လျှပ်စစ်မီးမရသေးသည့် မကွေးတိုင်း စေတုတ္တရာမြို့နယ်မှ ကျေးရွာ(၁၀)ရွာတွင် အိမ်သုံးဆိုလာစနစ် တပ်ဆင်

လျှပ်စစ်မီးမရသေးသည့် မကွေးတိုင်း စေတုတ္တရာမြို့နယ်မှ ကျေးရွာ(၁၀)ရွာတွင် အိမ်သုံးဆိုလာစနစ် တပ်ဆင်
ဖေဖော်ဝါရီ 21, 2019
By Tachileik News Agency


“တစ်အိမ်သုံး ဆိုလာစနစ်မှာ ကျေးရွာနေပြည်သူက စုစုပေါင်းပစ္စည်းတန်းဖိုးရဲ့ လေးပုံတစ်ပုံလောက်ရှိမယ့် (၆၀)ဝပ်ဆိုလာ အတွက်ဆို ငွေကျပ်(၅)သောင်း၊ (၁၀၀) ဝပ် ဆိုလာအတွက်ဆို ငွေကျပ်(၁)သိန်းခွဲ ထည့်ဝင် ပေးရပါတယ်။ အဲဒီလို ထည့်ဝင်ပေးစေခြင်းရဲ့ အဓိကရည်ရွယ်ချက်က သူတို့အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူထားတဲ့ ပစ္စည်းကဲ့သို့ စနစ်တကျ သုံးစွဲစေချင်လို့ပါ” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ မီးလင်းရေး အတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆိုလာမီးရရှိရေးဆောင်ရွက်ရာတွင် မဟာဓါတ်အားလိုင်းရောက်ရှိသည့်နေရာမှစပြီး (၁၀) မိုင်နှင့် အထက်ဝေးကွာသော ကျေးရွာများကိုသာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရပြီး တစ်အိမ်သုံးဆိုလာ (၆၀) ၀ပ်၊ မူလတန်းကျောင်းတွင် (၁၈၀) ဝပ် ဆိုလာ(၁)ချပ် ၊ အလယ်တန်းကျောင်းတွင် (၁၉၀) ဝပ်ဆိုလာ(၂)ချပ်၊ အထက်တန်းကျောင်းတွင် (၂၄၀) ဝပ်ဆိုလာ(၂)ချပ်၊ ဘာသာရေးအဆောက်အဦတွင် (၁၈၀)ဝပ်ဆိုလာ(၁)ချပ်နှင့် လမ်းမီးတိုင်များတွင် (၇၀) ဝပ်ဆိုလာ (၁)ချပ်နှုန်းဖြင့် တပ်ဆင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်မှ လျှပ်စစ်မီး မရသေးသည့် ကျေးရွာ(၁၀)ရွာရှိ အိမ်ခြေ(၁,ဝ၇၂)အိမ်ကို တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင် ပေးထားပြီးဖြစ်ကြောင်း သိရသည်။

“တစ်အိမ်သုံး ဆိုလာစနစ်မှာ ကျေးရွာနပြေည်သူက စုစုပေါင်းပစ္စည်းတန်းဖိုးရဲ့ လေးပုံတစ်ပုံလောက်ရှိမယ့် (၆၀)ဝပ်ဆိုလာ အတွက်ဆို ငွေကျပ်(၅)သောင်း၊ (၁၀၀) ဝပ် ဆိုလာအတွက်ဆို ငွေကျပ်(၁)သိန်းခွဲ ထည့်ဝင် ပေးရပါတယ်။ အဲဒီလို ထည့်ဝင်ပေးစခြေင်းရဲ့ အဓိကရည်ရွယ်ချက်က သူတို့အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူထားတဲ့ ပစ္စည်းကဲ့သို့ စနစ်တကျ သုံးစွဲစေချင်လို့ပါ” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကျေးရွာများတွင် ဆိုလာမီးတပ်ဆင်ပေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် လုပ်ငန်းပြီးစီးသွားခြင်းဖြစ်ကြောင်း သိရသည်။

အိမ်သုံးဆိုလာများတွင် ကုန်ကျစရိတ်၏ လေးပုံတစ်ပုံထည့်ဝင်စေသော်လည်း အများပိုင် အဆောက်အဦများ၊ လမ်းမီးနှင့် ဘာသာရေးအဆောက်အဦများတွင် အခမဲ့တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ မီးလင်းရေး အတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအဖြစ်ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆိုလာမီးရရှိရေးဆောင်ရွက်ရာတွင် မဟာဓာတ်အားလိုင်းရောက်ရှိသည့်နေရာမှစပြီး (၁၀) မိုင်နှင့် အထက်ဝေးကွာသော ကျေးရွာများကိုသာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရပြီး တစ်အိမ်သုံးဆိုလာ (၆၀) ဝပ်၊ မူလတန်းကျောင်းတွင် (၁၈၀) ဝပ် ဆိုလာ(၁)ချပ်၊ အလယ်တန်းကျောင်းတွင် (၁၉၀) ဝပ်ဆိုလာ(၂)ချပ်၊ အထက်တန်းကျောင်းတွင် (၂၄၀) ဝပ်ဆိုလာ(၂)ချပ်၊ ဘာသာရေးအဆောက်အဦတွင် (၁၈၀)ဝပ်ဆိုလာ(၁)ချပ်နှင့် လမ်းမီးတိုင်များတွင် (၇၀) ဝပ်ဆိုလာ (၁)ချပ်နှုန်းဖြင့် တပ်ဆင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~