Update News

တာခ်ီလိတ္ၿမိဳ႕ေပၚ (၁၁)ရပ္ကြက္တြင္ သက္ဆိုင္ရာရပ္ကြက္ရံုးမ်ား၌ ဌာန(၁၀)ခု ပါ၀င္သည့္ OSS အဖြဲ႔၏ ကြင္းဆင္း၀န္ေဆာင္မႈ ေဖေဖာ္၀ါရီလ(၁၅)ရက္ေန႔တြင္ စတင္မည္


ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္ (၁၁) တြင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၁၅) ရက္ေန႔မွစၿပီး သက္ဆိုင္ရာ ရပ္ကြက္ရံုးမ်ားတြင္ သတ္မွတ္ေန႔အလိုက္ ဌာန (၁၀) ခုပါ၀င္သည့္ OSS အဖြဲ႕အေနျဖင့္ ေထာက္ခံစာမ်ားကို ခ်က္ခ်င္းေဆာင္ရြက္ေပးမည္ျဖစ္ၿပီး လုပ္ငန္းလိုင္စင္ႏွင့္ အျခားေလွ်ာက္လႊာမ်ားကိုလည္း လက္ခံေဆာင္ရြက္ ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ရဲဆိုလို႔ရိွရင္ ေထာက္ခံခ်က္ေတြ၊ အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း၊ ျပစ္မႈကင္းရွင္းေၾကာင္းတို႔၊ မွတ္ပံုတင္ေပ်ာက္တာ မွန္ကန္ေၾကာင္းတို႔ အဲဒီေထာက္ခံခ်က္ေတြ တခါတည္းေပးလို႔ရတယ္။ စည္ပင္ဆိုရင္လည္း မီးခြန္တို႔၊ အိမ္ခြန္တို႔၊ ေရခြန္တို႔ ရံုးလာေဆာင္စရာ မလိုေတာ့ဘူး။ လ၀က ဆိုရင္ ေျပာင္း၀င္၊ ေျပာင္းထြက္ေတြ၊ ေမြးတိုးေတြ တခါတည္းလုပ္ေပးမယ္။ က်န္းမာေရး ဆိုရင္လည္း က်န္းမာေၾကာင္း ေထာက္ခံခ်က္ေတြ၊ ဖြား/ေသေတြ တခါတည္းထုတ္ေပးမယ္။ ကၽြန္ေတာ္တို႔ ဌာနဆိုရင္လည္း ေထာက္ခံခ်က္ေတြ လုပ္ေပးမယ္။ ရပ္ကြက္ရံုးေတြကို ကၽြန္ေတာ္တို႔ လာမယ့္ေန႔ေတြ ႀကိဳၿပီးေၾကျငာမယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တစ္ထိုင္တည္းျပဳလုပ္၍ မရသည့္ လုပ္ငန္းမ်ားကို ရံုးသို႔ ယူသြားၿပီး ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“က်န္တဲ့လုပ္ငန္းေတြလည္း လက္ခံမယ္။ အုတ္၊သဲ၊ ေက်ာက္ လိုင္စင္ေလွ်ာက္ခ်င္တာေတြ။ စည္ပင္ဆိုရင္ ဥပမာ စားေသာက္ဆိုင္ လိုင္စင္ေလွ်ာက္ခ်င္တာတို႔၊ တည္းခိုခန္း လိုင္စင္ေလွ်ာက္ခ်င္တာတို႔၊ ေျမစာရင္းဆိုရင္ (၁၀၅) ေလွ်ာက္တာတို႔ဘာတို႔ အဲဒါေတြက တိုင္းတာျပဳတာရိွေတာ့ တခါတည္း မၿပီးဘူးေပါ့။ ေလွ်ာက္လႊာယူသြားေပးမယ္။ ရံုးေတြလာေလွ်ာက္စရာမလိုဘူးေပါ့ ရပ္ကြက္ရံုးတြင္ၿပီးတာေပါ့”ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက ေျပာသည္။


ေဖေဖာ္၀ါရီလတြင္ စမ္းသပ္ကာလအျဖစ္ ၿမိဳ႕ေပၚ (၁၁) ရပ္ကြက္ကို One Stop Service(OSS) ေဆာင္ရြက္ေပးမည္ ျဖစ္ၿပီး မတ္လမွစတင္ကာ ၿမိဳ႕ေပၚရပ္ကြက္မ်ားႏွင့္ ေက်းရြာအုပ္စု (၇)ခုကိုပါ လစဥ္ ၀န္ေဆာင္မႈ ေပးသြားမည္ဟု သိရသည္။

သတင္း - ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်ရပ်ကွက် (၁၁) တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစပြီး သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သတ်မှတ်နေ့အလိုက် ဌာန (၁၀) ခုပါဝင်သည့် OSS အဖွဲ့အနဖြေင့် ထောက်ခံစာများကို ချက်ချင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်နှင့် အခြားလျှောက်လွှာများကိုလည်း လက်ခံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ရဲဆိုလို့ရှိရင် ထောက်ခံချက်တွေ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်းတို့၊ မှတ်ပုံတင်ပျောက်တာ မှန်ကန်ကြောင်းတို့ အဲဒီထောက်ခံချက်တွေ တခါတည်းပေးလို့ရတယ်။ စည်ပင်ဆိုရင်လည်း မီးခွန်တို့၊ အိမ်ခွန်တို့၊ ရေခွန်တို့ ရုံးလာဆောင်စရာ မလိုတော့ဘူး။ လဝက ဆိုရင် ပြောင်းဝင်၊ ပြောင်းထွက်တွေ၊ မွေးတိုးတွေ တခါတည်းလုပ်ပေးမယ်။ ကျန်းမာရေး ဆိုရင်လည်း ကျန်းမာကြောင်း ထောက်ခံချက်တွေ၊ ဖွား/သေတွေ တခါတည်းထုတ်ပေးမယ်။ ကျွန်တော်တို့ ဌာနဆိုရင်လည်း ထောက်ခံချက်တွေ လုပ်ပေးမယ်။ ရပ်ကွက်ရုံးတွေကို ကျွန်တော်တို့ လာမယ့်နေ့တွေ ကြိုပြီးကြငြောမယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးခ်မ်းမြေ့စောက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တစ်ထိုင်တည်းပြုလုပ်၍ မရသည့် လုပ်ငန်းများကို ရုံးသို့ ယူသွားပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျန်တဲ့လုပ်ငန်းတွေလည်း လက်ခံမယ်။ အုတ်၊သဲ၊ ကျောက် လိုင်စင်လျှောက်ချင်တာတွေ။ စည်ပင်ဆိုရင် ဥပမာ စားသောက်ဆိုင် လိုင်စင်လျှောက်ချင်တာတို့၊ တည်းခိုခန်း လိုင်စင်လျှောက်ချင်တာတို့၊ မြေစာရင်းဆိုရင် (၁၀၅) လျှောက်တာတို့ဘာတို့ အဲဒါတွေက တိုင်းတာပြုတာရှိတော့ တခါတည်း မပြီးဘူးပေါ့။ လျှောက်လွှာယူသွားပေးမယ်။ ရုံးတွေလာလျှောက်စရာမလိုဘူးပေါ့ ရပ်ကွက်ရုံးတွင်ပြီးတာပေါ့”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

ဖေဖော်ဝါရီလတွင် စမ်းသပ်ကာလအဖြစ် မြို့ပေါ် (၁၁) ရပ်ကွက်ကို One Stop Service(OSS) ဆောင်ရွက်ပေးမည် ဖြစ်ပြီး မတ်လမှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု (၇)ခုကိုပါ လစဉ် ဝန်ဆောင်မှု ပေးသွားမည်ဟု သိရသည်။

သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::