တာခ်ီလိတ္၌ ျပဳလုပ္မည့္ ဖူဆယ္တာခ်ီလိတ္ေဘာလံုးကြင္းဖြင့္ပြဲတြင္ ျမန္မာ့ေဘာလံုးလက္ေရြးစင္ေဟာင္း မ်ိဳးလိႈင္ဝင္းက ၿမိဳ႕ခံလူငယ္မ်ားႏွင့္ ေဘာလံုးကစားမည္

တာခ်ီလိတ္၌ ျပဳလုပ္မည့္ ဖူဆယ္တာခ်ီလိတ္ေဘာလံုးကြင္းဖြင့္ပြဲတြင္ ျမန္မာ့ေဘာလံုးလက္ေရြးစင္ေဟာင္း မ်ိဳးလိႈင္ဝင္းက ၿမိဳ႕ခံလူငယ္မ်ားႏွင့္ ေဘာလံုးကစားမည္
ဖေဖော်ဝါရီ 3, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဖူဆယ္တာခ်ီလိတ္ေဘာလံုးကြင္းဖြင့္ပြဲကို ၂၀၁၉ ခုႏွစ္၊  ေဖေဖာ္၀ါရီလ ( ၅ ) ရက္ေန႔ ညေန (၄) နာရီတြင္ က်င္းပမည္ျဖစ္ၿပီး ျမန္မာ့လက္ရြးစင္ ေဘာလံုုး သမားေဟာင္း မ်ိဳးလိႈင္ဝင္းက ကြင္းဖြင့္ပြဲ အမွတ္တရအျဖစ္ ၿမိဳ႕ခံလူငယ္ကစားသမားမ်ားႏွင့္ ေဘာလံုးကစားသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဖြင့္ပြဲမွာ ဦးမ်ိဳးလိႈင္ဝင္းက အမွတ္တရ စကားေျပာမယ္။ ၿပီးေတာ့ ဒီက ကေလးေတြနဲ႔ ေဘာလံုးကစားမယ္။ တစ္ပြဲကစား မလား၊ ႏွစ္ပြဲကစားမလား မသိဘူး။ ကိုစိုးျမတ္မင္းကေတာ့ ႏိုင္ငံျခားေရာက္ေနလို႔ မလာႏိုင္ဘူး”ဟု ဖူဆယ္ေဘာလံုးကြင္းပိုင္ရွင္ ဦးထြန္းထြန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြင္းဖြင့္ပြဲေန႔တြင္ လက္ရိွက်င္းပေနသည့္ ဖူဆယ္တာခ်ီလိတ္ ျမက္ခင္းတုဖူဆယ္ေဘာလံုးကြင္းသစ္ ဖြင့္ပြဲ အထိမ္းအမွတ္ အမ်ိဳးသား(အလြတ္တန္း) ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲအား ေဖေဖာ္၀ါရီလ(၅)ရက္ေန႔တြင္ က်င္းပမည္ျဖစ္ၿပီး ဆုရအသင္းမ်ားအား ဆုခ်ီးျမႇင့္ျခင္းႏွင့္ ဧည့္ပရိတ္သတ္မ်ား ေကၽြးေမြးဧည့္ခံျခင္းတုိ႔လည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္၊ တာခ်ီလိတ္ျပည္သူ႔ေဆးရံုအနီး၊ ဘိုးဘြားရိပ္သာလမ္းတြင္ ဖူဆယ္တာခ်ီလိတ္၏ ျမက္ခင္းတုဖူဆယ္ ေဘာလံုးကြင္းသစ္ဖြင့္ပြဲ အထိမ္းအမွတ္ အျဖစ္ အမ်ိဳးသား(အလြတ္တန္း) ေဘာလံုးၿပိဳင္ပြဲကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ (၂၉)ရက္ေန႔က စတင္က်င္းပေနျခင္းျဖစ္သည္။

အဆိုပါ ဖူဆယ္ေဘာလံုးကြင္းတြင္ ဖူဆယ္ကြင္းေသးႏွင့္ ဖူဆယ္ကြင္းႀကီး (၂)ခုခြဲ၍ ဖြင့္လွစ္ေပးထားၿပီး နံနက္ (၆)နာရီမွ ညေန (၁၀)နာရီအထိ လာေရာက္ကစားႏိုင္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဖူဆယ်တာချီလိတ်ဘောလုံးကွင်းဖွင့်ပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၅ ) ရက်နေ့ ညနေ (၄) နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွးစင် ဘောလုံး သမားဟောင်း မျိုးလှိုင်ဝင်းက ကွင်းဖွင့်ပွဲ အမှတ်တရအဖြစ် မြို့ခံလူငယ်ကစားသမားများနှင့် ဘောလုံးကစားသွားမည်ဖြစ်ကြောင်း သိရသည်။

“ဖွင့်ပွဲမှာ ဦးမျိုးလှိုင်ဝင်းက အမှတ်တရ စကားပြောမယ်။ ပြီးတော့ ဒီက ကလေးတွေနဲ့ ဘောလုံးကစားမယ်။ တစ်ပွဲကစား မလား၊ နှစ်ပွဲကစားမလား မသိဘူး။ ကိုစိုးမြတ်မင်းကတော့ နိုင်ငံခြားရောက်နေလို့ မလာနိုင်ဘူး”ဟု ဖူဆယ်ဘောလုံးကွင်းပိုင်ရှင် ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွင်းဖွင့်ပွဲနေ့တွင် လက်ရှိကျင်းပနေသည့် ဖူဆယ်တာချီလိတ် မြက်ခင်းတုဖူဆယ်ဘောလုံးကွင်းသစ် ဖွင့်ပွဲ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအား ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဆုရအသင်းများအား ဆုချီးမြှင့်ခြင်းနှင့် ဧည့်ပရိတ်သတ်များ ကျွေးမွေးဧည့်ခံခြင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်၊ တာချီလိတ်ပြည်သူ့ဆေးရုံအနီး၊ ဘိုးဘွားရိပ်သာလမ်းတွင် ဖူဆယ်တာချီလိတ်၏ မြက်ခင်းတုဖူဆယ် ဘောလုံးကွင်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့က စတင်ကျင်းပနခြေင်းဖြစ်သည်။

အဆိုပါ ဖူဆယ်ဘောလုံးကွင်းတွင် ဖူဆယ်ကွင်းသေးနှင့် ဖူဆယ်ကွင်းကြီး (၂)ခုခွဲ၍ ဖွင့်လှစ်ပေးထားပြီး နံနက် (၆)နာရီမှ ညနေ (၁၀)နာရီအထိ လာရောက်ကစားနိုင်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~