ျပည္သူႏွင့္နီးစပ္မႈမရွိသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ကို ျပည္သူႏွင့္နီးနီးစပ္ရွိရန္ ေဒၚေအာင္ဆန္းစုၾကည္မွ သတိေပးတိုက္တြန္း

ျပည္သူႏွင့္နီးစပ္မႈမရွိသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ကို ျပည္သူႏွင့္နီးနီးစပ္ရွိရန္ ေဒၚေအာင္ဆန္းစုၾကည္မွ သတိေပးတိုက္တြန္း
ဖေဖော်ဝါရီ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရ ႏွင့္ ျပည္သူလူထုအၾကား ရွိသင့္သေလာက္ ဆက္သြယ္မႈ မရွိသည္ကို ျမင္ေတြ႔ ေနရသည့္ အတြက္ ျပည္နယ္အစိုးရႏွင့္ လူထုအၾကား နီးနီးစပ္စပ္ ဆက္သြယ္မႈရွိဖို႔ လိုေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က က်ဳိင္းတံုခရီးစဥ္၏ ေတြ႔ဆံုပြဲတြင္ သတိေပး တိုက္တြန္း ေျပာၾကားလိုက္သည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ က်ဳိင္းတံုလူထု ေတြ႔ဆံုပြဲ၌ က်ဳိင္းတံုၿမိဳ႕တြင္ လုပ္ေဆာင္ရန္ လုိအပ္ေနသည့္ ေရစီးေရလာေကာင္းမြန္ေရးႏွင့္ ပတ္သက္၍ တင္ျပလာမႈသည္ ျပည္နယ္အစိုးရႏွင့္ ျပည္သူလူထု အၾကား ေျဖရွင္းႏိုင္သည့္ ကိစၥျဖစ္ေၾကာင္း ယခုလို ျပည္နယ္အစိုးရႏွင့္ ေျဖရွင္းလို႔ရသည့္ ကိစၥမ်ား တင္ျပလာမႈသည္ ျပည္နယ္အစိုးရ ႏွင့္ ျပည္သူအၾကား အဆက္အသြယ္မရွိသည္ကို ျမင္မိေၾကာင္း  ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားသည္။

“ကၽြန္မအခု ရွမ္းျပည္နယ္မွာ ခရီးထြက္လာတဲ့အခါမွာ ဘာကို သတိထားမိလာလဲဆိုေတာ့ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ျပည္နယ္အစိုးရနဲ႔  ျပည္သူလူထုအၾကားမွာ ရွိသင့္သေလာက္ ဆက္သြယ္မႈ မရိွဘူးလုိ႔ ျမင္ပါတယ္။ ပိုၿပီးေတာ့ ျပည္နယ္အစိုးရနဲ႔ လူထုၾကားမွာ နီးနီးစပ္စပ္ ဆက္သြယ္မႈရိွ ဖို႔လုိပါတယ္။ ကၽြန္မတို႔ကို တင္ျပတဲ့ ကိစၥ ေတာ္ေတာ္မ်ားမ်ားဟာ ျပည္နယ္အစိုးရနဲ႕ ျပည္နယ္လူထုအၾကားမွာ ေျဖရွင္းရမဲ့ ကိစၥေတြပါ။ အဲ့ဒါေတာ့ ကြ်န္မ ႀကံဳတုန္းတိုက္တြန္းပါရေစ၊ ျပည္နယ္အစိုးရအေနနဲ႔ လူထုနဲ႔ မ်ားမ်ားထိေတြ႔ပါ။ လိုအပ္တဲ့ ကိစၥေတြကို ကုိယ္တိုင္ေျဖရွင္းေပးပါ။ ဗဟိုကလာမွ ေျဖရွင္းရတယ္ဆိုတာ မသင့္ေတာ္ပါဘူး။”ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လူထုေတြ႕ဆုံပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ က်ဳိင္းတံုလူထု ေတြ႔ဆံုပြဲ၌သို႔  တက္ေရာက္လာသူ အခ်ဳိ႕က လွ်ပ္စစ္မီးရရိွေရးကိစၥ၊  ျမိဳ႕တြင္းေရစီး ေရလာေကာင္းမြန္ရန္ ၿမိဳ႕တြင္းပင္မ ေရထုတ္ေျမာင္းမ်ားအား ေက်ာက္စီေရေျမာင္း အျဖစ္ အဆင့္ျမွင့္တင္ႏိုင္ရန္၊ က်ိဳင္းတုံလူငယ္စင္တာ၊ က်ိဳင္းတုံတကၠသိုလ္၊ နည္းပညာတကၠသိုလ္ႏွင့္ အစိုးရနည္းပညာအထက္တန္းေက်ာင္းမွ လိုအပ္ခ်က္မ်ား၊ က်ိဳင္းတုံ တကၠသိုလ္တြင္ ဥပေဒဘာသာရပ္ကို တိုးခ်ဲ႕သင္ၾကားခြင့္ျပဳႏိုင္ရန္၊ က်ိဳင္းတုံျပည္သူ႕ေဆးရုံတြင္ လက္ေထာက္ ဆရာ၀န္မ်ားႏွင့္ လုံျခံဳေရး၀န္ထမ္း ခန္႕ထားေပးႏိုင္ေရး၊ မူးယစ္ေဆး၀ါး ကိစၥႏွင့္ က်ဴရွင္ ကိစၥရပ္မ်ား အပါအ၀င္ အျခားကိစၥရပ္မ်ားကိုလည္း တင္ျပခဲ့သည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ားပါဝင္သည့္ အဖြဲ႕သည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၅)ရက္ေန႔ နံနက္ (၈)နာရီခြဲဝန္းက်င္က ေနျပည္ေတာ္မွ Myanmar National Airlines ေလေၾကာင္းလုိင္းျဖင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ နံနက္ ( ၉း၃၅ )နာရီက ေရာက္ရိွလာျခင္း ျဖစ္ၿပီး တာခ်ီလိတ္ ႏွင့္ မိုင္းေယာင္းၿမိဳ႕တို႔တြင္ ေတြ႔ဆံုပြဲမ်ားျပဳလုပ္ကာ ညေနပိုင္းတြင္ က်ဳိင္းတံုၿမိဳ႕သို႔ ရဟတ္ယာဥ္ျဖင့္ ဆက္လက္ထြက္ခြာသြားၿပီး ေဖေဖာ္၀ါရီလ(၆)ရက္ေန႔ နံနက္ပိုင္းတြင္ က်ဳိင္းတံုလူထု နဲ႔ ေတြ႔ဆံုခဲ့ၾကျခင္းျဖစ္သည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၏ ရွမ္းျပည္နယ္အေရွ႕ပိုင္း ခရီးစဥ္တြင္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ နယ္စပ္ေရးရာဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးဝန္ႀကီး ဦးမင္းသူႏွင့္ ရဲခ်ဳပ္ ဒုရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦးတုိ႔ အပါအဝင္ စုစုေပါင္း (၂၇)ဦး လုိက္ပါလာျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ခရီးစဥ္တြင္ နိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ဦးေဆာင္သည့္အဖြဲ႕က ေဒသခံလူထုႏွင့္ ေတြ႔ဆံုခဲ့ၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ က်ိဳင္းတံု၊ မိုင္းေယာင္း၊ မုိင္းတံုႏွင့္ မုိင္းဆတ္ၿမိဳ႕မ်ားသို႔လည္း သြားေရာက္မည္ျဖစ္ေၾကာင္း ႏွင့္ ထိုမွတဆင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးသို႔ သြားေရာက္မည္ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း -  ဇြဲျမတ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အစိုးရ နှင့် ပြည်သူလူထုအကြား ရှိသင့်သလောက် ဆက်သွယ်မှု မရှိသည်ကို မြင်တွေ့ နေရသည့် အတွက် ပြည်နယ်အစိုးရနှင့် လူထုအကြား နီးနီးစပ်စပ် ဆက်သွယ်မှုရှိဖို့ လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျိုင်းတုံခရီးစဉ်၏ တွေ့ဆုံပွဲတွင် သတိပေး တိုက်တွန်း ပြောကြားလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျိုင်းတုံလူထု တွေ့ဆုံပွဲ၌ ကျိုင်းတုံမြို့တွင် လုပ်ဆောင်ရန် လိုအပ်နေသည့် ရေစီးရေလာကောင်းမွန်ရေးနှင့် ပတ်သက်၍ တင်ပြလာမှုသည် ပြည်နယ်အစိုးရနှင့် ပြည်သူလူထု အကြား ဖြေရှင်းနိုင်သည့် ကိစ္စဖြစ်ကြောင်း ယခုလို ပြည်နယ်အစိုးရနှင့် ဖြေရှင်းလို့ရသည့် ကိစ္စများ တင်ပြလာမှုသည် ပြည်နယ်အစိုးရ နှင့် ပြည်သူအကြား အဆက်အသွယ်မရှိသည်ကို မြင်မိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

“ကျွန်မအခု ရှမ်းပြည်နယ်မှာ ခရီးထွက်လာတဲ့အခါမှာ ဘာကို သတိထားမိလာလဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်နယ်အစိုးရနဲ့ ပြည်သူလူထုအကြားမှာ ရှိသင့်သလောက် ဆက်သွယ်မှု မရှိဘူးလို့ မြင်ပါတယ်။ ပိုပြီးတော့ ပြည်နယ်အစိုးရနဲ့ လူထုကြားမှာ နီးနီးစပ်စပ် ဆက်သွယ်မှုရှိ ဖို့လိုပါတယ်။ ကျွန်မတို့ကို တင်ပြတဲ့ ကိစ္စ တော်တော်များများဟာ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လူထုအကြားမှာ ဖြေရှင်းရမဲ့ ကိစ္စတွေပါ။ အဲ့ဒါတော့ ကျွန်မ ကြုံတုန်းတိုက်တွန်းပါရစေ၊ ပြည်နယ်အစိုးရအနေနဲ့ လူထုနဲ့ များများထိတွေ့ပါ။ လိုအပ်တဲ့ ကိစ္စတွေကို ကိုယ်တိုင်ဖြေရှင်းပေးပါ။ ဗဟိုကလာမှ ဖြေရှင်းရတယ်ဆိုတာ မသင့်တော်ပါဘူး။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျိုင်းတုံလူထု တွေ့ဆုံပွဲ၌သို့ တက်ရောက်လာသူ အချို့က လျှပ်စစ်မီးရရှိရေးကိစ္စ၊ မြို့တွင်းရေစီး ရေလာကောင်းမွန်ရန် မြို့တွင်းပင်မ ရေထုတ်မြောင်းများအား ကျောက်စီရေမြောင်း အဖြစ် အဆင့်မြှင့်တင်နိုင်ရန်၊ ကျိုင်းတုံလူငယ်စင်တာ၊ ကျိုင်းတုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ လိုအပ်ချက်များ၊ ကျိုင်းတုံ တက္ကသိုလ်တွင် ဥပဒေဘာသာရပ်ကို တိုးချဲ့သင်ကြားခွင့်ပြုနိုင်ရန်၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် လက်ထောက် ဆရာဝန်များနှင့် လုံခြုံရေးဝန်ထမ်း ခန့်ထားပေးနိုင်ရေး၊ မူးယစ်ဆေးဝါး ကိစ္စနှင့် ကျူရှင် ကိစ္စရပ်များ အပါအဝင် အခြားကိစ္စရပ်များကိုလည်း တင်ပြခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများပါဝင်သည့် အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က နပြေည်တော်မှ Myanmar National Airlines လေကြောင်းလိုင်းဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ နံနက် ( ၉း၃၅ )နာရီက ရောက်ရှိလာခြင်း ဖြစ်ပြီး တာချီလိတ် နှင့် မိုင်းယောင်းမြို့တို့တွင် တွေ့ဆုံပွဲများပြုလုပ်ကာ ညနေပိုင်းတွင် ကျိုင်းတုံမြို့သို့ ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာသွားပြီး ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံလူထု နဲ့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူနှင့် ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးတို့ အပါအဝင် စုစုပေါင်း (၂၇)ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့်အဖွဲ့က ဒေသခံလူထုနှင့် တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့များသို့လည်း သွားရောက်မည်ဖြစ်ကြောင်း နှင့် ထိုမှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးသို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~