ခ်စ္သူမ်ားေန႔ နီးေန၍ တာခ်ီလိတ္တြင္ ျမန္မာႏွင္းဆီပန္းထက္ ထိုင္းႏွင္းဆီပန္းမ်ား ေစ်းႏႈန္းျမႇင့္တက္

ခ်စ္သူမ်ားေန႔ နီးေန၍ တာခ်ီလိတ္တြင္ ျမန္မာႏွင္းဆီပန္းထက္ ထိုင္းႏွင္းဆီပန္းမ်ား ေစ်းႏႈန္းျမႇင့္တက္
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency

ေဖေဖာ္၀ါရီလ(၁၄)ရက္ေန႔တြင္ က်ေရာက္မည့္ ခ်စ္သူမ်ားေန႔(Valentine's Day)ႏွင့္ နီးကပ္ေန၍  ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္တြင္ ျမန္မာႏွင္းဆီပန္းမ်ားထက္ ထိုင္းဘက္မွ လာသည့္ ႏွင္းဆီပန္းမ်ားမွာ မူလေစ်းထက္ တစ္စနီးပါး ျမႇင့္တက္လာေၾကာင္း ပန္းအလွဆင္လုပ္ငန္းမ်ားထံက သိရသည္။

တာခ်ီလိတ္တြင္ ထိုင္းႏုိင္ငံဘက္မွ လာသည့္ ႏွင္းဆီပန္းမ်ားကို ေစ်းအျမင့္ဆံုးအျဖစ္ ပံုမွန္၌ A အဆင့္အား (၁၀)ဘတ္ အျဖစ္ ေရာင္းခ်ေနရာမွ (၁၈)ဘတ္ျဖင့္ လည္းေကာင္း၊ B အဆင့္အား (၉)ဘတ္ မွ (၁၇)ဘတ္အထိ လည္းေကာင္း၊ C အဆင့္အား (၈)ဘတ္မွ (၁၆)ဘတ္အထိ လည္းေကာင္း ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၀)ရက္ေန႔က စတင္၍ ေရာင္းခ်ေနေၾကာင္းႏွင့္ ယခုလို ေစ်းျမႇင့္တက္မႈ အေၾကာင္းအရင္းသည္ ထိုင္းဘက္မွ ေစ်းျမႇင့္တင္ေရာင္းခ်ေပး၍ တာခ်ီလိတ္တြင္ ေစ်းျမႇင့္တက္လာျခင္း ျဖစ္ေၾကာင္း သိရသည္။

"ထိုင္းကေန စၿပီး ေစ်းတက္တယ္၊ ဒီဘက္က ေစ်းတက္တာမဟုတ္ဘူး၊ ဒီအခ်ိန္ဆိုရင္ သူတို႔က ပန္းေတြ ခူးထားၿပီး အေအးခန္းမွာ ထားၿပီး သိုေလွာင္ထားၾကၿပီ၊ ခ်စ္သူမ်ားေန႔ ေရာက္ၿပီဆိုရင္ မရေတာ့ဘူး၊ လံုး၀ ရွာ၀ယ္လို႔ကို မရေတာ့တာ၊"ဟု တာခ်ီလိတ္တြင္ ပန္းအလွဆင္လုပ္ငန္း လုပ္ကိုင္သူ အမ်ဳိးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းဘက္မွ လာသည့္ ႏွင္းဆီပန္းမ်ားအား အဆင့္သတ္မွတ္ထားျခင္းမွာ အပြင့္အရြယ္အစားေပၚမူတည္၍ သတ္မွတ္ေၾကာင္းႏွင့္ တာခ်ီလိတ္တြင္ ျမန္မာျပည္တြင္းမွ လာသည့္ ႏွင္းဆီပန္းထက္ ထိုင္းႏုိင္ငံက လာသည့္ ႏွင္းဆီပန္းမ်ားကို အသံုးမ်ားရျခင္းမွာ အပြင့္လွ၍ ျဖစ္ေၾကာင္း သိရသည္။

"အမ်ားကေတာ့ ထိုင္းကလာတဲ့ ႏွင္းဆီပန္းကို ပိုသံုးတယ္၊ ျမန္မာဘက္က လာတဲ့ ပန္းကို သိပ္မသံုးၾကဘူး၊ ဘာလို႔လဲဆိုေတာ့ ထိုင္းႏွင္းဆီပန္းက အပြင့္ႀကီးလို႔၊ ပန္းအလွဆင္တာ၊ ပန္းေဖာ္တာဆို ထိုင္းပန္းက အပြင့္ႀကီးေတာ့  ပိုလွတယ္"ဟု ၎က  ဆက္ေျပာသည္။

ျပည္တြင္းမွ လာသည့္ ႏွင္းဆီပန္းမ်ားမွာ တစ္ပြင့္လွ်င္ ထိုင္းဘတ္ေငြ (၅)ဘတ္ မွ (၇)ဘတ္အထိ ရွိေသာ္လည္း ထိုင္းႏွင္းဆီပန္းမ်ားမွာ ျမန္မာႏွင္းဆီပန္းထက္ ေစ်းျမင့္ေနျခင္းျဖစ္ေၾကာင္းႏွင့္ ႏွစ္စဥ္ ခ်စ္သူမ်ားေန႔ ကာလမ်ားတြင္ ယခုလို ေစ်းႏႈန္းျမင့္တက္ေလ့ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ကျရောက်မည့် ချစ်သူများနေ့(Valentine's Day)နှင့် နီးကပ်နေ၍ မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်တွင် မြန်မာနှင်းဆီပန်းများထက် ထိုင်းဘက်မှ လာသည့် နှင်းဆီပန်းများမှာ မူလဈေးထက် တစ်စနီးပါး မြှင့်တက်လာကြောင်း ပန်းအလှဆင်လုပ်ငန်းများထံက သိရသည်။

တာချီလိတ်တွင် ထိုင်းနိုင်ငံဘက်မှ လာသည့် နှင်းဆီပန်းများကို ဈေးအမြင့်ဆုံးအဖြစ် ပုံမှန်၌ A အဆင့်အား (၁၀)ဘတ် အဖြစ် ရောင်းချနေရာမှ (၁၈)ဘတ်ဖြင့် လည်းကောင်း၊ B အဆင့်အား (၉)ဘတ် မှ (၁၇)ဘတ်အထိ လည်းကောင်း၊ C အဆင့်အား (၈)ဘတ်မှ (၁၆)ဘတ်အထိ လည်းကောင်း ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က စတင်၍ ရောင်းချနေကြောင်းနှင့် ယခုလို ဈေးမြှင့်တက်မှု အကြောင်းအရင်းသည် ထိုင်းဘက်မှ ဈေးမြှင့်တင်ရောင်းချပေး၍ တာချီလိတ်တွင် ဈေးမြှင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

"ထိုင်းကနေ စပြီး ဈေးတက်တယ်၊ ဒီဘက်က ဈေးတက်တာမဟုတ်ဘူး၊ ဒီအချိန်ဆိုရင် သူတို့က ပန်းတွေ ခူးထားပြီး အအေးခန်းမှာ ထားပြီး သိုလှောင်ထားကြပြီ၊ ချစ်သူများနေ့ ရောက်ပြီဆိုရင် မရတော့ဘူး၊ လုံးဝ ရှာဝယ်လို့ကို မရတော့တာ၊"ဟု တာချီလိတ်တွင် ပန်းအလှဆင်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းဘက်မှ လာသည့် နှင်းဆီပန်းများအား အဆင့်သတ်မှတ်ထားခြင်းမှာ အပွင့်အရွယ်အစားပေါ်မူတည်၍ သတ်မှတ်ကြောင်းနှင့် တာချီလိတ်တွင် မြန်မာပြည်တွင်းမှ လာသည့် နှင်းဆီပန်းထက် ထိုင်းနိုင်ငံက လာသည့် နှင်းဆီပန်းများကို အသုံးများရခြင်းမှာ အပွင့်လှ၍ ဖြစ်ကြောင်း သိရသည်။

"အများကတော့ ထိုင်းကလာတဲ့ နှင်းဆီပန်းကို ပိုသုံးတယ်၊ မြန်မာဘက်က လာတဲ့ ပန်းကို သိပ်မသုံးကြဘူး၊ ဘာလို့လဲဆိုတော့ ထိုင်းနှင်းဆီပန်းက အပွင့်ကြီးလို့၊ ပန်းအလှဆင်တာ၊ ပန်းဖော်တာဆို ထိုင်းပန်းက အပွင့်ကြီးတော့ ပိုလှတယ်"ဟု၎င်းက ဆက်ပြောသည်။

ပြည်တွင်းမှ လာသည့် နှင်းဆီပန်းများမှာ တစ်ပွင့်လျှင် ထိုင်းဘတ်ငွေ (၅)ဘတ် မှ (၇)ဘတ်အထိ ရှိသော်လည်း ထိုင်းနှင်းဆီပန်းများမှာ မြန်မာနှင်းဆီပန်းထက် ဈေးမြင့်နခြေင်းဖြစ်ကြောင်းနှင့် နှစ်စဉ် ချစ်သူများနေ့ ကာလများတွင် ယခုလို ဈေးနှုန်းမြင့်တက်လေ့ရှိကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~