တာချီလိတ်တွင် အိမ်လုံးချင်းငှားရမ်းနေထိုင်ကာ အွန်လိုင်းဖြင့်လောင်းကစားပြုလုပ်သူ ထိုင်းလူငယ်(၆)ဦးကို လ၀ကဥပဒေဖြင့် ဆက်လက်အရေးယူ

တာချီလိတ်တွင် အိမ်လုံးချင်းငှားရမ်းနေထိုင်ကာ အွန်လိုင်းဖြင့်လောင်းကစားပြုလုပ်သူ ထိုင်းလူငယ်(၆)ဦးကို လ၀ကဥပဒေဖြင့် ဆက်လက်အရေးယူ
ဖေဖော်ဝါရီ 12, 2019
By Tachileik News Agency

တာချီလိတ်မြို့တွင် အိမ်လုံးချင်းငှားနေကာ အွန်လိုင်းမှ တဆင့် ကွန်ပျူတာများဖြင့် လောင်းကစား ပြုလုပ်သည့် ထိုင်းလူငယ်(၆)ဦးအား လောင်းကစား ဥပဒေဖြင့် အရေးယူပြီးနောက် ဗီဇာစည်းကမ်း ချိုးဖောက်မှုဖြင့် လ၀ကဥပဒေဖြင့် ဆက်လက်အမှုဖွင့်လိုက်ပြီး အိမ်ငှားပေးသူကိုလည်း အမှုဖွင့် အရေးယူလိုက်ကြောင်း သိရသည်။

လောင်းကစားဥပဒေဖြင့် အမှုဖွင့်လှစ်ထားသည့် ထိုင်းနိုင်ငံသား အသက်(၂၅)နှစ်ရှိ တွီ၊ အသက်(၂၅)နှစ်ရှိ  တီရဆစ်၊ အသက်(၂၁)နှစ်ရှိ နရအစ်၊ အသက်(၂၁)နှစ်ရှိ ပိစ်ပန်မ်၊ အသက်(၂၁)နှစ်ရှိ ချီရ၀ပ် နှင့် ထိုင်းနိုင်ငံသူ အသက်(၂၁)နှစ်ရှိ အွန်နွန် အပါအ၀င် နေအိမ်လုံးချင်းလိုက် တာဝန်ခံကာ ငှားရမ်းပေးသူ ဦးအိုက်ဖတ် ဆိုသူတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇၂/၂၀၁၉၊ ၁၉၄၇ခုနှစ် လ၀ကအက် ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)တို့ဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ထိုင်းလူငယ်(၆)ဦးသည် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားမှ တဆင့် တရားဝင် လက်မှတ်ဖြင့် လာရောက်သူများဖြစ်ကြသော်လည်း တာချီလိတ်တွင် တရားမ၀င် အွန်လိုင်း လောင်းကစားဂိမ်း လုပ်ငန်းများကို လုပ်ကိုင်သည်မှာ ဗီဇာစည်းကမ်းချိုးဖောက်ခြင်းကြောင့် လ၀က ဥပဒေဖြင့် အမှုဖွင့်အရေးယူခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။



လ၀ကအက်ဥပဒေဖြင့် အမှုမဖွင့်မီက ၎င်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က (ပ) ၇၁/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်လှစ်လိုက်ပြီးနောက် လ၀ကဖြင့် ဆက်လက်၍ စစ်ဆေးပြီးနောက် ည(၉)နာရီခွဲဝန်းကျင်တွင် လ၀ကအက်ဥပဒေဖြင့် အမှုထပ်မံဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~


တာချီလိတ်မြို့တွင် အိမ်လုံးချင်းငှါးနေကာ အွန်လိုင်းမှ တဆင့် ကွန်ပျူတာများဖြင့် လောင်းကစား ပြုလုပ်သည့် ထိုင်းလူငယ်(၆)ဦးအား လောင်းကစား ဥပဒဖြေင့် အရေးယူပြီးနောက် ဗီဇာစည်းကမ်း ချိုးဖောက်မှုဖြင့် လဝကဥပဒဖြေင့် ဆက်လက်အမှုဖွင့်လိုက်ပြီး အိမ်ငှါးပေးသူကိုလည်း အမှုဖွင့် အရေးယူလိုက်ကြောင်း သိရသည်။

လောင်းကစားဥပဒဖြေင့် အမှုဖွင့်လှစ်ထားသည့် ထိုင်းနိုင်ငံသား အသက်(၂၅)နှစ်ရှိ တွီ၊ အသက်(၂၅)နှစ်ရှိ တီရဆစ်၊ အသက်(၂၁)နှစ်ရှိ နရအစ်၊ အသက်(၂၁)နှစ်ရှိ ပိစ်ပန်မ်၊ အသက်(၂၁)နှစ်ရှိ ချီရဝပ် နှင့် ထိုင်းနိုင်ငံသူ အသက်(၂၁)နှစ်ရှိ အွန်နွန် အပါအဝင် နေအိမ်လုံးချင်းလိုက် တာဝန်ခံကာ ငှါးရမ်းပေးသူ ဦးအိုက်ဖတ် ဆိုသူတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇၂/၂၀၁၉၊ ၁၉၄၇ခုနှစ် လဝကအက် ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)တို့ဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ထိုင်းလူငယ်(၆)ဦးသည် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားမှ တဆင့် တရားဝင် လက်မှတ်ဖြင့် လာရောက်သူများဖြစ်ကြသော်လည်း တာချီလိတ်တွင် တရားမဝင် အွန်လိုင်း လောင်းကစားဂိမ်း လုပ်ငန်းများကို လုပ်ကိုင်သည်မှာ ဗီဇာစည်းကမ်းချိုးဖောက်ခြင်းကြောင့် လဝက ဥပဒဖြေင့် အမှုဖွင့်အရေးယူခြင်း ဖြစ်ကြောင်းနှင့်၎င်းတို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၌ ထိုင်းနိုင်ငံသားများ တရားမဝင် လောင်းကစား အွန်လိုင်း ဂိမ်းများ ပြုလုပ်နေကြောင်း သတင်းအရ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး၊ တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် နှင့် တပ်ဖွဲ့ဝင်များ၊ ရဲအုပ်ကိုကိုဦး နှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များ၊ ပြည်နယ်(မှု/ကူ)ရဲတပ်ဖွဲ့မှ တပ်ကြပ် ထွန်းဝင်းဇော်၊ ခရိုင်(မှု/ကူ)ရဲတပ်ဖွဲ့မှ ရဲအုပ်မြင့်နိုင် နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းစိုင်းနှင့် အဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များမှ သတင်းရ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာ ကွန်ပျူတာများဖြင့် အွန်လိုင်းဂိမ်းလောင်းကစား ပြုလုပ်နေသည့် ထိုင်းနိုင်ငံသား(၅)ဦး နှင့် ထိုင်းနိုင်ငံသူ(၁)ဦး စုစုပေါင်း (၆)ဦးတို့အား သက်သေခံ ကွန်ပျူတာပစ္စည်းများဖြင့် တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ကွန်ပျူတာများဖြင့် အွန်လိုင်းဂိမ်းပြုလုပ်နေသည့်၎င်းတို့ (၆)ဦးနှင့်အတူ အွန်လိုင်းဂိမ်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများဖြစ်ပြီး အမျိုးအစားအစုံအလင်ပါရှိသည့် မော်နီတာ(၁၁)လုံး၊ Mother Box (၇)လုံး၊ UPS (၈)လုံး၊ ကီးဘုတ်(၇)လုံး၊ Mouse(၇)ခု၊ မီးပလပ်ပေါက်ခုံ (၄)ခု၊ Wifi ဖမ်း/လွှင့်သည့် စက်(၁)လုံး နှင့် ခေါက်စားပွဲခုံ (၅)လုံး အပြင် အွန်လိုင်းဂိမ်းကစားရာတွင် အသုံးပြုသည့် အမျိုးအစား စုံလင်သည့် လက်ကိုင်ဖုန်း (၉)လုံး တို့အား သက်သေခံပစ္စည်းများအဖြင့် တွေ့ရှိသိမ်းဆည်း ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

လဝကအက်ဥပဒဖြေင့် အမှုမဖွင့်မီက၎င်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က (ပ) ၇၁/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်လှစ်လိုက်ပြီးနောက် လဝကဖြင့် ဆက်လက်၍ စစ်ဆေးပြီးနောက် ည(၉)နာရီခွဲဝန်းကျင်တွင် လဝကအက်ဥပဒဖြေင့် အမှုထပ်မံဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~