တာခ်ီလိတ္တြင္ လွ်ပ္စစ္ဓာတ္အားေပ်ာက္ဆံုးယူနစ္မ်ားစစ္ေဆးျခင္း အပါအဝင္ လုပ္ငန္း(၃)ခု Allure ကုမၸဏီအဆိုျပဳ

တာခ်ီလိတ္တြင္ လွ်ပ္စစ္ဓာတ္အားေပ်ာက္ဆံုးယူနစ္မ်ားစစ္ေဆးျခင္း အပါအဝင္ လုပ္ငန္း(၃)ခု Allure ကုမၸဏီအဆိုျပဳ
ဖေဖော်ဝါရီ 21, 2019
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏိုင္ငံမွ လွ်ပ္စစ္ဓာတ္အားဝယ္ယူေရးအတြက္ တစ္ယူနစ္လွ်င္ (၁)ဘတ္ႏႈန္းျဖင့္ အက်ိဳးေဆာင္စာခ်ဳပ္ ခ်ဳပ္ဆိုေပးေနသည့္ Allure ကုမၸဏီက CSR လုပ္ငန္းအတြက္ ေပ်ာက္ဆံုးယူနစ္မ်ားစစ္ေဆးျခင္း အပါအဝင္ လုပ္ငန္း(၃)ခုကို ၿမိဳ႕မီးလင္းေရး ေကာ္မတီထံ အဆိုျပဳထားေၾကာင္း သိရသည္။

စီးပြားေရးလုပ္ငန္းကုမၸဏီမ်ား အေနျဖင့္ ေဆာင္ရြက္ရမည့္ Coporate Social Responsibility – CSR လုပ္ငန္းအတြက္ တာခ်ီလိတ္ၿမိဳ႕တြင္ ေပ်ာက္ဆံုးယူနစ္မ်ား ေလွ်ာ့ခ်ႏိုင္ရန္အတြက္ ၿမိဳ႕တြင္း မီးႀကိဳး သြယ္တန္းထားမႈ စနစ္ႏွင့္ မီးႀကိဳးမ်ားကို ထုိင္းအင္ဂ်င္နီယာအဖြဲ႕မ်ားျဖင့္ ပူးေပါင္းစစ္ေဆးျခင္း၊ ေရႊတိဂံုဘုရားတြင္ မီးလံုးလွဴဒါန္းျခင္း၊ စာသင္ေက်ာင္းမ်ားတြင္ မီးေခ်ာင္းမ်ားလွဴဒါန္းျခင္း လုပ္ငန္း(၃)ခုကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၂၀) ရက္ေန႔တြင္ အဆိုျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

“လာတာက Allure ကေနၿပီးေတာ့မွ Thai PEA ေပါ့ေနာ္။ ဘန္ေကာက္မွာရိွတဲ့ ရံုးခ်ဳပ္ေပါ့။ Allure ကေန မီးဝယ္တဲ့အတြက္ တာခ်ီလိတ္ၿမိဳ႕ထဲမွာရိွတဲ့ ဘယ္ေနရာေတြကို ေဒသဖြံ႕ၿဖိဳးဖို႔အတြက္ CSR ေပါ့။ ဒီေရာက္တဲ့ အခါက်ေတာ့ (၃) ခုေပါ့။ တစ္ခုက ဘာလည္းဆိုေတာ့ ေရႊတိဂံုဘုရားႀကီးက ႏိုင္ငံျခားသားေတြ အမ်ားႀကီးလာတဲ့အတြက္ မီးလံုးလိုအပ္ရင္ သူတို႔လွဴခ်င္တယ္။ ေနာက္တစ္ခုက စာသင္ေက်ာင္း ေတြမွာလည္း မီးေခ်ာင္းတို႔ ဘာတို႔ လိုရင္သူတို႔ လွဴခ်င္တယ္ေပါ့။ ေနာက္ဆံုးတစ္ခုကေတာ့ ေပ်ာက္ဆံုး ယူနစ္ မ်ားေနတယ္လို႔ သိရတယ္။ ေပ်ာက္ဆံုးယူနစ္ ဘာေၾကာင့္မ်ားလဲဆိုတာ သြယ္တန္း ထားတဲ့ လွ်ပ္စစ္ႀကိဳးေတြ သူတို႔လိုက္ၿပီး စစ္ေဆးေပးခ်င္တယ္။ သူတို႔က ေရွ႕ေျပးအဖြဲ႕ေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ (၂၀) ရက္ေန႔က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီအေနျဖင့္ ေပ်ာက္ဆံုးယူနစ္မ်ားႏွင့္ ပတ္သက္၍ စီမံ ေဆာင္ရြက္ေနမႈမ်ားကို လွ်ပ္စစ္ဝန္ႀကီးဌာနရံုးသို႔ တင္ျပရမည္ျဖစ္သျဖင့္ လက္ရိွအဆင့္(၃)ဆင့္ျဖင့္ ေဆာင္ရြက္ေနမႈ အျပင္ Allure ကုမၸဏီက တင္ျပသည့္ ထုိင္းႏုိင္ငံႏွင့္ပူးေပါင္းစစ္ေဆးေရးကို လက္ခံမည္ျဖစ္ေၾကာင္း သိရသည္။

Allure ကုမၸဏီ၏ တင္ျပခ်က္မ်ားအနက္ ေရႊတိဂံုေစတီေတာ္တြင္ မီးတိုင္ထပ္မံစိုက္ထူလွဴဒါန္းပါက ရင္ျပင္တြင္ ရႈပ္ေထြးမႈျဖစ္ေပၚေစမည္ျဖစ္၍ လုပ္ေဆာင္မည္ မဟုတ္ဘဲ စာသင္ေက်ာင္းမ်ားတြင္ လွဴဒါန္းရန္ကို စာေမးပြဲၿပီးဆံုးမည့္ မတ္လ (၁၅) ရက္ေန႔ေနာက္ပိုင္းမွ ျပန္လည္ဆက္သြယ္ရန္ အေၾကာင္းျပန္ထားေၾကာင္း သိရသည္။

ၿမိဳ႕မီးလင္းေရးေကာ္မတီအေနျဖင့္ တာခ်ီလိတ္ၿမိဳ႕ လမ္းမီးလင္းေရးေဆာင္ရြက္ေနရာ မီးေခ်ာင္း (၂၀၀) ကို ေတာင္းခံထားရာ Allure အေနျဖင့္ ဘန္ေကာက္ရိွ PAE ရံုးခ်ဳပ္အစည္းအေ၀းျပဳလုပ္မည့္ ေဖေဖာ္၀ါရီလ
 (၂၂) ရက္ေန႔တြင္ ျပန္လည္တင္ျပေပးၿပီး တစ္ပတ္အၾကာတြင္ အေၾကာင္းျပန္မည္ျဖစ္ေၾကာင္း သိရသည္

သတင္း - ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေးအတွက် တစ်ယူနစ်လျှင် (၁)ဘတ်နှုန်းဖြင့် အကျိုးဆောင်စာချုပ် ချုပ်ဆိုပေးနေသည့် Allure ကုမ္ပဏီက CSR လုပ်ငန်းအတွက် ပျောက်ဆုံးယူနစ်များစစ်ဆေးခြင်း အပါအဝင် လုပ်ငန်း(၃)ခုကို မြို့မီးလင်းရေး ကော်မတီထံ အဆိုပြုထားကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းကုမ္ပဏီများ အနဖြေင့် ဆောင်ရွက်ရမည့် Coporate Social Responsibility – CSR လုပ်ငန်းအတွက် တာချီလိတ်မြို့တွင် ပျောက်ဆုံးယူနစ်များ လျှော့ချနိုင်ရန်အတွက် မြို့တွင်း မီးကြိုး သွယ်တန်းထားမှု စနစ်နှင့် မီးကြိုးများကို ထိုင်းအင်ဂျင်နီယာအဖွဲ့များဖြင့် ပူးပေါင်းစစ်ဆေးခြင်း၊ ရွှေတိဂုံဘုရားတွင် မီးလုံးလှူဒါန်းခြင်း၊ စာသင်ကျောင်းများတွင် မီးချောင်းများလှူဒါန်းခြင်း လုပ်ငန်း(၃)ခုကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် အဆိုပြုထားခြင်းဖြစ်ကြောင်း သိရသည်။

“လာတာက Allure ကနပြေီးတော့မှ Thai PEA ပေါ့နော်။ ဘန်ကောက်မှာရှိတဲ့ ရုံးချုပ်ပေါ့။ Allure ကနေ မီးဝယ်တဲ့အတွက် တာချီလိတ်မြို့ထဲမှာရှိတဲ့ ဘယ်နေရာတွေကို ဒေသဖွံ့ဖြိုးဖို့အတွက် CSR ပေါ့။ ဒီရောက်တဲ့ အခါကျတော့ (၃) ခုပေါ့။ တစ်ခုက ဘာလည်းဆိုတော့ ရွှေတိဂုံဘုရားကြီးက နိုင်ငံခြားသားတွေ အများကြီးလာတဲ့အတွက် မီးလုံးလိုအပ်ရင် သူတို့လှူချင်တယ်။ နောက်တစ်ခုက စာသင်ကျောင်း တွေမှာလည်း မီးချောင်းတို့ ဘာတို့ လိုရင်သူတို့ လှူချင်တယ်ပေါ့။ နောက်ဆုံးတစ်ခုကတော့ ပျောက်ဆုံး ယူနစ် များနေတယ်လို့ သိရတယ်။ ပျောက်ဆုံးယူနစ် ဘာကြောင့်များလဲဆိုတာ သွယ်တန်း ထားတဲ့ လျှပ်စစ်ကြိုးတွေ သူတို့လိုက်ပြီး စစ်ဆေးပေးချင်တယ်။ သူတို့က ရှေ့ပြေးအဖွဲ့ပေါ့”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ပြောသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီအနဖြေင့် ပျောက်ဆုံးယူနစ်များနှင့် ပတ်သက်၍ စီမံ ဆောင်ရွက်နေမှုများကို လျှပ်စစ်ဝန်ကြီးဌာနရုံးသို့ တင်ပြရမည်ဖြစ်သဖြင့် လက်ရှိအဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်နေမှု အပြင် Allure ကုမ္ပဏီက တင်ပြသည့် ထိုင်းနိုင်ငံနှင့်ပူးပေါင်းစစ်ဆေးရေးကို လက်ခံမည်ဖြစ်ကြောင်း သိရသည်။

Allure ကုမ္ပဏီ၏ တင်ပြချက်များအနက် ရွှေတိဂုံစေတီတော်တွင် မီးတိုင်ထပ်မံစိုက်ထူလှူဒါန်းပါက ရင်ပြင်တွင် ရှုပ်ထွေးမှုဖြစ်ပေါ်စေမည်ဖြစ်၍ လုပ်ဆောင်မည် မဟုတ်ဘဲ စာသင်ကျောင်းများတွင် လှူဒါန်းရန်ကို စာမေးပွဲပြီးဆုံးမည့် မတ်လ (၁၅) ရက်နေ့နောက်ပိုင်းမှ ပြန်လည်ဆက်သွယ်ရန် အကြောင်းပြန်ထားကြောင်း သိရသည်။

မြို့မီးလင်းရေးကော်မတီအနဖြေင့် တာချီလိတ်မြို့ လမ်းမီးလင်းရေးဆောင်ရွက်နေရာ မီးချောင်း (၂၀၀) ကို တောင်းခံထားရာ Allure အနဖြေင့် ဘန်ကောက်ရှိ PAE ရုံးချုပ်အစည်းအေဝးပြုလုပ်မည့် ဖေဖော်ဝါရီလ
 (၂၂) ရက်နေ့တွင် ပြန်လည်တင်ပြပေးပြီး တစ်ပတ်အကြာတွင် အကြောင်းပြန်မည်ဖြစ်ကြောင်း သိရသည်

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~