ထိုင်းနိုင်ငံသို့ ပွဲစားမှ လိမ်လည်ပို့ဆောင်ပေးထားသည့် မြန်မာလုပ်သား (၅)ဦး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးနေ

ထိုင်းနိုင်ငံသို့ ပွဲစားမှ လိမ်လည်ပို့ဆောင်ပေးထားသည့် မြန်မာလုပ်သား (၅)ဦး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးနေ
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency


အဆိုပါ မြန်မာနိုင်ငံသား (၅)ဦး အပါအဝင် စုစုပေါင်း (၁၅)ဦးကို ထိုင်းနိုင်ငံတွင် တစ်နေ့လျှင် ဘတ်(၁,၀၀၀)နှုန်းဖြင့် တရားဝင် အလုပ်အကိုင်ရမည်ဟုဆိုကာ တစ်ဦးလျှင် ကျပ်(၇)သိန်းနှုန်းရယူပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ၊ ဆင်ဖြူတိုင်ရွာအနီးရှိ ထီးခီးနယ်စပ်ဂိတ်မှ တစ်ဆင့်နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်(Border Pass)ဖြင့် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလအတွင်းက ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ခံရသဖြင့် အခက်အခဲကြုံတွေ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၂၄၆)ဦးကို ၂၀၁၈ ခုနှစ်အတွင်း အလုပ်သမားသံအရာရှိရုံးက ကူညီခဲ့ရပြီး ထိုင်းနိုင်ငံတွင်း အလုပ် လုပ်ကိုင်ရာတွင် တရားဝင်လာရောက်လုပ်ကိုင်ကြရန်နှင့် ထိုင်းနိုင်ငံတွင်းရောက်နေသည့် မြန်မာလုပ်သားများ အနေဖြင့် အကူအညီလိုအပ်ပါက အလုပ်သမားသံအရာရှိရုံး ဖုန်းနံပါတ်များဖြစ်သည့် ၀၉၄၈၈၄၅၄၈၄၊ ၀၆၅၂၂၀၆၉၅၂၊ ၀၆၅၃၂၀၆၉၅၃၊ ၀၆၅၂၂၀၆၉၅၁နှင့် ၀၉၉၀၅၉၂၃၅၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - LA-Thailand


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ် မုတ်ခဲ၊ ရွှေချောင်း၊ မြောင်းခြားနှင့် အိုင်မကျေးရွာတို့မှ အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို အလုပ်သမားသံ အရာရှိရုံးက ခေါ်ဆောင်ထားပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ကာ တရားဝင်အလုပ် လုပ်ကိုင်ခွင့်ရရေး ကူညီပေးနေကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား (၅)ဦး အပါအဝင် စုစုပေါင်း (၁၅)ဦးကို ထိုင်းနိုင်ငံတွင် တစ်နေ့လျှင် ဘတ်(၁,ဝဝဝ)နှုန်းဖြင့် တရားဝင် အလုပ်အကိုင်ရမည်ဟုဆိုကာ တစ်ဦးလျှင် ကျပ်(၇)သိန်းနှုန်းရယူပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ၊ ဆင်ဖြူတိုင်ရွာအနီးရှိ ထီးခီးနယ်စပ်ဂိတ်မှ တစ်ဆင့်နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်(Border Pass)ဖြင့် ၂၀၁၈ခုနှစ်၊ အောက်တို်ဘာလအတွင်းက ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ခံရသူများသည် တရားဝင်အလုပ် လုပ်ကိုင်သည့် MOU စနစ်ကို နားလည်ခြင်းမရှိဘဲ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရာမှ မိမိတို့မှာ တရားမဝင်လုပ်သားများဖြစ်နေကြောင်း သိရသဖြင့် အသိမိတ်ဆွေများ၏ နေအိမ်ခန်းတွင် ပုန်းအောင်းနေထိုင်လာရာမှ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် အလုပ်သမားသံအရာရှိရုံးထံ ဆက်သွယ်အကူအညီတောင်းလာခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိရုံးက အဆိုပါ မြန်မာနိုင်ငံသား(၅)ဦးကို ဘန်ကောက်မြို့ရှိ MOEAF (thai) CALL CENTRE တွင် ခေါ်ယူထားပြီး တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရေးနှင့် မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်ပေးရေးကို ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ခံရသဖြင့် အခက်အခဲကြုံတွေ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၂၄၆)ဦးကို ၂၀၁၈ ခုနှစ်အတွင်း အလုပ်သမားသံအရာရှိရုံးက ကူညီခဲ့ရပြီး ထိုင်းနိုင်ငံတွင်း အလုပ် လုပ်ကိုင်ရာတွင် တရားဝင်လာရောက်လုပ်ကိုင်ကြရန်နှင့် ထိုင်းနိုင်ငံတွင်းရောက်နေသည့် မြန်မာလုပ်သားများ အနဖြေင့် အကူအညီလိုအပ်ပါက အလုပ်သမားသံအရာရှိရုံး ဖုန်းနံပါတ်များဖြစ်သည့် ဝ၉၄၈၈၄၅၄၈၄၊ ဝ၆၅၂၂၀၆၉၅၂၊ ဝ၆၅၃၂၀၆၉၅၃၊ ဝ၆၅၂၂၀၆၉၅၁နှင့် ဝ၉၉၀၅၉၂၃၅၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - LA-Thailand

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~