တာချီလိတ်မြို့မှ ဓါတ်မြေသြဇာအရောင်းဆိုင် (၄)ဆိုင်ကို စစ်ဆေးရာ ဆိုင် (၃)ဆိုင်တွင် သတ်မှတ်ချက်နှင့် မညီ၍ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်း
တာချီလိတ်မြို့မှ ဓါတ်မြေသြဇာအရောင်းဆိုင် (၄)ဆိုင်ကို စစ်ဆေးရာ ဆိုင် (၃)ဆိုင်တွင် သတ်မှတ်ချက်နှင့် မညီ၍ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်း
ဖေဖော်ဝါရီ 22, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဓာတ်မြေသြဇာ အရောင်းဆိုင် (၄) ဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ သတ်မှတ်ချက်များနှင့်မကိုက်ညီသည့် ဆိုင် (၃)ဆိုင်တွေ့ရှိ ရ၍ ခံဝန်ကတိလက်မှတ်ရေးထိုးထားစေကြောင်း သိရသည်။
အဆိုပါ ဆိုင်(၃)ဆိုင်တွင် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ဓါတ်မြေသြဇာအပါအဝင် စိုက်ပျိုးရေးသုံး ပစ္စည်းများကို ရောင်းချနေသည်ကို တွေ့ရသဖြင့် ပစ္စည်းနမူနာများကိုလည်း ဓါတ်ခွဲစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိချက်များကို ဓါတ်ပုံမှတ်တမ်းများနှင့်အတူ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့များစသည့် စိုက်ပျိုးရေးသုံးပစ္စည်းများကို တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချရန်နှင့် ဈေးကွက်အတွင်း ရောင်းချရာတွင်လည်း ထုတ်လုပ်၊ တင်သွင်းသည့် ကုမ္ပဏီအမည်၊ သက်တမ်းသတ်မှတ်ချက်၊ ပါဝင်ပစ္စည်းများစသည့် ကုန်ပစ္စည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ရေးသားဖေါ်ပြရန် ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှ စတင်ကာ ပညာပေးကာလသတ်မှတ်၍ အသိပညာပေးလုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် ကွင်းဆင်းစစ်ဆေး အရေးယူခြင်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဓာတ်မြသြေဇာ အရောင်းဆိုင် (၄) ဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ သတ်မှတ်ချက်များနှင့်မကိုက်ညီသည့် ဆိုင် (၃)ဆိုင်တွေ့ရှိ ရ၍ ခံဝန်ကတိလက်မှတ်ရေးထိုးထားစေကြောင်း သိရသည်။
အဆိုပါ ဆိုင်(၃)ဆိုင်တွင် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ဓာတ်မြသြေဇာအပါအဝင် စိုက်ပျိုးရေးသုံး ပစ္စည်းများကို ရောင်းချနေသည်ကို တွေ့ရသဖြင့် ပစ္စည်းနမူနာများကိုလည်း ဓာတ်ခွဲစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ခံဝန်ကတိယူခဲ့တယ်။ ပထမအကြိမ် ပညာပေး၊ ဒုတိယအကြိမ် ပညာပေး၊ တတိယအကြိမ် ပညာပေးတွေလည်း လုပ်ခဲ့ပြီးဖြစ်တဲ့အတွက် နောက်တစ်ကြိမ်တွေ့တယ်ဆို အရေးယူရတော့မှာ။ စိုက်ပျိုးရေး ပစ္စည်းအရောင်းဆိုင်တွေကလည်း လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဘယ်လို လုပ်မလဲဆိုပြီး ကျွန်တော်တို့ကို တိုင်ပင်တာတွေရှိတော့ သူတို့သွင်းတဲ့ ပစ္စည်းနမူနာတွေကို နပြေည်တော်ပို့၊ ဓာတ်ခွဲစမ်းသပ်ပြီး တရားဝင်မှတ်ပုံတင်ခွင့်ရရှိရေး ကူညီဆောင်ရွက်ပေးမှာပါ”ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိချက်များကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနအနဖြေင့် လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်မြသြေဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့များစသည့် စိုက်ပျိုးရေးသုံးပစ္စည်းများကို တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချရန်နှင့် ဈေးကွက်အတွင်း ရောင်းချရာတွင်လည်း ထုတ်လုပ်၊ တင်သွင်းသည့် ကုမ္ပဏီအမည်၊ သက်တမ်းသတ်မှတ်ချက်၊ ပါဝင်ပစ္စည်းများစသည့် ကုန်ပစ္စည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ရေးသားဖော်ပြရန် ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှ စတင်ကာ ပညာပေးကာလသတ်မှတ်၍ အသိပညာပေးလုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် ကွင်းဆင်းစစ်ဆေး အရေးယူခြင်းကို ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - မြို့နယ်စိုက်ပျိုးရေး
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~