တာခ်ီလိတ္ခရို္င္အတြင္းမွ တိုင္းရင္းသား ေတာင္သူ (၁၄၃)ဦးကို ျပည္တြင္းျပည္ပစိုက္ပ်ိဳးနည္းစနစ္ ေလ့လာေရးခရီး ပို႔ေဆာင္ထားၿပီး ေနာက္ထပ္ လိုက္ပါ ေလ့လာလိုသူမ်ား တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနသို႔ ဆက္သြယ္ႏိုင္

တာခ်ီလိတ္ခရို္င္အတြင္းမွ တိုင္းရင္းသား ေတာင္သူ (၁၄၃)ဦးကို ျပည္တြင္းျပည္ပစိုက္ပ်ိဳးနည္းစနစ္ ေလ့လာေရးခရီး ပို႔ေဆာင္ထားၿပီး ေနာက္ထပ္ လိုက္ပါ ေလ့လာလိုသူမ်ား တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနသို႔ ဆက္သြယ္ႏိုင္
ဖေဖော်ဝါရီ 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္အတြင္းမွ တိုင္းရင္းသား ေတာင္သူ(၁၄၃)ဦးအား ျပည္တြင္း၊ ျပည္ပ စိုက္ပ်ိဳးနည္းစနစ္ ေလ့လာေရးခရီးမ်ားကို ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနက ပို႔ေဆာင္ေပးထားၿပီး ၂၀၁၉ ခုႏွစ္အတြင္း ထပ္မံပို႔ေဆာင္ရန္ရိွသျဖင့္ စိုက္ပ်ိဳးေရးစိတ္ဝင္စားသူမည္သူမဆို ဆက္သြယ္ လုိက္ပါႏုိင္ေၾကာင္း သိရသည္။

“ ဒီႏွစ္အတြင္း ေလ့လာေရးခရီး (၃)ေခါက္ပို႔ေပးထားပါတယ္။ စုစုေပါင္း ေတာင္သူ (၁၄၃) ဦးရွိပါၿပီ။ တစ္ဖြဲ႕ကို ခ်င္းရိုင္းအထိနဲ႔ က်န္ႏွစ္ဖြဲ႕ကိုေတာ့ မယ္ဆုိင္ထိ ပို႔ေပးပါတယ္။ ေနာက္ထပ္ ပို႔ေပးဖို႔လည္း ရိွပါတယ္။ စိုက္ပ်ိဳးေရးကို စိတ္ဝင္စားသူမည္သူမဆို Call Center ကို ဆက္သြယ္ႏုိင္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွဝင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၉ ခုႏွစ္အတြင္း ျပည္တြင္း၊ျပည္ပ စိုက္ပ်ိဳးနည္းစနစ္မ်ားေလ့လာေရးခရီးစဥ္သို႔ တာခ်ီလိတ္ခရိုင္ မုိင္းကိုးေက်းရြာအုပ္စု၊ ေကာ္မလိေက်းရြာမွ ေတာင္သူ (၂၅)ဦး၊ တာေလမွ (၆၄) ဦးႏွင့္ မုိင္းျဖတ္မွ (၅၂)ဦးကို ပို႔ေဆာင္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

စိုက္ပ်ိဳးနည္းစနစ္မ်ား၊ စိုက္ပ်ိဳးေရးဆုိင္ရာ နည္းပညာမ်ားေလ့လာႏိုင္ေရး ခရီးစဥ္မ်ားတြင္ ေတာင္သူမ်ားႏွင့္အတူ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ဝန္ထမ္းမ်ားလည္း အတူလုိက္ပါ ရွင္းလင္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္သူမ်ားအား ေဒသတြင္းရိွ သဘာဝပတ္၀န္းက်င္မပ်က္ စိုက္ပ်ိဳးနည္းစနစ္(Conservation Agricultural:CA)ျဖင့္ စိုက္ပ်ိဳးထားေသာစိုက္ခင္းမ်ား၊ တာခ်ီလိတ္ၿမိဳ႕ရိွ ပါလ်ံဥယ်ာဥ္ၿခံ၊ ျမန္မာ့စုိက္ပ်ိဳးေရး ဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား(Myanmar-GAP) စိုက္ခင္းမ်ားႏွင့္ ထုိင္းႏုိင္ငံတြင္းမွ GAP စိုက္ခင္းမ်ားကို ေလ့လာေစၿပီး စိုက္ပ်ိဳးေရးႏွင့္သက္ဆုိင္သည့္ နည္းပညာမ်ား၊ နည္းစနစ္မ်ားကို စိုက္ပ်ိဳးေရးဦးစီးဌာန၏ သက္ဆုိင္ရာဝန္ထမ္းအသီးသီးက ရွင္းလင္းမွ်ေဝေပးျခင္းမ်ား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စိုက္ပ်ဳိးေရး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းမှ တိုင်းရင်းသား တောင်သူ(၁၄၃)ဦးအား ပြည်တွင်း၊ ပြည်ပ စိုက်ပျိုးနည်းစနစ် လေ့လာရေးခရီးများကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ပို့ဆောင်ပေးထားပြီး ၂၀၁၉ ခုနှစ်အတွင်း ထပ်မံပို့ဆောင်ရန်ရှိသဖြင့် စိုက်ပျိုးရေးစိတ်ဝင်စားသူမည်သူမဆို ဆက်သွယ် လိုက်ပါနိုင်ကြောင်း သိရသည်။

“ ဒီနှစ်အတွင်း လေ့လာရေးခရီး (၃)ခေါက်ပို့ပေးထားပါတယ်။ စုစုပေါင်း တောင်သူ (၁၄၃) ဦးရှိပါပြီ။ တစ်ဖွဲ့ကို ချင်းရိုင်းအထိနဲ့ ကျန်နှစ်ဖွဲ့ကိုတော့ မယ်ဆိုင်ထိ ပို့ပေးပါတယ်။ နောက်ထပ် ပို့ပေးဖို့လည်း ရှိပါတယ်။ စိုက်ပျိုးရေးကို စိတ်ဝင်စားသူမည်သူမဆို Call Center ကို ဆက်သွယ်နိုင်ပါတယ်”ဟု တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း၊ပြည်ပ စိုက်ပျိုးနည်းစနစ်များလေ့လာရေးခရီးစဉ်သို့ တာချီလိတ်ခရိုင် မိုင်းကိုးကျေးရွာအုပ်စု၊ ကော်မလိကျေးရွာမှ တောင်သူ (၂၅)ဦး၊ တာလေမှ (၆၄) ဦးနှင့် မိုင်းဖြတ်မှ (၅၂)ဦးကို ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးနည်းစနစ်များ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများလေ့လာနိုင်ရေး ခရီးစဉ်များတွင် တောင်သူများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများလည်း အတူလိုက်ပါ ရှင်းလင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

တောင်သူများအား ဒေသတွင်းရှိ သဘာဝပတ်ဝန်းကျင်မပျက် စိုက်ပျိုးနည်းစနစ်(Conservation Agricultural:CA)ဖြင့် စိုက်ပျိုးထားသောစိုက်ခင်းများ၊ တာချီလိတ်မြို့ရှိ ပါလျံဥယျာဉ်ခြံ၊ မြန်မာ့စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ(Myanmar-GAP) စိုက်ခင်းများနှင့် ထိုင်းနိုင်ငံတွင်းမှ GAP စိုက်ခင်းများကို လေ့လာစပြေီး စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် နည်းပညာများ၊ နည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာန၏ သက်ဆိုင်ရာဝန်ထမ်းအသီးသီးက ရှင်းလင်းမျှဝေပေးခြင်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုက်ပျိုးရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~