခမဲ့ေဆာင္ရြက္ေပးေန တာဆိုေတာ့ ရပ္ကြက္ရံုးကလည္း အျပင္ကကြန္ပ်ဴတာသမား မငွားႏိုင္ဘူးေပါ့။ ရပ္ကြက္ေတြထဲက ကြန္ပ်ဴတာကၽြမ္းက်င္တဲ့သူေတြ ကူညီေပးရင္ေတာ့ အဆင္ေျပတာေပါ့”ဟု ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ရပ္ကြက္တြင္ OSS လုပ္ငန္းမ်ားေဆာင္ရြက္ေပးရာ၌  မိမိတို႔လုပ္ေဆာင္လိုသည့္ လုပ္ငန္းရပ္မ်ားကို ရပ္ကြက္ရံုးသို႔ ပထမဆံုးစာရင္းေပးသြင္းရၿပီး ယင္းမွတဆင့္ သက္ဆိုင္ရာဌာနက ေဆာင္ရြက္ေပးျခင္းျဖစ္ရာ ကြန္ပ်ဴတာတစ္လံုးတည္းျဖင့္ စာေရးေရးသြင္းေနသျဖင့္ ယင္းကဲ့သို႔ အႀကံျပဳျခင္းျဖစ္သည္ဟု သိရသည္။

“ကၽြန္ေတာ္အႀကံေပးခ်င္တာက စာရင္းသြင္းတဲ့သူ (၃၊ ၄)ေယာက္ေလာက္ ထားေပးေစခ်င္ပါတယ္။ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြက ဘယ္သူကကြန္ပ်ဴတာ တတ္တယ္။ ဘယ္သူကကြန္ပ်ဴတာဆိုင္ဖြင့္တယ္ဆိုတာသိၿပီးသားပဲ။ ရပ္ကြက္ထဲကကြန္ပ်ဴတာသမားေတြကလည္း အကူအညီေတာင္းရင္ ကူညီေပးဖို႔ အဆင္သင့္ပဲ”ဟု ရန္ေအာင္ေျမရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

ဌာနဆုိင္ရာမ်ား၏လုပ္ငန္းမ်ားကို တစ္ေနရာထဲတြင္ ဝန္ေဆာင္မႈေပးသည့္ OSS လုပ္ငန္းမ်ားကို ရံုးခန္းဖြင့္လွစ္ ေဆာင္ရြက္ေပးေနရာမွ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၁၅) ရက္ေန႔မွစ၍ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ ယာယီရံုးခန္းအျဖစ္ အသံုးျပဳၿပီး ရပ္ကြက္မ်ားအလုိက္ ကြင္းဆင္းေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ စမ္းသပ္ကာလအျဖစ္ ေဖေဖၚဝါရီလ (၁၅) ရက္ေန႔မွစ၍ ကြင္းဆင္းေဆာင္ရြက္ေပးေနရာ ၀မ္ေကာင္းရပ္ကြက္၊ ပုန္းထြန္ရပ္ကြက္၊ တာေလာ့ရပ္ကြက္၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ မယ္ေခါင္ရပ္ကြက္တို႔တြင္ ေဆာင္ရြက္ေပးခဲ့ၿပီးျဖစ္သည္။

OSS လုပ္ငန္းမ်ားေဆာင္ရြက္ေပးေနရာတြင္ ဌာနဆုိင္ရာမ်ား၏ ဝန္ေဆာင္မႈမ်ားႏွင့္ပတ္သက္၍ အႀကံေပးလိုသည္မ်ား၊ မေက်နပ္၍ တုိင္ၾကားလိုသည္မ်ားရိွပါက OSS အဖြဲ႕ေခါင္းေဆာင္ သို႔မဟုတ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံသို႔လည္းေကာင္း၊ OSS ရံုးခန္းရိွ အႀကံျပဳစာတုိက္ပံုးတြင္ အမည္မေဖၚျပဘဲ ေပးပို႔ႏုိင္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီ်လိတ်တွင် ဌာန(၁၀)ခု၏လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာ၌ ကွန်ပျူတာများ ထပ်တိုးဆောင်ရွက်ရန် ဒေသခံများ အကြံပြု
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဌာန (၁၀) ခု၏လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေသည့် OSS အဖွဲ့က ကွန်ပျူတာတစ်လုံးတည်းဖြင့် စာရင်းသွင်းနေသဖြင့် လုပ်ငန်းကြန့်ကြာ၍ ကွန်ပျူတာများ ထပ်တိုးဆောင်ရွက်သင့်သည်ဟု ရန်အောင်မြင်ရပ်ကွက်က အကြံပြုတင်ပြလိုက်ကြောင်း သိရသည်။

OSS အဖွဲ့က ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့မှစ၍ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ဆောင်ရွက်ပေးနေရာ (၇)ခုမြောက်ရပ်ကွက်အဖြစ် ရန်အောင်မြင်ရပ်ကွက်တွင် ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပေးရာ၌ ရပ်ကွက်နေပြည်သူက OSS အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ကို အကြံပေးတင်ပြခြင်းဖြစ်ကြောင်း သိရသည်။

“ရုံးစာရေးက တစ်ယောက်ပဲရှိတယ်။ အုပ်ချုပ်ရေးအဖွဲ့မှာပါတဲ့ ရာအိမ်မှုး၊ ဆယ်အိမ်မှုးတွေကလည်း ကွန်ပျူတာ သိပ်မရဘူး။ ရပ်ကွက်ထဲက တတ်ကျွမ်းတဲ့ကွန်ပျူတာသမားတွေက စေတနာ့ဝန်ထမ်းအနေနဲ့ ကူညီပေးရင်တော့ အဆင်ပြေတာပေါ့။ အပြင်ကွန်ပျူတာသမားငှားရင် ငွေကြေးပေးရတော့မယ်။ ကျွန်တော်တို့က အခမဲ့ဆောင်ရွက်ပေးနေ တာဆိုတော့ ရပ်ကွက်ရုံးကလည်း အပြင်ကကွန်ပျူတာသမား မငှားနိုင်ဘူးပေါ့။ ရပ်ကွက်တွေထဲက ကွန်ပျူတာကျွမ်းကျင်တဲ့သူတွေ ကူညီပေးရင်တော့ အဆင်ပြေတာပေါ့”ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရပ်ကွက်တွင် OSS လုပ်ငန်းများဆောင်ရွက်ပေးရာ၌  မိမိတို့လုပ်ဆောင်လိုသည့် လုပ်ငန်းရပ်များကို ရပ်ကွက်ရုံးသို့ ပထမဆုံးစာရင်းပေးသွင်းရပြီး ယင်းမှတဆင့် သက်ဆိုင်ရာဌာနက ဆောင်ရွက်ပေးခြင်းဖြစ်ရာ ကွန်ပျူတာတစ်လုံးတည်းဖြင့် စာရေးရေးသွင်းနေသဖြင့် ယင်းကဲ့သို့ အကြံပြုခြင်းဖြစ်သည်ဟု သိရသည်။

“ကျွန်တော်အကြံပေးချင်တာက စာရင်းသွင်းတဲ့သူ (၃၊ ၄)ယောက်လောက် ထားပေးစေချင်ပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ဘယ်သူကကွန်ပျူတာ တတ်တယ်။ ဘယ်သူကကွန်ပျူတာဆိုင်ဖွင့်တယ်ဆိုတာသိပြီးသားပဲ။ ရပ်ကွက်ထဲကကွန်ပျူတာသမားတွေကလည်း အကူအညီတောင်းရင် ကူညီပေးဖို့ အဆင်သင့်ပဲ”ဟု ရန်အောင်မြေရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဌာနဆိုင်ရာများ၏လုပ်ငန်းများကို တစ်နေရာထဲတွင် ဝန်ဆောင်မှုပေးသည့် OSS လုပ်ငန်းများကို ရုံးခန်းဖွင့်လှစ် ဆောင်ရွက်ပေးနေရာမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ယာယီရုံးခန်းအဖြစ် အသုံးပြုပြီး ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် စမ်းသပ်ကာလအဖြစ် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့မှစ၍ ကွင်းဆင်းဆောင်ရွက်ပေးနေရာ ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်တို့တွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။
OSS လုပ်ငန်းများဆောင်ရွက်ပေးနေရာတွင် ဌာနဆိုင်ရာများ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အကြံပေးလိုသည်များ၊ မကျေနပ်၍ တိုင်ကြားလိုသည်များရှိပါက OSS အဖွဲ့ခေါင်းဆောင် သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ OSS ရုံးခန်းရှိ အကြံပြုစာတိုက်ပုံးတွင် အမည်မဖေါ်ပြဘဲ ပေးပို့နိုင်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~