ထုိင္းႏိုင္ငံတြင္ မူးယစ္ေဆးဖမ္းဆီးရမိသည့္ပမာဏ ဆယ္ဆေက်ာ္တိုးလာၿပီး အမ်ားစုမွာ ျမန္မာႏိုင္ငံမွ တင္သြင္းဟုဆို

ထုိင္းႏိုင္ငံတြင္ မူးယစ္ေဆးဖမ္းဆီးရမိသည့္ပမာဏ ဆယ္ဆေက်ာ္တိုးလာၿပီး အမ်ားစုမွာ ျမန္မာႏိုင္ငံမွ တင္သြင္းဟုဆို
ဖေဖော်ဝါရီ 22, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္ ၂၀၁၈ ခုႏွစ္အတြင္း မူးယစ္ေဆးဖမ္းဆီးရမိသည့္ပမာဏမွာ လြန္ခဲ့သည့္ (၂)ႏွစ္ကထက္  ဆယ္ဆေက်ာ္ တိုးလာျခင္းမွာ အိမ္နီးခ်င္းျမန္မာႏုိင္ငံ၏ မူးယစ္ေဆးထုတ္လုပ္မႈပမာဏတိုးလာမႈကို ျပသေနသည္ဟု ဘန္ေကာက္ပို႔စ္သတင္းတြင္ ေဖၚျပထားသည္။

လက္နက္ကိုင္အဖြဲ႕မ်ားရိွရာ ျမန္မာႏုိင္ငံ ရွမ္းျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္အတြင္းမွ ထုတ္လုပ္သည့္ စိတ္ၾကြေဆးျပားမ်ားကို အာရွ - ပစိတ္ဖိတ္ေဒသ ေတာင္ကိုရီးယားမွ နယူးဇီလန္အထိ ပို႔ေဆာင္ရာတြင္ ထုိင္းႏုိင္ငံမွာ အဓိက သယ္ေဆာင္ရာလမ္းေၾကာင္းျဖစ္ေနသည္ဟု ထုိင္းရဲတပ္ဖြဲ႕က ေျပာၾကားသည္ဟု ဆုိသည္။

ထိုင္းမူးယစ္တုိက္ဖ်က္ေရးအဖြဲ႕က ထုတ္ျပန္ခ်က္အရ ၂၀၁၈ ခုႏွစ္အတြင္း ဖမ္းဆီးရမိသည့္ မူးယစ္ေဆး ပမာဏတြင္ အိုက္စ္ (၁၈.၄)တန္ ပါဝင္ၿပီး ၂၀၁၆ ခုႏွစ္က (၁.၆)တန္ႏွင့္၂၀၁၇ ခုႏွစ္က (၅.၂)တန္သာ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံအတြင္း ၂၀၁၈ ခုႏွစ္တြင္ စိတ္ၾကြေဆးျပားေပါင္း (၅၁၆)မီလီယံအထိရိွလာရာ ၂၀၁၇ ခုႏွစ္ကထက္ ႏွစ္ဆႏွင့္ ၂၀၁၆ ခုႏွစ္ကထက္ ေလးဆခြဲတိုးလာၿပီး ျမန္မာႏိုင္ငံဘက္မွ ထုတ္လုပ္ျခင္းျဖစ္သည္ဟု ဆိုသည္။

စိတ္ၾကြေဆးျပားထုတ္လုပ္မႈမွာ အေရအတြက္တုိးလာၿပီး ေစ်းႏႈန္းေလ်ာ့က်ရာ ထုိင္းႏိုင္ငံအတြင္း ၂၀၁၃ ခုႏွစ္က စိတ္ၾကြေဆးျပား တစ္ျပားတန္ဖိုးမွာ ဘတ္ (၂၀၀)ဝန္းက်င္ျဖစ္ေသာ္လည္း ၂၀၁၇ ခုႏွစ္ေနာက္ဆံုးအခ်က္အလက္မ်ားအရ ေဆးျပားတစ္ျပားလွ်င္ ဘတ္ (၈၀)အထိ ေစ်းေလ်ာ့သြားေၾကာင္း သိရသည္။

မူးယစ္ေဆးထုတ္လုပ္သူမ်ားက မူးယစ္ေဆးေစ်းႏႈန္းေလွ်ာ့ခ်ၿပီး ေဆးစြဲသူတိုးလာကာ ေစ်းကြက္ က်ယ္ျပန္႔လာေစရန္ လုပ္ေဆာင္ျခင္းျဖစ္သည္ဟု သံုးသပ္ထားၾကသည္။

Tachileik News Agency
Ref:ABS-CBN
Photo: Thai Police


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဖမ်းဆီးရမိသည့်ပမာဏမှာ လွန်ခဲ့သည့် (၂)နှစ်ကထက် ဆယ်ဆကျော် တိုးလာခြင်းမှာ အိမ်နီးချင်းမြန်မာနိုင်ငံ၏ မူးယစ်ဆေးထုတ်လုပ်မှုပမာဏတိုးလာမှုကို ပြသနေသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

လက်နက်ကိုင်အဖွဲ့များရှိရာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းမှ ထုတ်လုပ်သည့် စိတ်ကြွဆေးပြားများကို အာရှ - ပစိတ်ဖိတ်ဒေသ တောင်ကိုရီးယားမှ နယူးဇီလန်အထိ ပို့ဆောင်ရာတွင် ထိုင်းနိုင်ငံမှာ အဓိက သယ်ဆောင်ရာလမ်းကြောင်းဖြစ်နေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်ဟု ဆိုသည်။

ထိုင်းမူးယစ်တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေး ပမာဏတွင် အိုက်စ် (၁၈.၄)တန် ပါဝင်ပြီး ၂၀၁၆ ခုနှစ်က (၁.၆)တန်နှင့်၂၀၁၇ ခုနှစ်က (၅.၂)တန်သာ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ၂၀၁၈ ခုနှစ်တွင် စိတ်ကြွဆေးပြားပေါင်း (၅၁၆)မီလီယံအထိရှိလာရာ ၂၀၁၇ ခုနှစ်ကထက် နှစ်ဆနှင့် ၂၀၁၆ ခုနှစ်ကထက် လေးဆခွဲတိုးလာပြီး မြန်မာနိုင်ငံဘက်မှ ထုတ်လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

စိတ်ကြွဆေးပြားထုတ်လုပ်မှုမှာ အရေအတွက်တိုးလာပြီး ဈေးနှုန်းလျော့ကျရာ ထိုင်းနိုင်ငံအတွင်း ၂၀၁၃ ခုနှစ်က စိတ်ကြွဆေးပြား တစ်ပြားတန်ဖိုးမှာ ဘတ် (၂၀၀)ဝန်းကျင်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်နောက်ဆုံးအချက်အလက်များအရ ဆေးပြားတစ်ပြားလျှင် ဘတ် (၈၀)အထိ ဈေးလျော့သွားကြောင်း သိရသည်။

မူးယစ်ဆေးထုတ်လုပ်သူများက မူးယစ်ဆေးဈေးနှုန်းလျှော့ချပြီး ဆေးစွဲသူတိုးလာကာ ဈေးကွက် ကျယ်ပြန့်လာစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်ထားကြသည်။

Tachileik News Agency
Ref:ABS-CBN
Photo: Thai Police

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~