Update News

လားရႈိးၿမိဳ႕တြင္ စားသံုးရန္မသင့္ ၾကက္သားမွ်င္မ်ားကို အသံုးျပဳေနသည့္ မုန္႔တိုက္ (၂)တိုက္အား စစ္ေဆးေတြ႔ရ၍ ဆက္လက္အသံုးမျပဳရန္ ယာယီတားျမစ္ထား

စားသံုးရန္မသင့္သည့္ ၾကက္သားမွ်င္မ်ားကို အသံုးျပဳေနသည့္ မုန္႔တိုက္(၂)တိုက္အား လားရႈိးၿမိဳ႕တြင္ စားသံုးသူေရးရာဦးစီးဌာန ဦးေဆာင္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၈)ရက္ေန႔ နံနက္က စစ္ေဆးေတြ႔ရွိရသည့္ အတြက္  ၎ပစၥည္းမ်ားအား ဆက္လက္ အသံုးမျပဳရန္ ယာယီတားျမစ္ထားၿပီး နမူနာမ်ားအား ဓါတ္ခြဲစစ္ေဆးမႈရယူသြားမည္ ျဖစ္ေၾကာင္း ႏွင့္ အဆိုပါ ၾကက္သားမွ်င္မ်ားသည္  မၾကာေသးခင္က မီးရိႈ႕ဖ်က္ဆီးခဲ့သည့္ စားသံုးရန္မသင့္ ၾကက္သားမွ်င္မ်ားျဖစ္ေၾကာင္း သိရသည္။

"အေကာက္ခြန္ဦးစီးဌာနမွာ မၾကာေသးခင္က မီးရိႈ႕ဖ်က္ဆီးခဲ့တဲ့ စားသံုးရန္မသင့္ ၾကက္သားမွ်င္ေတြကို မုန္႔လုပ္ငန္းေတြမွာ အသံုးျပဳျခင္းရွိ မရွိ ဒီေန႔စစ္ေဆးခဲ့တာပါ၊ အဲ့ဒီမွာ မုန္႔တိုက္ေတြ မွာ အဲ့ဒီလို ၾကက္သားမွ်င္ေတြ သံုးေနတာေတြ႔ရတယ္၊ ဆက္မသံုးဖို႔ တားျမစ္ထားတယ္၊ ၾကက္သားမွ်င္ နမူနာေတြ ယူၿပီး FDA ကိုပို႔ၿပီးေတာ့ ဓါတ္ခြဲစစ္ေဆးမႈကို ရယူသြားမယ္၊ စားသံုးရန္မသင့္ဘူးလို႔ အေျဖထြက္ရင္ မုန္႔တိုက္ေတြကို သတိေပးၿပီး ဝန္ခံကတိထိုးတာ လုပ္မယ္၊ စားသံုးရန္သင့္ေနတယ္ဆိုရင္ ဆက္ၿပီး အသံုးျပဳလို႔ရမယ္" ဟု  စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး (လားရိႈး) မွ ဒုတိယ ျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၄)ရက္ေန႔ နံနက္က ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာန(လားရႈိး)ရံုးဝန္းအတြင္း မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ တရားမဝင္ ဝင္ေရာက္လာသည့္ ကုန္ပစၥည္းမ်ား၊ စားသံုးရန္မသင့္ စားေသာက္ကုန္၊ လူသံုးကုန္မ်ားထဲတြင္ တရုတ္ႏိုင္ငံမွ တရားမဝင္ တင္သြင္းလာသည့္ အသင့္စားၾကက္သားမွ်င္မ်ားလည္း ပါဝင္ၿပီး ေရျဖင့္စိမ္၍ စစ္ေဆးရာတြင္ ဆိုးေဆးမ်ားအသံုးျပဳထားျခင္း ႏွင့္ ၾကက္သားမဟုတ္ပဲ ဝါဂြမ္းကဲ့သို႔ အမွ်င္စမ်ားကို ေတြ႔ရွိခဲ့သည့္အတြက္ လားရိႈးၿမိဳ႕ရွိ မုန္႔လုပ္ငန္းမ်ားအား လိုက္လံစစ္ေဆးျခင္း ျဖစ္သည္။

"မုန္႔ေတြမွာပါတဲ့ ၾကက္သားမွ်င္ေတြနဲ႔ပတ္သက္ၿပီး စားသံုးသူေတြက သံသယရွိေနတဲ့အတြက္ အခုလို စစ္ေဆးတာေတြ လုပ္တာျဖစ္ပါတယ္၊ ဒါေတြဟာ စားသံုးဖို႔ မသင့္ဘူးလို႔ အေျဖထြက္လာရင္ေတာ့ လားရိႈး မွာတင္ မဟုတ္ပဲ ရွမ္း/ေျမာက္က က်ြန္ေတာ္တို႔ ဌာနရွိတဲ့ ၿမိဳ႕နယ္ ( ၇ )ခုလံုး ၾကက္သားမွ်င္ေတြနဲ႔ ပတ္သက္ၿပီး ေစ်းကြက္ထဲမွာ လိုက္လံစစ္ေဆး တားျမစ္သြားမွာ" ဟု  ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက ေျပာသည္။

အျခားမုန္႔တိုက္ တစ္ခုတြင္ တရုတ္ႏိုင္ငံမွ တင္သြင္းလာသည္ဟု ယူဆရေသာ  သြင္းကုန္လိုင္စင္ ထုတ္လုပ္ရက္၊ ကုန္ဆံုးရက္၊ လိပ္စာ ႏွင့္ ဆက္သြယ္ရန္ ဖုန္းနံပါတ္မ်ား စသည့္ အေထာက္ အထား တိက်စြာ မျပသထားသည့္ စားဆီအခ်ိဳ႕ကို အသံုးျပဳေနသည့္ အတြက္ ၎တို႔ ဝယ္ယူခဲ့သည့္ ဆိုင္မ်ားအား စစ္ေဆးရာတြင္ သြင္းကုန္လိုင္စင္ မျပသႏိုင္သည့္ တရုတ္ႏိုင္ငံမွ ဝင္ေရာက္လာေသာ (၅)လီတာဆန္႔ ဆီပံုး (၆၄)ပံုး ( ၁၆ ဖာ၊ တစ္ဖာလ်ွင္ ၄ ပံုး  )ကို ေတြ႔ရွိရၿပီး ၎ဆီမ်ားအား အသံုးျပဳေနျခင္းကို ယာယီရပ္နားထားၿပီး ဝန္ခံကတိ ရယူထားေၾကာင္းသိရသည္။

သြင္းကုန္လိုင္စင္ႏွင့္ ပတ္သက္၍ အေထာက္အထား မျပသႏိုင္ေသာ စားသံုးဆီမ်ားကို ေစ်းကြက္အတြင္း အသံုးျပဳေနျခင္း ေရာင္းခ်ေနျခင္းမ်ားႏွင့္ ပတ္သက္၍ လားရႈိးၿမိဳ႕ရွိ ခရိုင္စားသံုးသူေရးရာအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႔၏ ေဆြးေႏြးခ်က္ရယူကာ အေရးယူေဆာင္ရြက္ျခင္းအတြက္ ဆံုးျဖတ္ခ်က္ ရယူသြားမည္ ျဖစ္ေၾကာင္း သိရသည္။

အေရးယူေဆာင္ရြက္ရန္အတြက္ ဆံုးျဖတ္ခ်က္ရယူၿပီးပါက လားရိႈးရွိ မုန္႔လုပ္ငန္းရွင္မ်ားအား အဆိုပါ ကုန္ပစၥည္းမ်ားမွာ ဆက္လက္ အသံုးျပဳျခင္း၊ ေရာင္းခ်ျခင္း ရ/ မရ အေၾကာင္းျပန္ ေပးသြားမည္ ျဖစ္ေၾကာင္း စားသံုးသူေရးရာ ဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး ( လားရိႈး ) မွ သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္













~~~~~~~⊰❂ Unicode Version ~~~~~~~~


စားသုံးရန်မသင့်သည့် ကြက်သားမျှင်များကို အသုံးပြုနေသည့် မုန့်တိုက်(၂)တိုက်အား လားရှိုးမြို့တွင် စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်က စစ်ဆေးတွေ့ရှိရသည့် အတွက်၎င်းပစ္စည်းများအား ဆက်လက် အသုံးမပြုရန် ယာယီတားမြစ်ထားပြီး နမူနာများအား ဓာတ်ခွဲစစ်ဆေးမှုရယူသွားမည် ဖြစ်ကြောင်း နှင့် အဆိုပါ ကြက်သားမျှင်များသည် မကြာသေးခင်က မီးရှို့ဖျက်ဆီးခဲ့သည့် စားသုံးရန်မသင့် ကြက်သားမျှင်များဖြစ်ကြောင်း သိရသည်။


"အကောက်ခွန်ဦးစီးဌာနမှာ မကြာသေးခင်က မီးရှို့ဖျက်ဆီးခဲ့တဲ့ စားသုံးရန်မသင့် ကြက်သားမျှင်တွေကို မုန့်လုပ်ငန်းတွေမှာ အသုံးပြုခြင်းရှိ မရှိ ဒီနေ့စစ်ဆေးခဲ့တာပါ၊ အဲ့ဒီမှာ မုန့်တိုက်တွေ မှာ အဲ့ဒီလို ကြက်သားမျှင်တွေ သုံးနေတာတွေ့ရတယ်၊ ဆက်မသုံးဖို့ တားမြစ်ထားတယ်၊ ကြက်သားမျှင် နမူနာတွေ ယူပြီး FDA ကိုပို့ပြီးတော့ ဓာတ်ခွဲစစ်ဆေးမှုကို ရယူသွားမယ်၊ စားသုံးရန်မသင့်ဘူးလို့ အဖြေထွက်ရင် မုန့်တိုက်တွေကို သတိပေးပြီး ဝန်ခံကတိထိုးတာ လုပ်မယ်၊ စားသုံးရန်သင့်နေတယ်ဆိုရင် ဆက်ပြီး အသုံးပြုလို့ရမယ်" ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး) မှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက်က မြို့နယ်အကောက်ခွန်ဦးစီးဌာန(လားရှိုး)ရုံးဝန်းအတွင်း မီးရှို့ဖျက်ဆီးခဲ့သည့် တရားမဝင် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများ၊ စားသုံးရန်မသင့် စားသောက်ကုန်၊ လူသုံးကုန်များထဲတွင် တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် အသင့်စားကြက်သားမျှင်များလည်း ပါဝင်ပြီး ရဖြေင့်စိမ်၍ စစ်ဆေးရာတွင် ဆိုးဆေးများအသုံးပြုထားခြင်း နှင့် ကြက်သားမဟုတ်ပဲ ဝါဂွမ်းကဲ့သို့ အမျှင်စများကို တွေ့ရှိခဲ့သည့်အတွက် လားရှိုးမြို့ရှိ မုန့်လုပ်ငန်းများအား လိုက်လံစစ်ဆေးခြင်း ဖြစ်သည်။

"မုန့်တွေမှာပါတဲ့ ကြက်သားမျှင်တွေနဲ့ပတ်သက်ပြီး စားသုံးသူတွေက သံသယရှိနေတဲ့အတွက် အခုလို စစ်ဆေးတာတွေ လုပ်တာဖြစ်ပါတယ်၊ ဒါတွေဟာ စားသုံးဖို့ မသင့်ဘူးလို့ အဖြေထွက်လာရင်တော့ လားရှိုး မှာတင် မဟုတ်ပဲ ရှမ်း/မြောက်က ကျွန်တော်တို့ ဌာနရှိတဲ့ မြို့နယ် ( ၇ )ခုလုံး ကြက်သားမျှင်တွေနဲ့ ပတ်သက်ပြီး ဈေးကွက်ထဲမှာ လိုက်လံစစ်ဆေး တားမြစ်သွားမှာ" ဟု ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။

အခြားမုန့်တိုက် တစ်ခုတွင် တရုတ်နိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော သွင်းကုန်လိုင်စင် ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်၊ လိပ်စာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ စသည့် အထောက် အထား တိကျစွာ မပြသထားသည့် စားဆီအချို့ကို အသုံးပြုနေသည့် အတွက်၎င်းတို့ ဝယ်ယူခဲ့သည့် ဆိုင်များအား စစ်ဆေးရာတွင် သွင်းကုန်လိုင်စင် မပြသနိုင်သည့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသော (၅)လီတာဆန့် ဆီပုံး (၆၄)ပုံး ( ၁၆ ဖာ၊ တစ်ဖာလျှင် ၄ ပုံး )ကို တွေ့ရှိရပြီး၎င်းဆီများအား အသုံးပြုနခြေင်းကို ယာယီရပ်နားထားပြီး ဝန်ခံကတိ ရယူထားကြောင်းသိရသည်။

သွင်းကုန်လိုင်စင်နှင့် ပတ်သက်၍ အထောက်အထား မပြသနိုင်သော စားသုံးဆီများကို ဈေးကွက်အတွင်း အသုံးပြုနခြေင်း ရောင်းချနခြေင်းများနှင့် ပတ်သက်၍ လားရှိုးမြို့ရှိ ခရိုင်စားသုံးသူရေးရာအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ ဆွေးနွေးချက်ရယူကာ အရေးယူဆောင်ရွက်ခြင်းအတွက် ဆုံးဖြတ်ချက် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

အရေးယူဆောင်ရွက်ရန်အတွက် ဆုံးဖြတ်ချက်ရယူပြီးပါက လားရှိုးရှိ မုန့်လုပ်ငန်းရှင်များအား အဆိုပါ ကုန်ပစ္စည်းများမှာ ဆက်လက် အသုံးပြုခြင်း၊ ရောင်းချခြင်း ရ/ မရ အကြောင်းပြန် ပေးသွားမည် ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး ( လားရှိုး ) မှ သိရသည်။

သတင်း/ဓာတ်ပုံ - #နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »

No comments

Post a Comment

Note: Only a member of this blog may post a comment.