ကခ်င္ျပည္နယ္မွ သတင္းေထာက္ႏွစ္ဦးကို ပုဂၢလိကကုမၸဏီတစ္ခုက အႏုိင္အထက္ျပဳက်င့္မႈအား ထိေရာက္စြာေဖၚထုတ္အေရးယူေပးရန္ ျပည္ထဲေရးႏွင့္ ျပည္နယ္အစိုးရအား တုိက္တြန္း

ကခ်င္ျပည္နယ္မွ သတင္းေထာက္ႏွစ္ဦးကို ပုဂၢလိကကုမၸဏီတစ္ခုက အႏုိင္အထက္ျပဳက်င့္မႈအား ထိေရာက္စြာေဖၚထုတ္အေရးယူေပးရန္ ျပည္ထဲေရးႏွင့္ ျပည္နယ္အစိုးရအား တုိက္တြန္း
ဖေဖော်ဝါရီ 27, 2019
By 🌸
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕အေျခစိုက္ ျမစ္ႀကီးနားဂ်ာနယ္မွ သတင္းေထာက္ အမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးကို တစ္ရႈးငွက္ေပ်ာစိုက္ပ်ိဳးေရးလုပ္ကိုင္သည့္ သခင္စစ္ကုမၸဏီက လွည့္ဖ်ားေခၚေဆာင္ၿပီး အႏုိင္အထက္ျပဳက်င့္မႈကို ျပည္ထဲေရးႏွင့္ ျပည္နယ္အစိုးရအေနျဖင့္ ထိေရာက္စြာ ေဖၚထုတ္အေရးယူေပးရန္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီက တုိက္တြန္းလုိက္သည္။

သတင္းမီဒီယာေကာင္စီက ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၂၆) ရက္ေန႔တြင္ ထုတ္ျပန္လုိက္သည့္ ထုတ္ျပန္ခ်က္တြင္ ၎ျဖစ္ရပ္တြင္ က်ဴးလြန္ပါဝင္သူမ်ားကို တရားဥပေဒႏွင့္အညီ ထိေရာက္စြာ ေဖာ္ထုတ္အေရးယူေပးပါရန္ တရားဥပေဒစိုုးမိုုးေရး တာဝန္ရွိအဖြဲ႔အစည္းျဖစ္သည့္ ျပည္ထဲေရး၀န္ႀကီးဌာနႏွင့္ ကခ်င္ျပည္နယ္အစိုးရတုိ႔ထံသို႔ ျမန္မာႏိုုင္ငံသတင္းမီဒီယာေကာင္စီက တုိက္တြန္းပါသည္ဟု ေဖၚျပထားသည္။

ျမစ္ႀကီးနားသတင္းဂ်ာနယ္မွ သတင္းေထာက္ႏွစ္ဦးျဖစ္သည့္ မမြန္းမြန္းပန္ႏွင့္ ကိုအုိက္ဂ်ယ္တို႔ကို တစ္႐ွဴးငွက္ေပ်ာစိုက္ပ်ိဳးေရး လုပ္ကုိင္ေနသည့္ သခင္စစ္ကုမၸဏီက တစ္ရႈးငွက္ေပ်ာစိုက္ပ်ိဳးေရးသတင္းႏွင့္ပတ္သက္၍ ေဆြးေႏြးရန္ဟုဆိုကာ ဝို္င္းေမာ္ၿမိဳ႕ရိွ ၎တို႔ရံုးခန္းသို႔ လွည့္ဖ်ားေခၚေဆာင္ၿပီး အမ်ိဳးသမီး သတင္းေထာက္အား ဂ်ာနယ္ျဖင့္ ပါး႐ိုက္ျခင္း၊ အမ်ိဳးသားသတင္းေထာက္ကို ထုိင္ထအႀကိမ္ရာႏွင့္ခ်ီ လုပ္ခုိင္းျခင္းမ်ား ျပဳလုပ္ခဲ့သျဖင့္ ရဲတပ္ဖြဲ႕အကူအညီႏွင့္ သတင္းေထာက္မ်ားအား သြားေရာက္ေခၚယူခဲ့ရၿပီးေနာက္ သတင္းမီဒီယာေကာင္စီအပါအဝင္ သတင္းေထာက္အဖြဲ႕အစည္းမ်ားက သေဘာထားေၾကညာခ်က္မ်ား ထုတ္ျပန္ခဲ့ၾကသည္။

သတင္းေထာက္မ်ားသည္ သတင္းမီဒီယာဥပေဒ၊ က်င့္၀တ္မ်ားႏွင့္အညီ ႏုိင္ငံသားတုိင္းသိခြင့္ရွိေသာ ႏုိင္ငံသားမ်ား၏ အခြင့္အေရးဆံုး႐ံႈးမႈဆုိင္ရာ ကိစၥရပ္မ်ားကို ေဖာ္ထုတ္ေရးသားျခင္းသာျဖစ္ရာ သတင္းေဖၚျပမႈ ႏွင့္ ပတ္သက္ၿပီး ေက်နပ္မႈမရွိပါက အဆိုုပါကုမၸဏီအေနျဖင့္ ျမန္မာႏိုုင္ငံသတင္းမီဒီယာေကာင္စီသိုု႔ တိုုင္ၾကားျခင္း သိုု႔တည္းမဟုုတ္ တရားဥပေဒလမ္းေၾကာင္းအရ တရားစြဲဆိုုျခင္းတိုု႔ လုုပ္ေဆာင္ခြင့္ ရွိေသာ္လည္း ယခုကဲ့သုိ႔ သတင္းေထာက္မ်ားအေပၚ ရာဇ၀တ္မကင္းေသာ အႏုိင္အထက္လုုပ္ေဆာင္ျခင္းကို ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီအေနျဖင့္ ျပင္းထန္စြာ႐ႈတ္ခ်ပါသည္ဟု သေဘာထားေၾကညာခ်က္တြင္ ေဖၚျပထားသည္။

အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္၍ လိုအပ္သည့္ေဆာင္ရြက္ခ်က္မ်ားကို ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီအေနျဖင့္ အစြမ္းကုန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

သတင္းေထာက္မ်ားကို လွည့္ဖ်ားေခၚေဆာင္ၿပီး ထိခိုက္နစ္နာေစခဲ့သည့္ သခင္စစ္သတၱဳတူးေဖၚေရးကုမၸဏီပိုင္ရွင္ ဒိန္ေဆာင္၊ မန္ေနဂ်ာ ဂြမ္လတ္၊ ယာဥ္ေမာင္းမ်ားျဖစ္သည့္ ေဇာ္လ၊ဝင္းၿမိဳင္၊မ်ိဳးမ်ိဳးေအာင္ႏွင့္ ေမာင္ေထြးတို႔အား ဝိုင္းေမာ္ၿမိဳ႕မရဲစခန္းတြင္  (ပ)၃၂/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၅၃/၂၉၄/၃၄၁/၃၂၃/၁၁၄ တို႔ျဖင့္ အမႈဖြင့္လွစ္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကချင်ပြည်နယ်မှ သတင်းထောက်နှစ်ဦးကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက အနိုင်အထက်ပြုကျင့်မှုအား ထိရောက်စွာဖေါ်ထုတ်အရေးယူပေးရန် ပြည်ထဲရေးနှင့် ပြည်နယ်အစိုးရအား တိုက်တွန်း
**********
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားဂျာနယ်မှ သတင်းထောက် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို တစ်ရှုးငှက်ပျောစိုက်ပျိုးရေးလုပ်ကိုင်သည့် သခင်စစ်ကုမ္ပဏီက လှည့်ဖျားခေါ်ဆောင်ပြီး အနိုင်အထက်ပြုကျင့်မှုကို ပြည်ထဲရေးနှင့် ပြည်နယ်အစိုးရအနေဖြင့် ထိရောက်စွာ ဖေါ်ထုတ်အရေးယူပေးရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တိုက်တွန်းလိုက်သည်။

သတင်းမီဒီယာကောင်စီက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် ၎င်းဖြစ်ရပ်တွင် ကျူးလွန်ပါဝင်သူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်အရေးယူပေးပါရန် တရားဥပဒေစိုးမိုးရေး တာဝန်ရှိအဖွဲ့အစည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရတို့ထံသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တိုက်တွန်းပါသည်ဟု ဖေါ်ပြထားသည်။

မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးဖြစ်သည့် မမွန်းမွန်းပန်နှင့် ကိုအိုက်ဂျယ်တို့ကို တစ်ရှူးငှက်ပျောစိုက်ပျိုးရေး လုပ်ကိုင်နေသည့် သခင်စစ်ကုမ္ပဏီက တစ်ရှုးငှက်ပျောစိုက်ပျိုးရေးသတင်းနှင့်ပတ်သက်၍ ဆွေးနွေးရန်ဟုဆိုကာ ဝိုင်းမော်မြို့ရှိ ၎င်းတို့ရုံးခန်းသို့ လှည့်ဖျားခေါ်ဆောင်ပြီး အမျိုးသမီး သတင်းထောက်အား ဂျာနယ်ဖြင့် ပါးရိုက်ခြင်း၊ အမျိုးသားသတင်းထောက်ကို ထိုင်ထအကြိမ်ရာနှင့်ချီ လုပ်ခိုင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့အကူအညီနှင့် သတင်းထောက်များအား သွားရောက်ခေါ်ယူခဲ့ရပြီးနောက် သတင်းမီဒီယာကောင်စီအပါအဝင် သတင်းထောက်အဖွဲ့အစည်းများက သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

သတင်းထောက်များသည် သတင်းမီဒီယာဥပဒေ၊ ကျင့်ဝတ်များနှင့်အညီ နိုင်ငံသားတိုင်းသိခွင့်ရှိသော နိုင်ငံသားများ၏ အခွင့်အရေးဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခြင်းသာဖြစ်ရာ သတင်းဖေါ်ပြမှု နှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိပါက အဆိုပါကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားခြင်း သို့တည်းမဟုတ် တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆိုခြင်းတို့ လုပ်ဆောင်ခွင့် ရှိသော်လည်း ယခုကဲ့သို့ သတင်းထောက်များအပေါ် ရာဇဝတ်မကင်းသော အနိုင်အထက်လုပ်ဆောင်ခြင်းကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ပြင်းထန်စွာရှုတ်ချပါသည်ဟု သဘောထားကြေညာချက်တွင် ဖေါ်ပြထားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ လိုအပ်သည့်ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

သတင်းထောက်များကို လှည့်ဖျားခေါ်ဆောင်ပြီး ထိခိုက်နစ်နာစေခဲ့သည့် သခင်စစ်သတ္တုတူးဖေါ်ရေးကုမ္ပဏီပိုင်ရှင် ဒိန်ဆောင်၊ မန်နေဂျာ ဂွမ်လတ်၊ ယာဉ်မောင်းများဖြစ်သည့် ဇော်လ၊ဝင်းမြိုင်၊မျိုးမျိုးအောင်နှင့် မောင်ထွေးတို့အား ဝိုင်းမော်မြို့မရဲစခန်းတွင်  (ပ)၃၂/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၂၉၄/၃၄၁/၃၂၃/၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~