တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း ဌာန(၁၀)ခုျဖင့္ ျပည္သူ႔၀န္ေဆာင္မႈေပးေန

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း ဌာန(၁၀)ခုျဖင့္ ျပည္သူ႔၀န္ေဆာင္မႈေပးေန
ဖေဖော်ဝါရီ 25, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္  ဌာန (၁၀) ခုပါသည့္ One Stop Shop(OSS) အဖြဲ႕မွ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၅)ရက္ေန႔ နံနက္ပိုင္းကစ၍ မယ္ေခါင္ရပ္ကြက္ရွိ မယ္ေခါင္ဘုန္းႀကီးေက်ာင္းအတြင္း ၀န္ေဆာင္မႈေပးေနလ်က္ရွိသည္။

ဆက္လက္၍ မယ္ေခါင္ရပ္ကြက္ၿပီးေနာက္တြင္  ရန္ေအာင္ေျမရပ္ကြက္ အတြက္ (၂၆) ရက္ေန႔၊ ၀ိန္းေက်ာက္ရပ္ကြက္အတြက္ (၂၇) ရက္ေန႔၊ ပါဆတ္ရပ္ကြက္အတြက္ (၂၈) ရက္ေန႔၊ ေဆခမ္းရပ္ကြက္အတြက္ မတ္လ (၁) ရက္ေန႔တို႔တြင္ မနက္ (၁၀) နာရီမွ စတင္၀န္ေဆာင္မႈ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

One Stop Service(OSS)  အဖြဲ႕တြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရး ေကာ္မတီ၊ ျပန္/ထူ၊ လွ်ပ္စစ္၀န္ႀကီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနႏွင့္ က်န္းမာေရး၀န္ႀကီးဌာနတို႔ ပါ၀င္ကာ အဆိုပါ ဌာနမ်ားနွင့္ သက္ဆုိင္သည့္ ကိစၥရပ္မ်ားကို ခ်က္ခ်င္း ေဆာင္ရြက္ေပးမည္ျဖစ္ၿပီး ခ်က္ခ်င္းေဆာင္ရြက္၍ မျဖစ္ႏုိင္သည့္လုပ္ငန္းမ်ားကို  သက္ဆိုင္ရာ ဌာနမ်ားမွ ေလွ်ာက္လႊာမ်ားလက္ခံရယူၿပီး ေဆာင္ရြက္ၿပီးစီးပါက သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးမ်ားမွ တစ္ဆင့္ ျပန္လည္ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕ေပၚရပ္ကြက္မ်ားၿပီးသြားပါက တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအုပ္စုမ်ားအထိ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - #ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ဌာန(၁၀)ခုဖြင့် ပြည်သူ့ဝန်ဆောင်မှုပေးနေ
******

တာချီလိတ်မြို့တွင် ဌာန (၁၀) ခုပါသည့် One Stop Shop(OSS) အဖွဲ့မှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းကစ၍ မယ်ခေါင်ရပ်ကွက်ရှိ မယ်ခေါင်ဘုန်းကြီးကျောင်းအတွင်း ဝန်ဆောင်မှုပေးနေလျက်ရှိသည်။

ဆက်လက်၍ မယ်ခေါင်ရပ်ကွက်ပြီးနောက်တွင် ရန်အောင်မြေရပ်ကွက် အတွက် (၂၆) ရက်နေ့၊ ဝိန်းကျောက်ရပ်ကွက်အတွက် (၂၇) ရက်နေ့၊ ပါဆတ်ရပ်ကွက်အတွက် (၂၈) ရက်နေ့၊ ဆေခမ်းရပ်ကွက်အတွက် မတ်လ (၁) ရက်နေ့တို့တွင် မနက် (၁၀) နာရီမှ စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

One Stop Service(OSS) အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ ပြန်/ထူ၊ လျှပ်စစ်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပါဝင်ကာ အဆိုပါ ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်းဆောင်ရွက်၍ မဖြစ်နိုင်သည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများလက်ခံရယူပြီး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များပြီးသွားပါက တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~