ထုိင္းဘုရင့္ အစ္မေတာ္ႏွင့္ လက္ရိွ ဝန္ႀကီးခ်ဳပ္တုိ႔ လာမည့္ ေရြးေကာက္ပြဲတြင္ ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္

ထုိင္းဘုရင့္ အစ္မေတာ္ႏွင့္ လက္ရိွ ဝန္ႀကီးခ်ဳပ္တုိ႔ လာမည့္ ေရြးေကာက္ပြဲတြင္ ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္
ဖေဖော်ဝါရီ 8, 2019
By Tachileik News Agency

ထုိင္းႏိုင္ငံေရြးေကာက္ပြဲတြင္ ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ထုိင္းဘုရင္၏ အစ္မေတာ္  အူေဘာရီတာနာ မဟိေဒါ   ႏွင့္ လက္ရိွဝန္ႀကီးခ်ဳပ္ ပရာယြတ္ေခ်ာင္အိုခ်ာတုိ႔က ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၈)ရက္ေန႔တြင္ အတည္ျပဳလုိက္ေၾကာင္း သိရသည္။

ထုိင္းနုိင္ငံေရးသမုိင္းတြင္ ေတာ္ဝင္မိသားစုမွ ပထမဆံုး ဝင္ေရာက္မႈအျဖစ္ ဘုရင့္အစ္မေတာ္ အူေဘာရီတာနာ မဟိေဒါ က ထုိင္းရာဆက္ခ်က္ပါတီ(TRC)မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ပရာယြတ္ေခ်ာင္အိုခ်ာက PPP ပါတီမွ ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ျဖစ္သည္။

"မင္းသမီးက အတည္ျပဳလုိက္ပါၿပီ။ အားလံုးက ဖြဲ႕စည္းပံုနဲ႔ ဥပေဒနဲ႔အညီျဖစ္ပါတယ္။ ထုိင္းႏုိင္ငံသားေတြ ဆံုးျဖတ္ဖို႔ပဲ လုိပါတယ္"ဟု TRC ပါတီေခါင္းေဆာင္က ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၈)ရက္ေန႔ နံနက္ပိုင္း သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

ဘုရင္ဗက္ခ်ီယာေလာင္ကြန္း၏ အစ္မေတာ္ျဖစ္သည့္ အသက္(၆၇)ႏွစ္ရွိ အူေဘာရီတာနာ မဟိေဒါ သည္ ဘုရင္ဘူမိေဘာ၏ အႀကီးဆံုး သမီးေတာ္ျဖစ္ၿပီး ၁၉၇၂ ခုႏွစ္တြင္ ေတာ္ဝင္မင္းသမီးဘဝမွေန၍ ပီတာလက္ဂ်န္ဆန္ႏွင့္ လက္ထပ္ကာ အေမရိကန္ျပည္ေထာင္စု၌ ၁၉၉၈ ခုနွစ္ ခင္ပြန္းႏွင့္ မကြဲခင္အထိ ေနထိုင္ခဲ့သူျဖစ္သည္။

ယင္းေနာက္ ၂၀၀၁ ခုႏွစ္တြင္ ထုိင္းႏုိင္ငံသို႔ ျပန္လာၿပီး ေတာ္ဝင္မိသားစုျဖင့္ ျပန္လည္ ေနထုိင္ခဲ့ျခင္း ျဖစ္သည္။

ထုိင္းႏုိင္ငံ ဒီမိုကေရစီစနစ္သို႔ စတင္ေျပာင္းလဲလာသည့္ ၁၉၃၂ ခုႏွစ္မွစ၍ ယခုကဲ့သို႔ ထုိင္းေတာ္ဝင္ မိသားစုမွ ႏုိင္ငံေရးတြင္း ပါဝင္လာမႈမွာ ပထမဆံုးအႀကိမ္ျဖစ္သည္။

ဘုရင့္အစ္မေတာ္က ဝန္ႀကီးခ်ဳပ္အျဖစ္ ဝင္ၿပိဳင္မည္ျဖစ္ေၾကာင္း TRC ပါတီက ထုတ္ျပန္လုိက္ၿပီးေနာက္ ပရာယြတ္ေခ်ာင္အိုခ်ာကလည္း PPP ပါတီမွေန၍ ဝန္ႀကီးခ်ဳပ္ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္လာျခင္းျဖစ္သည္။

ဘုရင့္အစ္မေတာ္သည္ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ႏွင့္ ယင္လတ္တို႔ႏွင့္အတူ ရုရွားႏုိင္ငံတြင္ က်င္းပသည့္ ကမၻာ့ဖလားပြဲတြင္ ရင္းရင္းႏွီးႏွီးေတြ႕ခဲ့ရေၾကာင္း သိရသည္။

Tachileik News Agency
Ref: Parachatai


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ထိုင်းဘုရင်၏ အစ်မတော် အူဘောရီတာနာ မဟိဒေါ နှင့် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာတို့က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရေးသမိုင်းတွင် တော်ဝင်မိသားစုမှ ပထမဆုံး ဝင်ရောက်မှုအဖြစ် ဘုရင့်အစ်မတော် အူဘောရီတာနာ မဟိဒေါ က ထိုင်းရာဆက်ချက်ပါတီ(TRC)မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပရာယွတ်ချောင်အိုချာက PPP ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

"မင်းသမီးက အတည်ပြုလိုက်ပါပြီ။ အားလုံးက ဖွဲ့စည်းပုံနဲ့ ဥပဒေနဲ့အညီဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေ ဆုံးဖြတ်ဖို့ပဲ လိုပါတယ်"ဟု TRC ပါတီခေါင်းဆောင်က ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဘုရင်ဗက်ချီယာလောင်ကွန်း၏ အစ်မတော်ဖြစ်သည့် အသက်(၆၇)နှစ်ရှိ အူဘောရီတာနာ မဟိဒေါ သည် ဘုရင်ဘူမိဘော၏ အကြီးဆုံး သမီးတော်ဖြစ်ပြီး ၁၉၇၂ ခုနှစ်တွင် တော်ဝင်မင်းသမီးဘဝမှနေ၍ ပီတာလက်ဂျန်ဆန်နှင့် လက်ထပ်ကာ အမေရိကန်ပြည်ထောင်စု၌ ၁၉၉၈ ခုနှစ် ခင်ပွန်းနှင့် မကွဲခင်အထိ နေထိုင်ခဲ့သူဖြစ်သည်။

ယင်းနောက် ၂၀၀၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လာပြီး တော်ဝင်မိသားစုဖြင့် ပြန်လည် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဒီမိုကရေစီစနစ်သို့ စတင်ပြောင်းလဲလာသည့် ၁၉၃၂ ခုနှစ်မှစ၍ ယခုကဲ့သို့ ထိုင်းတော်ဝင် မိသားစုမှ နိုင်ငံရေးတွင်း ပါဝင်လာမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဘုရင့်အစ်မတော်က ဝန်ကြီးချုပ်အဖြစ် ဝင်ပြိုင်မည်ဖြစ်ကြောင်း TRC ပါတီက ထုတ်ပြန်လိုက်ပြီးနောက် ပရာယွတ်ချောင်အိုချာကလည်း PPP ပါတီမှနေ၍ ဝန်ကြီးချုပ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

ဘုရင့်အစ်မတော်သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ယင်လတ်တို့နှင့်အတူ ရုရှားနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖလားပွဲတွင် ရင်းရင်းနှီးနှီးတွေ့ခဲ့ရကြောင်း သိရသည်။

Tachileik News Agency
Ref: Parachatai

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~