က်ိဳင္းတံုၿမိဳ႕တြင္ အသက္(၇၀)အရြယ္ အဘြားအိုအား ကားျဖင့္ တိုက္မိၿပီး ထြက္ေျပးသြားသည့္ ယာဥ္အား ေဖၚထုတ္ဖမ္းဆီးရမိမႈေၾကာင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ကို ရပ္ကြက္ေနလူထုက ဂုဏ္ျပဳခ်ီးျမႇင့္

က်ိဳင္းတံုၿမိဳ႕တြင္ အသက္(၇၀)အရြယ္ အဘြားအိုအား ကားျဖင့္ တိုက္မိၿပီး ထြက္ေျပးသြားသည့္ ယာဥ္အား ေဖၚထုတ္ဖမ္းဆီးရမိမႈေၾကာင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ကို ရပ္ကြက္ေနလူထုက ဂုဏ္ျပဳခ်ီးျမႇင့္
ဖေဖော်ဝါရီ 24, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ အသက္(၇၀)အရြယ္ အဘြားအိုကို တုိက္မိၿပီးထြက္ေျပးသြားသည့္ ေမာ္ေတာ္ယာဥ္ေမာင္းအား ေဖၚထုတ္ဖမ္းဆီးႏိုင္သျဖင့္ က်ဳိင္းတံုယာဥ္ထိန္းတပ္ဖြဲ႕ဝင္ ရဲအုပ္ေစာသန္းဦးကို ရပ္ကြက္ေနလူထုက ေက်းဇူးတင္ဂုဏ္ျပဳမွတ္တမ္းလႊာ ခ်ီးျမႇင့္လုိက္ေၾကာင္း သိရသည္။

“သူက ဒီအမႈရဲ႕ အမႈစစ္ပါ။ တိုက္မိၿပီး ထြက္ေျပးတဲ့ယာဥ္ကို ဖမ္းမိတဲ့အတြက္ ရပ္ကြက္က ခ်ီးျမႇင့္တာပါ။ အခုလို ယာဥ္ထိန္းတပ္ဖြဲ႕ဝင္ကို ရပ္ကြက္ကေန ခ်ီးျမႇင့္ေပးတာမ်ိဳးက အရင္ကေတာ့ မရိွခဲ့ဖူးပါဘူး။ ဒါက ပထမဆံုးအႀကိမ္ပါ”ဟု အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းလပ္ေက်းရြာအုပ္စု၊ ျပည္ၿငိမ္းေအးအိမ္ယာဝင္းမွ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရပ္ကြက္သူ၊ ရပ္ကြက္သားမ်ားက အဖြားအိုတစ္ဦး ေသဆံုးသြားခဲ့သည့္ ယာဥ္တုိက္မႈမွ  တုိက္ေျပးသည့္ ယာဥ္ႏွင့္ ယာဥ္ေမာင္းအား ယာဥ္တုိက္မႈျဖစ္ပြားၿပီး (၂၆)ရက္အၾကာ ေဖေဖၚဝါရီလ (၁၆)ရက္ေန႔၌ ဖမ္းဆီးခဲ့သည့္ အမွတ္ (၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတံုၿမိဳ႕)မွ ရဲအုပ္ေစာသန္းဦးအား ေက်းဇူးတင္ ဂုဏ္ျပဳ မွတ္တမ္းခ်ီးျမႇင့္ကို ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၄)ရက္ေန႔တြင္ လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တုိက္မႈမွ ထြက္ေျပးတိမ္းေရွာင္ေနသူ အသက္ (၂၂)ႏွစ္အရြယ္ ေယာဆ(ခ) အေသးေလးသည္ ယာဥ္တုိက္မႈျဖစ္ပြားသည့္ ေမာ္ေတာ္ယာဥ္ႏွင့္အတူ ေဖေဖၚဝါရီလ (၁၆)ရက္ေန႔က ဖမ္းဆီးခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံု - လြယ္ေမြကားလမ္းအတုိင္း လမ္းေဘးတြင္ လမ္းေလွ်ာက္လာေနသည့္ အသက္(၇၀)အရြယ္ ေဒၚနန္းပဲကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၂)ရက္ေန႔ ညေန (၃)နာရီ (၄၀)မိနစ္တြင္ တစ္ဖက္ယာဥ္ေၾကာမွ ေမာ္ေတာ္ယာဥ္တစ္စီးက အရွိန္မထိန္းႏိုင္ဘဲ ဝင္တုိက္မိၿပီးေနာက္ ေမာင္းႏွင္ထြက္ေျပး သြားခဲ့ျခင္းျဖစ္သည္။

ေဒၚနန္းပဲမွာ ဒဏ္ရာျပင္းထန္စြာရရိွသြားသျဖင့္ က်ိဳင္းတံုျပည္သူ႔ေဆးရံုႀကီးတြင္ ကုသမႈခံယူေနစဥ္ ဇန္နဝါရီလ (၂၃)ရက္ေန႔ညေန၌ ေသဆံုးသြားသျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီး ပုဒ္မ ၃၃၈/၂၇၉/၂၀၂ ျဖင့္ ဖြင့္လွစ္စံုစမ္းေနေသာအမႈအား ရာဇသတ္ႀကီးပုဒ္မ ၃၀၄ -က/ ၂၇၉/၂၀၂ သို႔ေျပာင္းလဲဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Soe Moe


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အသက်(၇၀)အရွယ် အဘွားအိုကို တိုက်မိပြီးထွက်ပြေးသွားသည့် မော်တော်ယာဉ်မောင်းအား ဖော်ထုတ်ဖမ်းဆီးနိုင်သဖြင့် ကျိုင်းတုံယာဉ်ထိန်းတပ်ဖွဲ့ဝင် ရဲအုပ်စောသန်းဦးကို ရပ်ကွက်နေလူထုက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်လိုက်ကြောင်း သိရသည်။

“သူက ဒီအမှုရဲ့ အမှုစစ်ပါ။ တိုက်မိပြီး ထွက်ပြေးတဲ့ယာဉ်ကို ဖမ်းမိတဲ့အတွက် ရပ်ကွက်က ချီးမြှင့်တာပါ။ အခုလို ယာဉ်ထိန်းတပ်ဖွဲ့ဝင်ကို ရပ်ကွက်ကနေ ချီးမြှင့်ပေးတာမျိုးက အရင်ကတော့ မရှိခဲ့ဖူးပါဘူး။ ဒါက ပထမဆုံးအကြိမ်ပါ”ဟု အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ပြည်ငြိမ်းအေးအိမ်ယာဝင်းမှ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများက အဖွားအိုတစ်ဦး သေဆုံးသွားခဲ့သည့် ယာဉ်တိုက်မှုမှ တိုက်ပြေးသည့် ယာဉ်နှင့် ယာဉ်မောင်းအား ယာဉ်တိုက်မှုဖြစ်ပွားပြီး (၂၆)ရက်အကြာ ဖေဖော်ဝါရီလ (၁၆)ရက်နေ့၌ ဖမ်းဆီးခဲ့သည့် အမှတ် (၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံမြို့)မှ ရဲအုပ်စောသန်းဦးအား ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းချီးမြှင့်ကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူ အသက် (၂၂)နှစ်အရွယ် ယောဆ(ခ) အသေးလေးသည် ယာဉ်တိုက်မှုဖြစ်ပွားသည့် မော်တော်ယာဉ်နှင့်အတူ ဖေဖော်ဝါရီလ (၁၆)ရက်နေ့က ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံ - လွယ်မွေကားလမ်းအတိုင်း လမ်းဘေးတွင် လမ်းလျှောက်လာနေသည့် အသက်(၇၀)အရွယ် ဒေါ်နန်းပဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့ ညနေ (၃)နာရီ (၄၀)မိနစ်တွင် တစ်ဖက်ယာဉ်ကြောမှ မော်တော်ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်။

ဒေါ်နန်းပဲမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် ဇန်နဝါရီလ (၂၃)ရက်နေ့ညနေ၌ သေဆုံးသွားသဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၂၇၉/၂၀၂ ဖြင့် ဖွင့်လှစ်စုံစမ်းနေသောအမှုအား ရာဇသတ်ကြီးပုဒ်မ ၃၀၄ -က/ ၂၇၉/၂၀၂ သို့ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Soe Moe

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~