တာခ်ီလိတ္တြင္ အသတ္ခံရသည့္ ထိုင္းႏိုင္ငံသား၏ ရုပ္အေလာင္းကို မိသားစု၀င္မ်ားမွ ထိုင္းႏိုင္ငံသုိ႔ ျပန္လည္သယ္ေဆာင္

တာခ်ီလိတ္တြင္ အသတ္ခံရသည့္ ထိုင္းႏိုင္ငံသား၏ ရုပ္အေလာင္းကို မိသားစု၀င္မ်ားမွ ထိုင္းႏိုင္ငံသုိ႔ ျပန္လည္သယ္ေဆာင္
ဖေဖော်ဝါရီ 10, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္  ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၈) ရက္ေန႔ ည (၈) နာရီေက်ာ္က  ေသနတ္ျဖင့္ ပစ္သတ္ခံရသည့္ ထိုင္းႏိုင္ငံသား ေလး(ခ) Mr.Wuttichai Gobua ၏ ရုပ္အေလာင္းအား တာခ်ီလိတ္ၿမိဳ႕သို႔ ေရာက္ရွိလာသည့္ ၎၏မိဘမ်ားမွ ထိုင္းႏိုင္ငံ၊ အူဘြန္းလက္ခ်္ဌာနီး ခရိုင္၊ တပြန္ပထြန္ၿမိဳ႕သို႔ ေဖေဖာ္၀ါရီလ (၁၀) ရက္ေန႔ ေန႔လည္ (၁) နာရီခြဲ အခ်ိန္က နယ္စပ္ေခ်ာင္းမွ တဆင့္ ျပန္လည္ သယ္ေဆာင္သြားေၾကာင္း သိရသည္။

၎၏ရုပ္အေလာင္းကို မိခင္ျဖစ္သူ  ႏွင့္ အကိုျဖစ္သူတို႔မွ လာေရာက္သယ္ေဆာင္ျခင္းျဖစ္ၿပီး ေန႔လည္ (၁၂) နာရီတြင္ သံဃာေတာ္ (၄) ပါးျဖင့္ သက္ေပ်ာက္တရားနာၾကားခဲ့ၿပီး ထိုင္းႏိုင္ငံႏွင့္ တာခ်ီလိတ္ၿမိဳ႕မွ ၎၏ေဆြမ်ိဳးမ်ားႏွင့္ အသိမိတ္ေဆြ လူ (၂၀) ခန္႔လာေရာက္ခဲ့ေၾကာင္း သိရသည္။

ေသဆံုးသူ၏ ရုပ္အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ လူနာတင္ယာဥ္တစ္စီး၊ နာေရးကူညီမႈ ယာဥ္တစ္စီးျဖင့္ တာခ်ီလိတ္ၿမိဳ႕ မယ္ဆိုင္ေခ်ာင္းမွတဆင့္ မယ္ဆိုင္ သ်ဲန္လြန္းက်ိဳင္း လူမႈကူညီေရးအဖြဲ႔ႏွင့္ ခ်ိတ္ဆက္ကာ ကူညီပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္သည္။

ေသဆံုးသူႏွင့္ ပတ္သက္၍ ျဖစ္စဥ္အက်ဥ္းမွာ ေလး(ခ) Mr.Wuttichai Gobua သည္ ေနအိမ္တြင္ရိွေနစဥ္ ပိုက္ဆံလာယူရန္ ဖုန္းဆက္ေခၚသျဖင့္ ည(၉)နာရီဝန္းက်င္က ေနအိမ္မွ ကားျဖင့္ ထြက္သြားခဲ့ၿပီးေနာက္၊ ျပန္လာခ်ိန္ၾကာေန၍ ဇနီးျဖစ္သူမွ ဖုန္းဆက္ၾကည့္ရာ ဖုန္းမကိုင္ေတာ့သျဖင့္ ဇနီးျဖစ္သူက လိုက္သြားရာ 1G1 ဟိုတယ္ေရွ႕ လမ္းမ၏ လမ္းသြယ္ေထာင့္ေပၚတြင္  ခင္ပြန္းျဖစ္သူ၏ ကားကိုေတြ႔ရၿပီး ကားနံေဘးတြင္ ခင္ပြန္းျဖစ္သူမွာ ပက္လက္အေနအထားျဖင့္ ေသနတ္ျဖင့္ ပစ္သတ္ခံထားရသည့္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပစ္ခတ္မႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၆၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္ စံုစမ္းေနေၾကာင္းႏွင့္ ၎ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသဆံုးသူႏွင့္ ပတ္သက္သူမ်ားအား စံုစမ္း ေဖာ္ထုတ္ရာမွ ထိုင္းႏိုင္ငံသား (၃)ဦးထံက မူးယစ္ေဆး၀ါးမ်ား ေတြ႔ရွိရ၍ ဆက္လက္၍ အမႈဖြင့္ အေရးယူထားၿပီး လူသတ္တရားခံအား အျမန္ဆံုးဖမ္းဆီးရမိေရးအတြက္ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖဲြ႔မ်ားမွ ႀကိဳးပမ္းေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၏ ဇန္န၀ါရီလ(၂၁)ရက္ေန႔မွ ေဖေဖာ္၀ါရီလ(၈)၇ရက္ေန႔အထိ (၁၈)ရက္အတြင္း ေသနတ္ပစ္မႈ (၃)ႀကိမ္ျဖစ္ပြားခဲ့ရာ ျမန္မာႏိုင္ငံသား လုပ္ငန္းရွင္တစ္ဦး၊ ထုိင္းႏုိင္ငံသား တစ္ဦးတို႔ ေသဆံုးၿပီး တစ္ဦးမွာ ဒဏ္ရာရသြားခဲ့ရာ ေသနတ္ျဖင့္ ပစ္ခတ္မႈက်ဴးလြန္ခဲ့သည့္ ထုိင္းႏုိင္ငံသားတစ္ဦး အပါအဝင္ က်ဴးလြန္သူအားလံုး လြတ္ေျမာက္ေနဆဲျဖစ္သည္။

သတင္း - ဟန္စိုးထိုက္ ( Tachileik News Agency )
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ ည (၈) နာရီကျော်က သေနတ်ဖြင့် ပစ်သတ်ခံရသည့် ထိုင်းနိုင်ငံသား လေး(ခ) Mr.Wuttichai Gobua၏ ရုပ်အလောင်းအား တာချီလိတ်မြို့သို့ ရောက်ရှိလာသည့်၎င်း၏မိဘများမှ ထိုင်းနိုင်ငံ၊ အူဘွန်းလက်ချ်ဌာနီး ခရိုင်၊ တပွန်ပထွန်မြို့သို့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နေ့လည် (၁) နာရီခွဲ အချိန်က နယ်စပ်ချောင်းမှ တဆင့် ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။

၎င်း၏ရုပ်အလောင်းကို မိခင်ဖြစ်သူ နှင့် အကိုဖြစ်သူတို့မှ လာရောက်သယ်ဆောင်ခြင်းဖြစ်ပြီး နေ့လည် (၁၂) နာရီတွင် သံဃာတော် (၄) ပါးဖြင့် သက်ပျောက်တရားနာကြားခဲ့ပြီး ထိုင်းနိုင်ငံနှင့် တာချီလိတ်မြို့မှ၎င်း၏ဆွေမျိုးများနှင့် အသိမိတ်ဆွေ လူ (၂၀) ခန့်လာရောက်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်တစ်စီး၊ နာရေးကူညီမှု ယာဉ်တစ်စီးဖြင့် တာချီလိတ်မြို့ မယ်ဆိုင်ချောင်းမှတဆင့် မယ်ဆိုင် သျဲန်လွန်းကျိုင်း လူမှုကူညီရေးအဖွဲ့နှင့် ချိတ်ဆက်ကာ ကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူနှင့် ပတ်သက်၍ ဖြစ်စဉ်အကျဉ်းမှာ လေး(ခ) Mr.Wuttichai Gobua သည် နေအိမ်တွင်ရှိနေစဉ် ပိုက်ဆံလာယူရန် ဖုန်းဆက်ခေါ်သဖြင့် ည(၉)နာရီဝန်းကျင်က နေအိမ်မှ ကားဖြင့် ထွက်သွားခဲ့ပြီးနောက်၊ ပြန်လာချိန်ကြာနေ၍ ဇနီးဖြစ်သူမှ ဖုန်းဆက်ကြည့်ရာ ဖုန်းမကိုင်တော့သဖြင့် ဇနီးဖြစ်သူက လိုက်သွားရာ 1G1 ဟိုတယ်ရှေ့ လမ်းမ၏ လမ်းသွယ်ထောင့်ပေါ်တွင် ခင်ပွန်းဖြစ်သူ၏ ကားကိုတွေ့ရပြီး ကားနံဘေးတွင် ခင်ပွန်းဖြစ်သူမှာ ပက်လက်အနေအထားဖြင့် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၆၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် စုံစမ်းနေကြောင်းနှင့်၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူနှင့် ပတ်သက်သူများအား စုံစမ်း ဖော်ထုတ်ရာမှ ထိုင်းနိုင်ငံသား (၃)ဦးထံက မူးယစ်ဆေးဝါးများ တွေ့ရှိရ၍ ဆက်လက်၍ အမှုဖွင့် အရေးယူထားပြီး လူသတ်တရားခံအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ပြည်နယ်/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၏ ဇန်နဝါရီလ(၂၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၈)၇ရက်နေ့အထိ (၁၈)ရက်အတွင်း သေနတ်ပစ်မှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တစ်ဦး၊ ထိုင်းနိုင်ငံသား တစ်ဦးတို့ သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရသွားခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦး အပါအဝင် ကျူးလွန်သူအားလုံး လွတ်မြောက်နေဆဲဖြစ်သည်။

သတင်း - ဟန်စိုးထိုက် ( Tachileik News Agency )
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~