တာခ်ီလိတ္တြင္ OSS အဖြဲ႕လုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ရာ၌ အႀကံျပဳတင္ျပခ်က္မ်ားကိုု အေကာင္အထည္ ေဖၚေဆာင္ရြက္ေန

တာခ်ီလိတ္တြင္ OSS အဖြဲ႕လုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ရာ၌ အႀကံျပဳတင္ျပခ်က္မ်ားကိုု အေကာင္အထည္ ေဖၚေဆာင္ရြက္ေန
ဖေဖော်ဝါရီ 28, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ရီလ(၁၅)ရက္ေန႔က စတင္ကာ One Stop Shop(OSS) တြင္ ပါဝင္သည့္ ဌာန(၁၀)ခု၏ လုပ္ငန္းမ်ား ရပ္ကြက္အလုိက္ ကြင္းဆင္း ေဆာင္ရြက္ေနရာတြင္ ျပည္သူမ်ား၏ အႀကံျပဳတင္ျပခ်က္မ်ားကိုလည္း အေကာင္အထည္ေဖၚ ေဆာင္ရြက္ေၾကာင္း OSS အဖြဲ႕ေခါင္းေဆာင္က ေျပာသည္။

“ေမးလာတဲ့အေပၚမွာ အဆင္ေျပေအာင္ စီစဥ္ေပးထားပါတယ္။ ကြန္ပ်ဴတာသမား (၂) ေယာက္ေလာက္ ထားမယ္။ ေထာက္ခံစာေတြကိုလည္း မိတၱဴေတြ အမ်ားႀကီးလုပ္ထားတယ္။ အခုက စမ္းသပ္ကာလဆိုေတာ့ ဘာေတြလိုတယ္။ ဘယ္လုပ္ငန္းေတြက အမ်ားဆံုး လုပ္ေပးေနရတယ္ဆိုတာေတြကို မွတ္တမ္းလုပ္ၿပီး ျပည္သူေတြကို အဆင္ေျပေျပနဲ႔ ၀န္ေဆာင္မႈေပးႏိုင္ေအာင္လုပ္ေနပါတယ္။ ျပည္သူေတြကို ၀န္ေဆာင္မႈ ပိုေကာင္းေအာင္ OSS အဖြဲ႕က ေဆာင္ရြက္ ေနပါတယ္”ဟု OSS အဖြဲ႕ေခါင္းေဆာင္ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားသည္။

ေဖေဖာ္၀ါရီလ (၂၆) ရက္ေန႔က ရန္ေအာင္ေျမရပ္ကြက္တြင္း ၀န္ေဆာင္မႈေပးရာတြင္ ရပ္ကြက္ေန ျပည္သူတစ္ဦးက စာရင္း ေပးသြင္းရသည့္ေနရာ၌ ကြန္ပ်ဴတာတစ္လံုးတည္းသာရိွသျဖင့္ ျပည္သူမ်ား ေစာင့္ဆုိင္းေနရသည့္ အျပင္ ၀န္ထမ္းမ်ား အတြက္လည္း ၀န္ထုပ္၀န္ပိုးတစ္ခုသဖြယ္ျဖစ္ေနသျဖင့္ ကြန္ပ်ဴတာမ်ား ထပ္တိုးအသံုးျပဳရန္ အႀကံျပဳခ်က္အတုိင္း ေဖေဖၚဝါရီလ (၂၇)ရက္ေန႔က ဝိန္းေက်ာက္ရပ္ကြက္တြင္ ကြန္ပ်ဳတာမ်ားထပ္တိုးထားေၾကာင္း သိရသည္။

One Stop Shop(OSS) အဖြဲ႕အေနျဖင့္ ေဖေဖာ္၀ါရီ (၁၅) ရက္ေန႔မွစတင္ကာ စမ္းသပ္ကာလအျဖစ္ ေဆာင္ရြက္ေနရာ ၀မ္ေကာင္း ရပ္ကြက္တြင္ (၁၁၁)ဦး၊ ပုန္းထြန္ရပ္ကြက္တြင္ (၁၁၉)ဦး၊ တာေလာ့ ရပ္ကြက္တြင္ (၃၆)ဦး၊ မကာဟိုခမ္းရပ္ကြက္တြင္ (၇၁)ဦး၊ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ (၆၁)ဦး၊ ဆန္ဆိုင္း(က)ရပ္ကြက္တြင္ (၈၄) ဦး၊ မယ္ေေခါင္ရပ္ကြက္တြင္ (၆၂) ဦး၊ ရန္ေအာင္ေျမရပ္ကြက္တြင္ (၉၄) ဦးကို ၀န္ေဆာင္မႈေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

လက္ရိွ စမ္းသပ္ကာလျဖစ္သည့္ ေဖေဖာ္၀ါရီလ (၁၅) ရက္ေန႔က ၀မ္ေကာင္း ရပ္ကြက္တြင္ ျပဳလုပ္ခဲ့ၿပီး ဆက္လက္၍ ၿမိဳ႕ေပၚရပ္ကြက္မ်ားျဖစ္သည့္ ပါဆတ္ရပ္ကြက္ အတြက္ (၂၈) ရက္ေန႔၊ ေဆခမ္းရပ္ကြက္ အတြက္ မတ္လ (၁) ရက္ေန႔တို႔တြင္ မနက္ (၁၀) နာရီမွ စတင္၀န္ေဆာင္မႈ ေပးသြားမည္ျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရိွ ေက်းရြာအုပ္စုမ်ား ကိုလည္း ဆက္လက္၀န္ေဆာင္မႈေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ရီလ(၁၅)ရက်နေ့က စတင်ကာ One Stop Shop(OSS) တွင် ပါဝင်သည့် ဌာန(၁၀)ခု၏ လုပ်ငန်းများ ရပ်ကွက်အလိုက် ကွင်းဆင်း ဆောင်ရွက်နေရာတွင် ပြည်သူများ၏ အကြံပြုတင်ပြချက်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း OSS အဖွဲ့ခေါင်းဆောင်က ပြောသည်။

“မေးလာတဲ့အပေါ်မှာ အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ ကွန်ပျူတာသမား (၂) ယောက်လောက် ထားမယ်။ ထောက်ခံစာတွေကိုလည်း မိတ္တူတွေ အများကြီးလုပ်ထားတယ်။ အခုက စမ်းသပ်ကာလဆိုတော့ ဘာတွေလိုတယ်။ ဘယ်လုပ်ငန်းတွေက အများဆုံး လုပ်ပေးနေရတယ်ဆိုတာတွေကို မှတ်တမ်းလုပ်ပြီး ပြည်သူတွေကို အဆင်ပြေပြေနဲ့ ဝန်ဆောင်မှုပေးနိုင်အောင်လုပ်နေပါတယ်။ ပြည်သူတွေကို ဝန်ဆောင်မှု ပိုကောင်းအောင် OSS အဖွဲ့က ဆောင်ရွက် နေပါတယ်”ဟု OSS အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ရန်အောင်မြေရပ်ကွက်တွင်း ဝန်ဆောင်မှုပေးရာတွင် ရပ်ကွက်နေ ပြည်သူတစ်ဦးက စာရင်း ပေးသွင်းရသည့်နေရာ၌ ကွန်ပျူတာတစ်လုံးတည်းသာရှိသဖြင့် ပြည်သူများ စောင့်ဆိုင်းနေရသည့် အပြင် ဝန်ထမ်းများ အတွက်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခုသဖွယ်ဖြစ်နေသဖြင့် ကွန်ပျူတာများ ထပ်တိုးအသုံးပြုရန် အကြံပြုချက်အတိုင်း ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ဝိန်းကျောက်ရပ်ကွက်တွင် ကွန်ပျုတာများထပ်တိုးထားကြောင်း သိရသည်။

One Stop Shop(OSS) အဖွဲ့အနဖြေင့် ဖေဖော်ဝါရီ (၁၅) ရက်နေ့မှစတင်ကာ စမ်းသပ်ကာလအဖြစ် ဆောင်ရွက်နေရာ ဝမ်ကောင်း ရပ်ကွက်တွင် (၁၁၁)ဦး၊ ပုန်းထွန်ရပ်ကွက်တွင် (၁၁၉)ဦး၊ တာလော့ ရပ်ကွက်တွင် (၃၆)ဦး၊ မကာဟိုခမ်းရပ်ကွက်တွင် (၇၁)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၆၁)ဦး၊ ဆန်ဆိုင်း(က)ရပ်ကွက်တွင် (၈၄) ဦး၊ မယ်ခေါင်ရပ်ကွက်တွင် (၆၂) ဦး၊ ရန်အောင်မြေရပ်ကွက်တွင် (၉၄) ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ စမ်းသပ်ကာလဖြစ်သည့် ဖေဖော်ဝါရီလ (၁၅) ရက်နေ့က ဝမ်ကောင်း ရပ်ကွက်တွင် ပြုလုပ်ခဲ့ပြီး ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပါဆတ်ရပ်ကွက် အတွက် (၂၈) ရက်နေ့၊ ဆေခမ်းရပ်ကွက် အတွက် မတ်လ (၁) ရက်နေ့တို့တွင် မနက် (၁၀) နာရီမှ စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ ကိုလည်း ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~