တာခ်ီလိတ္တြင္ ပူးေပါင္းအဖြဲ႔ျဖင့္ ေန႔ပိုင္း ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ရာက ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚတြင္ ထိုင္းႏိုင္ငံသားတစ္ဦးအား လက္နက္ႏွင့္အတူ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ပူးေပါင္းအဖြဲ႔ျဖင့္ ေန႔ပိုင္း ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ရာက ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚတြင္ ထိုင္းႏိုင္ငံသားတစ္ဦးအား လက္နက္ႏွင့္အတူ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အပိုင္း ေန၀န္းနီစက္သံုးဆီအေရာင္းဆိုင္အနီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းမေပၚတြင္ ေန႔ပိုင္း ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ား ေရွာင္တခင္ ျပဳလုပ္စဥ္ ထိုင္းႏိုင္ငံသားတစ္ဦးထံက
လက္နက္ႏွင့္အတူ မူးယစ္ေဆး၀ါး အနည္းငယ္တို႔က ရွာေဖြေတြ႔ရွိရ၍ အမႈဖြင့္အေရးယူ စစ္ေဆးေနေၾကာင္း သိရသည္။

ေန၀န္းနီစက္သံုးဆီအေရာင္းဆိုင္အနီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚတြင္ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ ႏွင့္ ၿမိဳ႕မရဲစခန္းမွ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား၊ အမွတ္(၁၁၉) ယာဥ္ထိန္း ရဲတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ
ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ား အပါအ၀င္ ၀ိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ အဖြဲ႔၀င္မ်ားအျပင္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔မ်ားျဖင့္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၁)ရက္ေန႔ ညေနပိုင္းက ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ ၿမိဳ႕တြင္းဘက္မွ အာခါေစ်းဘက္သို႔ ေမာင္းလာသည့္ ဆိုင္ကယ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာက ဆိုင္ကယ္ေမာင္းလာသူမွာ ထိုင္းႏုိင္ငံသားျဖစ္ေနၿပီး ၎အား ဆက္လက္ စစ္ေဆးရွာေဖြရာမွ က်ည္ဆံမ်ားႏွင့္ ေသနတ္အပါအ၀င္ မူးယစ္ေဆး၀ါး အနည္းငယ္တို႔ကို ရွာေဖြေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ၎ထံက က်ည္အိမ္တပ္လွ်က္ ကစၥတိုေသနတ္(၁)လက္၊ က်ည္အိမ္အတြင္းမွ (.38)အမ်ဳိးအစား က်ည္(၇)ေတာင့္ ႏွင့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၂)ျပား ႏွင့္ ice (၀.၇)ဂရမ္၀န္းက်င္အျပင္ ေဘာင္းဘီရွည္ အိတ္ကပ္အတြင္းက .45 Auto စာတန္းပါ က်ည္(၈)ေတာင့္တို႔အား ရွာေဖြေတြ႔ရွိေၾကာင္း သိရသည္။

လက္နက္၊က်ည္ဆံႏွင့္အတူ မူးယစ္ေဆး၀ါး အပါအ၀င္ ေတြ႔ရွိရသည့္ အသက္(၃၂)ႏွစ္၀န္းက်င္ရွိ ထိုင္းႏိုင္ငံသား ဆရရြတ္ဆိုသူသည္ ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္ မယ္ဆိုင္ၿမိဳ႕တြင္ ေနထုိင္သူျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လက္နက္ႏွင့္မူးယစ္ေဆး၀ါး လက္၀ယ္ေတြ႔ရွိရသူ ထိုင္းႏုိင္ငံသား ဆရရြတ္ အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂၄/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၆(၈)/၂၂(ခ)ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားရွိၿပီး ဆက္လက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၏ ဇန္န၀ါရီလ(၂၁)ရက္ေန႔မွ ေဖေဖာ္၀ါရီလ(၈)၇ရက္ေန႔အထိ (၁၈)ရက္အတြင္း ေသနတ္ပစ္မႈ (၃)ႀကိမ္ျဖစ္ပြားခဲ့ရာ ျမန္မာႏိုင္ငံသား လုပ္ငန္းရွင္တစ္ဦး၊ ထုိင္းႏုိင္ငံသား တစ္ဦးတို႔ ေသဆံုးၿပီး တစ္ဦးမွာ ဒဏ္ရာရသြားခဲ့ရာ ေသနတ္ျဖင့္ ပစ္ခတ္မႈက်ဴးလြန္ခဲ့သည့္ ထုိင္းႏုိင္ငံသား တစ္ဦး အပါအဝင္ က်ဴးလြန္သူအားလံုး လြတ္ေျမာက္ေနဆဲျဖစ္၍ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ အရွိန္အဟုန္ တိုးျမႇင့္၍ ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာ ေဖေဖာ္၀ါရီလ(၁၁)ရက္ေန႔အထိ ထိုင္းႏိုင္ငံသား (၇)ဦးကို မူးယစ္ေဆးႏွင့္ လက္နက္မ်ားျဖင့္ ဖမ္းဆီးရရွိမႈမ်ား ရွိခဲ့ၿပီး ဆက္လက္၍လည္း ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~


တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အပိုင်း နေဝန်းနီစက်သုံးဆီအရောင်းဆိုင်အနီး ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် နေ့ပိုင်း ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ရှောင်တခင် ပြုလုပ်စဉ် ထိုင်းနိုင်ငံသားတစ်ဦးထံက
လက်နက်နှင့်အတူ မူးယစ်ဆေးဝါး အနည်းငယ်တို့က ရှာဖွေတွေ့ရှိရ၍ အမှုဖွင့်အရေးယူ စစ်ဆေးနေကြောင်း သိရသည်။

နေဝန်းနီစက်သုံးဆီအရောင်းဆိုင်အနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ပြည်နယ်/ခရိုင်/မြို့နယ် နှင့် မြို့မရဲစခန်းမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အပါအဝင် ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များအပြင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ ညနေပိုင်းက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်စဉ် မြို့တွင်းဘက်မှ အာခါဈေးဘက်သို့ မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာက ဆိုင်ကယ်မောင်းလာသူမှာ ထိုင်းနိုင်ငံသားဖြစ်နပြေီး၎င်းအား ဆက်လက် စစ်ဆေးရှာဖွေရာမှ ကျည်ဆံများနှင့် သေနတ်အပါအဝင် မူးယစ်ဆေးဝါး အနည်းငယ်တို့ကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာတွင်၎င်းထံက ကျည်အိမ်တပ်လျှက် ကစ္စတိုသေနတ်(၁)လက်၊ ကျည်အိမ်အတွင်းမှ (.38)အမျိုးအစား ကျည်(၇)တောင့် နှင့် Wy စာတမ်းပါ စိတ်ကြွဆေးပြား (၂)ပြား နှင့် ice (ဝ.၇)ဂရမ်ဝန်းကျင်အပြင် ဘောင်းဘီရှည် အိတ်ကပ်အတွင်းက .45 Auto စာတန်းပါ ကျည်(၈)တောင့်တို့အား ရှာဖွေတွေ့ရှိကြောင်း သိရသည်။

လက်နက်၊ကျည်ဆံနှင့်အတူ မူးယစ်ဆေးဝါး အပါအဝင် တွေ့ရှိရသည့် အသက်(၃၂)နှစ်ဝန်းကျင်ရှိ ထိုင်းနိုင်ငံသား ဆရရွတ်ဆိုသူသည် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်နက်နှင့်မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိရသူ ထိုင်းနိုင်ငံသား ဆရရွတ် အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၂၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၂(ခ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၏ ဇန်နဝါရီလ(၂၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၈)၇ရက်နေ့အထိ (၁၈)ရက်အတွင်း သေနတ်ပစ်မှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တစ်ဦး၊ ထိုင်းနိုင်ငံသား တစ်ဦးတို့ သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရသွားခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသား တစ်ဦး အပါအဝင် ကျူးလွန်သူအားလုံး လွတ်မြောက်နေဆဲဖြစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန်အဟုန် တိုးမြှင့်၍ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ရာ ဖေဖော်ဝါရီလ(၁၁)ရက်နေ့အထိ ထိုင်းနိုင်ငံသား (၇)ဦးကို မူးယစ်ဆေးနှင့် လက်နက်များဖြင့် ဖမ်းဆီးရရှိမှုများ ရှိခဲ့ပြီး ဆက်လက်၍လည်း ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~