ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္း စိုက္ခင္းမ်ားတြင္ ငေျမႇာင္ေတာင္ပိုး ေတြ႔ေသာ္လည္း ေဆးသံုးစြဲရမည့္အဆင့္ မေရာက္ေသး

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္း စိုက္ခင္းမ်ားတြင္ ငေျမႇာင္ေတာင္ပိုး ေတြ႔ေသာ္လည္း ေဆးသံုးစြဲရမည့္အဆင့္ မေရာက္ေသး
ဖေဖော်ဝါရီ 3, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ စိုက္ခင္းမ်ားတြင္ ငေျမႇာင္ေတာင္ပိုး (Fall Army Worm -FAW)က်သည္ကို ေတြ႕ရေသာ္လည္း ေဆးသံုးစြဲရမည့္ အဆင့္သို႔ မေရာက္ရိွေသးေသာ္လည္း ကြင္းဆင္းစစ္ေဆးမႈမ်ား ဆက္တိုက္ ျပဳလုပ္ေနေၾကာင္း သိရသည္။

ငေျမႇာင္ေတာင္ပိုး (Fall Army Worm -FAW)မွာ က်ဴးေက်ာ္ဖ်က္ပိုး အမ်ိဳးအစားျဖစ္ၿပီး ျမန္မာႏိုင္ငံသို႔ အျခားႏိုင္ငံမ်ားမွ ၀င္ေရာက္လာျခင္းျဖစ္ကာ အိႏၵိယႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံမ်ားမွ တဆင့္ ၀င္ေရာက္လာျခင္းျဖစ္မည္ဟု ခန္႔မွန္းထားၾကသည္။

“ရွမ္းျပည္နယ္ က်ိဳင္းတံုမွာေတြ႕တာက ဓာတ္ခြဲခန္းပို႔ၿပီး စစ္တယ္။ ဒီ FAW ေပါ့ေနာ္။ Fall Army Worm ပဲေပါ့။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ကြင္းဆင္းေတာ့လည္း နည္းနည္းပါးပါးေတာ့ ေတြ႕တာေပါ့။ အဲဒီအမ်ိဳးအစား မဟုတ္တဲ့ဟာေတြလည္း ရိွတာေပါ့။ အဲဒါေတြေတြ႕ေတာ့ ကၽြန္ေတာ္တို႔ ႀကိဳၿပီးေတာ့ ကာကြယ္လို႔ရေအာင္ ရြာေတြၿပီးေအာင္ ဆင္းေနရတယ္”ဟု စိုက္ပ်ိဳးေရးဦးစီးဌာနမွ တာခ်ီလိတ္ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းခင္ေဇာ္လတ္က ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၂) ရက္ေန႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ငေျမႇာင္ေတာင္ပိုးေတြ႕ရသည့္ တာခ်ီလိတ္ၿမိဳ႕နယ္ တာေလၿမိဳ႕၊ မိုင္းကိုးေက်းရြာအုပ္စုႏွင့္ ဖန္မင္ေက်းရြာ အုပ္စုမ်ားရိွ စုိက္ခင္းမ်ားသို႔ ၂၀၁၈ ႏို၀င္ဘာ၊ ဒီဇင္ဘာလအတြင္းက ကြင္းဆင္း စစ္ေဆးၿပီးေနာက္ အသိပညာေပး ဗီႏိုင္း၊ လက္ကမ္း စာေစာင္မ်ား ေဝငွျခင္း၊ အသိပညာေပး ေဟာေျပာပြဲမ်ား လုပ္ေဆာင္ျခင္းမ်ားကို လုပ္ေဆာင္ေနၿပီး ပိုးသတ္ေဆးသံုးရန္ လိုအပ္ပါက အဆင္သင့္ျဖစ္ေစရန္ လုပ္ေဆာင္ထားေၾကာင္း သိရသည္။

“ကၽြန္ေတာ္ဌာနက ႀကိဳတင္ျပင္ဆင္ထားပါတယ္။ ေဆးသံုးတဲ့ဥစၥာကို ကၽြန္ေတာ္တို႔ ေတာင္သူေတြ သိေအာင္ ေပးထားပါတယ္။ ေဆးသံုးရတဲ႔ အဆင့္ထိ မေရာက္ေသးဘူးေပါ့ဗ်ာ။ ေရာက္ၿပီဆိုရင္လည္း ကၽြန္ေတာ္တို႔ ကိုယ္တိုင္ဦးစီးၿပီးမွပဲ ကၽြန္ေတာ္တို႔က ျဖန္းခိုင္းမွာေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းခင္ေဇာ္လတ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာနတို႔ပူးေပါင္း၍ ေဒသခံ ေတာင္သူမ်ားအား ငေျမွာင္ေတာင္ပိုး Fall Army Worm(FAW) ႏွင့္ ပတ္သက္သည့္ ႀကိဳတင္ကာကြယ္ ႏွိမ္နင္းေရး အသိပညာေပးသင္တန္းကုိ ေဖေဖာ္၀ါရီလ (၁) ရက္ေန႔က က လြယ္ေတာ္ခမ္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးရုံးခန္းမတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရွိရသည္။

ငေျမႇာင္ေတာင္ပိုးမွာ စိုက္ခင္းမ်ားကို ဖ်က္ဆီးႏုိင္စြမ္း အျမင့္ဆံုးဖ်က္ပိုးမ်ားျဖစ္ၿပီး ငေျမႇာင္ေတာင္ဖလံမ်ားသည္ တစ္ညလွ်င္ မုိင္(၆၀)ေက်ာ္အထိ ပ်ံသန္းႏုိင္ၿပီး ဖလံအမတစ္ေကာင္လွ်င္ ဥေပါင္း (၁၀၀)မွ (၁၅၀)ေက်ာ္အထိ ဥခ်ႏုိင္ေၾကာင္း သိရသည္။

အဆိုပါ ဖလံပိုးဥမ်ားသည္ ႏွစ္ရက္မွ သံုးရက္အတြင္း ေလာက္ေကာင္မ်ားအျဖစ္ ေပါက္ပြားကာ အရြက္မ်က္ႏွာျပင္ေအာက္ဘက္ကို ျခစ္၍ စားေသာက္ၾကျခင္းျဖစ္ကာ ကိုက္ျဖတ္စားသည့္ အေကာင္အရြယ္ေရာက္လာပါက ႏွိမ္ႏွင္းရခက္ခဲေလ့ရိွေၾကာင္း သိရသည္။

ေတာင္သူမ်ားအေနျဖင့္ မိမိတို႔စိုက္ခင္းတြင္ ငေျမႇာင္ေတာင္ပိုး က်ေရာက္သည့္လကၡဏာမ်ားေတြ႔ရပါက နီးစပ္ရာစိုက္ပ်ိဳးေရးဦးစီးဌာနမ်ားသို႔ အျမန္ဆံုးဆက္သြယ္အေၾကာင္းၾကားၿပီး အကူအညီရယူႏုိင္ေၾကာင္း သိရသည္။

သတင္း - #ဟန္စိုးထုိက္
ဓါတ္ပံု - စိုက္ပ်ဳိးေရး


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ စိုက်ခင်းများတွင် ငမြှောင်တောင်ပိုး (Fall Army Worm -FAW)ကျသည်ကို တွေ့ရသော်လည်း ဆေးသုံးစွဲရမည့် အဆင့်သို့ မရောက်ရှိသေးသော်လည်း ကွင်းဆင်းစစ်ဆေးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

ငမြှောင်တောင်ပိုး (Fall Army Worm -FAW)မှာ ကျူးကျော်ဖျက်ပိုး အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ ဝင်ရောက်လာခြင်းဖြစ်ကာ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ တဆင့် ဝင်ရောက်လာခြင်းဖြစ်မည်ဟု ခန့်မှန်းထားကြသည်။

“ရှမ်းပြည်နယ် ကျိုင်းတုံမှာတွေ့တာက ဓာတ်ခွဲခန်းပို့ပြီး စစ်တယ်။ ဒီ FAW ပေါ့နော်။ Fall Army Worm ပဲပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကွင်းဆင်းတော့လည်း နည်းနည်းပါးပါးတော့ တွေ့တာပေါ့။ အဲဒီအမျိုးအစား မဟုတ်တဲ့ဟာတွေလည်း ရှိတာပေါ့။ အဲဒါတွေတွေ့တော့ ကျွန်တော်တို့ ကြိုပြီးတော့ ကာကွယ်လို့ရအောင် ရွာတွပြေီးအောင် ဆင်းနေရတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ငမြှောင်တောင်ပိုးတွေ့ရသည့် တာချီလိတ်မြို့နယ် တာလမြေို့၊ မိုင်းကိုးကျေးရွာအုပ်စုနှင့် ဖန်မင်ကျေးရွာ အုပ်စုများရှိ စိုက်ခင်းများသို့ ၂၀၁၈ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်းက ကွင်းဆင်း စစ်ဆေးပြီးနောက် အသိပညာပေး ဗီနိုင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်း၊ အသိပညာပေး ဟောပြောပွဲများ လုပ်ဆောင်ခြင်းများကို လုပ်ဆောင်နပြေီး ပိုးသတ်ဆေးသုံးရန် လိုအပ်ပါက အဆင်သင့်ဖြစ်စေရန် လုပ်ဆောင်ထားကြောင်း သိရသည်။

“ကျွန်တော်ဌာနက ကြိုတင်ပြင်ဆင်ထားပါတယ်။ ဆေးသုံးတဲ့ဥစ္စာကို ကျွန်တော်တို့ တောင်သူတွေ သိအောင် ပေးထားပါတယ်။ ဆေးသုံးရတဲ့ အဆင့်ထိ မရောက်သေးဘူးပေါ့ဗျာ။ ရောက်ပြီဆိုရင်လည်း ကျွန်တော်တို့ ကိုယ်တိုင်ဦးစီးပြီးမှပဲ ကျွန်တော်တို့က ဖြန်းခိုင်းမှာပေါ့”ဟု တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က ပြောသည်။

တာချီလိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံ တောင်သူများအား ငမြှောင်တောင်ပိုး Fall Army Worm(FAW) နှင့် ပတ်သက်သည့် ကြိုတင်ကာကွယ် နှိမ်နင်းရေး အသိပညာပေးသင်တန်းကို ဖေဖော်ဝါရီလ (၁) ရက်နေ့က က လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ငမြှောင်တောင်ပိုးမှာ စိုက်ခင်းများကို ဖျက်ဆီးနိုင်စွမ်း အမြင့်ဆုံးဖျက်ပိုးများဖြစ်ပြီး ငမြှောင်တောင်ဖလံများသည် တစ်ညလျှင် မိုင်(၆၀)ကျော်အထိ ပျံသန်းနိုင်ပြီး ဖလံအမတစ်ကောင်လျှင် ဥပေါင်း (၁၀၀)မှ (၁၅၀)ကျော်အထိ ဥချနိုင်ကြောင်း သိရသည်။

အဆိုပါ ဖလံပိုးဥများသည် နှစ်ရက်မှ သုံးရက်အတွင်း လောက်ကောင်များအဖြစ် ပေါက်ပွားကာ အရွက်မျက်နှာပြင်အောက်ဘက်ကို ခြစ်၍ စားသောက်ကြခြင်းဖြစ်ကာ ကိုက်ဖြတ်စားသည့် အကောင်အရွယ်ရောက်လာပါက နှိမ်နှင်းရခက်ခဲလေ့ရှိကြောင်း သိရသည်။

တောင်သူများအနဖြေင့် မိမိတို့စိုက်ခင်းတွင် ငမြှောင်တောင်ပိုး ကျရောက်သည့်လက္ခဏာများတွေ့ရပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပြီး အကူအညီရယူနိုင်ကြောင်း သိရသည်။

သတင်း - #ဟန်စိုးထိုက်
ဓာတ်ပုံ - စိုက်ပျိုးရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~