တရားမ၀င် ပြည်ပငွေလွှဲပို့ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ထိန်းကျောင်းမည့် အစီအစဉ်ကို ၂၀၁၉ခုနှစ်အတွင်း အပြီးရေးဆွဲမည်

တရားမ၀င် ပြည်ပငွေလွှဲပို့ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ထိန်းကျောင်းမည့် အစီအစဉ်ကို ၂၀၁၉ခုနှစ်အတွင်း အပြီးရေးဆွဲမည်
ဖေဖော်ဝါရီ 6, 2019
By Tachileik News Agency

ပြည်ပငွေလွှဲလုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်ပြုရန် အပါအဝင် ထိန်းကျောင်းမည့် အစီအစဉ်ကို ရေးဆွဲနေပြီး၂၀၁၉ ခုနှစ်အတွင်း ပြီးစီးရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


တရားမဝင် လွှဲပို့ခြင်းများကြောင့် နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးရသဖြင့် ထိန်းကျောင်းနိုင်ရေးအတွက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် တာဝန်ရှိသူများသည် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည့် အပြင် အမေရိကန် ဘဏ္ဍာရေးဌာနနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ငွေလွှဲပို့လုပ်ငန်းများကို ထိန်းကျောင်းမည့် အစီအစဉ်ကို ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် ငွေလွှဲလုပ်ငန်းများ မသမာမှုပြုခြင်း၊ တိမ်းရှောင်ခြင်းများကြောင့် ငွေလွှဲသူများ ဆုံးရှုံးမှုမရှိစေရန် အာမခံငွေထားရှိပြီးမှ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းကဲ့သို့ စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ပြည်ပသို့ တရားမဝင်ငွေလွှဲ ဝန်ဆောင်မှု (Hondi) နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပသို့ တရားဝင်ငွေလွှဲခွင့်ပြုထားသည့် ဘဏ် အရေအတွက် နှင့် နိုင်ငံသား (၁) ဦးလျှင် တရားဝင် ငွေလွှဲခွင့် ပြုထားသည့် စုစုပေါင်း ငွေကြေးပမာဏအား သိလိုခြင်း၊ ပြည်ပသို့ တရားမဝင် ငွေကြေး လွှဲပြောင်းခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာအနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း၊ တရားမဝင် ငွေကြေးလွှဲပြောင်းခြင်း ကြောင့် နိုင်ငံအပေါ် ဖြစ်ပေါ်လာသည့် အကျိုးဆက်တို့ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄)ရက်နေ့က မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုးက မေးမြန်းခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်ပငွေလွှဲလုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်ပြုရန် အပါအဝင် ထိန်းကျောင်းမည့် အစီအစဉ်ကို ရေးဆွဲနပြေီး၂၀၁၉ ခုနှစ်အတွင်း ပြီးစီးရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားတစ်ဦးကို တစ်ပတ်လျှင် ဒေါ်လာတစ်သောင်းအထိကို ပြည်ပငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်ရထားသည့် နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်း ပုဂ္ဂလိကဘဏ် (၁၉) ဘဏ်၊ နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲ (၁၃) ဘဏ် စုစုပေါင်း (၃၅) ဘဏ်တွင် ဆောင်ရွက်ခွင့်ကို နိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားကြောင်း သိရသည်။

တရားမဝင် လွှဲပို့ခြင်းများကြောင့် နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးရသဖြင့် ထိန်းကျောင်းနိုင်ရေးအတွက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် တာဝန်ရှိသူများသည် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည့် အပြင် အမေရိကန် ဘဏ္ဍာရေးဌာနနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ငွေလွှဲပို့လုပ်ငန်းများကို ထိန်းကျောင်းမည့် အစီအစဉ်ကို ရေးဆွဲနခြေင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် ငွေလွှဲလုပ်ငန်းများ မသမာမှုပြုခြင်း၊ တိမ်းရှောင်ခြင်းများကြောင့် ငွေလွှဲသူများ ဆုံးရှုံးမှုမရှိစေရန် အာမခံငွေထားရှိပြီးမှ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းကဲ့သို့ စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင်နပြေီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ငွေလွှဲလုပ်ငန်းများဖြင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုထောက်ပံ့မှုများ မဖြစ်စေရန်အတွက် နိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှုဥပဒေကို လိုအပ်သည့် ပြင်ဆင်မှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ တရားမဝင်ငွေလွှဲ ဝန်ဆောင်မှု (Hondi) နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနဖြေင့် ပြည်ပသို့ တရားဝင်ငွေလွှဲခွင့်ပြုထားသည့် ဘဏ် အရေအတွက် နှင့် နိုင်ငံသား (၁) ဦးလျှင် တရားဝင် ငွေလွှဲခွင့် ပြုထားသည့် စုစုပေါင်း ငွေကြေးပမာဏအား သိလိုခြင်း၊ ပြည်ပသို့ တရားမဝင် ငွေကြေး လွှဲပြောင်းခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာအနဖြေင့် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း၊ တရားမဝင် ငွေကြေးလွှဲပြောင်းခြင်း ကြောင့် နိုင်ငံအပေါ် ဖြစ်ပေါ်လာသည့် အကျိုးဆက်တို့ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့က မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုးက မေးမြန်းခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~