ကျိုင်းတုံစည်ပင်မှ အသုံးပြုရန် မသင့်တော်သည့် ကြမ်းခင်းဈေး ကျပ် (၁၄၁)သိန်းကျော်တန်ဖိုးရှိ ယာဉ်၊ စက်၊ ယန္တရားနှင့် မော်တော်ဆိုင်ကယ်များကို လေလံတင်ရောင်းချမည်

ကျိုင်းတုံစည်ပင်မှ အသုံးပြုရန် မသင့်တော်သည့် ကြမ်းခင်းဈေး ကျပ် (၁၄၁)သိန်းကျော်တန်ဖိုးရှိ ယာဉ်၊ စက်၊ ယန္တရားနှင့် မော်တော်ဆိုင်ကယ်များကို လေလံတင်ရောင်းချမည်
ဖေဖော်ဝါရီ 7, 2019
By Tachileik News Agency




လျှောက်ထားလိုသူများ အနေဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက်၊ သက်ဆိုင်ရာ ကြမ်းခင်းဈေး တန်ဖိုး သက်မှတ်ချက်ထက် လျှော့နည်းခြင်း မရှိသည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်း(အဆောက်အအုံ၊ အိမ်၊ မြေ)နှင့် စပ်လျှဉ်း၍ ဥပဒေနှင့်အညီ ခိုင်လုံသော ပိုင်ဆိုင်မှု အထောက်အထား(မူရင်း)များ အိမ်၊ မြေဂရန်စသည့်(မူရင်း အထောက်အထားများ) (သို့မဟုတ်) ဆွဲဝယ်ရရှိသူပိုင် ငွေစုလက်မှတ်မူရင်း၊ ဘဏ်စာရင်း တစ်ခုခုကို တစ်ခုခြင်းဖြစ်စေ၊ တန်ဖိုးကိုက်ညီရန် ငွေသားစုပေါင်း၍ဖြစ်စေ လျှောက်လွှာနှင့်အတူ တင်သွင်းရမည် ဖြစ်ကြောင်း နှင့် ဖုန်းဖြင့်လည်း ဆက်သွယ်၍ 08421016 သို့ မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ စုစုပေါင်း ကြမ်းခင်းဈေး ကျပ် (၁၄၁)သိန်းကျော် တန်ဖိုးရှိ အသုံးပြုရန် မသင့်တော်သည့် ယာဉ်၊ စက်၊ ယန္တရားနှင့် မော်တော်ဆိုင်ကယ် (၁၂)စီးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် လေလံတင်ရောင်းချမည်၍ လျှောက်လွှာများကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

“ဈေးပြိုင်လေလံစနစ်နဲ့ ရောင်းချသွားမှာပါ။ သူ့ Loc အလိုက်ကြမ်းခင်းဈေးတွေ သက်မှတ်ထားပါတယ်”ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကောမတီမှ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံသားစီစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသည့် (၁၈)နှစ်ပြည့်ပြီးသူတိုင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့မှ ဖေဖော်ဝါရီလ(၁၈) ရက်နေ့ ညနေ (၄) နာရီနောက်ဆုံးထားပြီး ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးသို့ လာရောက်၍ လေလံပွဲလျှောက်လွှာများ ဝယ်ယူ လျှောက်ထား နိုင်ကြောင်းသိရသည်။

လျှောက်ထားလိုသူများ အနဖြေင့် နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက်၊ သက်ဆိုင်ရာ ကြမ်းခင်းဈေး တန်ဖိုး သက်မှတ်ချက်ထက် လျှော့နည်းခြင်း မရှိသည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်း(အဆောက်အအုံ၊ အိမ်၊ မြေ)နှင့် စပ်လျှဉ်း၍ ဥပဒေနှင့်အညီ ခိုင်လုံသော ပိုင်ဆိုင်မှု အထောက်အထား(မူရင်း)များ အိမ်၊ မြေဂရန်စသည့်(မူရင်း အထောက်အထားများ) (သို့မဟုတ်) ဆွဲဝယ်ရရှိသူပိုင် ငွေစုလက်မှတ်မူရင်း၊ ဘဏ်စာရင်း တစ်ခုခုကို တစ်ခုခြင်းဖြစ်စေ၊ တန်ဖိုးကိုက်ညီရန် ငွေသားစုပေါင်း၍ဖြစ်စေ လျှောက်လွှာနှင့်အတူ တင်သွင်းရမည် ဖြစ်ကြောင်း နှင့် ဖုန်းဖြင့်လည်း ဆက်သွယ်၍ 08421016 သို့ မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျိုင်းတုံစည်ပင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~