ရွမ္းျပည္နယ္အတြင္းရွိ တာေကာ္တံတား ႏွင့္ ကြမ္လံုတံတားမ်ားကို အသစ္ျပန္လည္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား

ရွမ္းျပည္နယ္အတြင္းရွိ တာေကာ္တံတား ႏွင့္ ကြမ္လံုတံတားမ်ားကို အသစ္ျပန္လည္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား
ဖေဖော်ဝါရီ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္းရွိ တာေကာ္တံတားႏွင့္ ကြမ္လံုတံတားမ်ားကိုလည္း အသစ္ျပန္လည္ တည္ေဆာက္မည္ ျဖစ္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၆)ရက္ေန႔က ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွ မုိင္းတံုၿမိဳ႕နယ္ရိွ သံလြင္တံတား(တာဆန္း) တည္ေဆာက္ေရး စီမံကိန္း ပႏၷက္တင္ အခမ္းအနား မိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားသြားသည္။

ရွမ္းျပည္နယ္တြင္ သံလြင္ျမစ္ကိုု ျဖတ္သန္းတည္ေဆာက္ထားသည့္ တံတား (၅) စင္းရိွသည့္အနက္ သက္တမ္း (၅၀)ရိွေနသည့္ ကြမ္လံုတံတားႏွင့္ သက္တမ္း (၄၅)ႏွစ္ ရိွေနသည့္ တာေကာ္တံတား တုိ႔ကိုလည္း အသစ္ျပန္လည္ျပဳျပင္တည္ေဆာက္ရန္ရိွေနေၾကာင္း ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ထည့္သြင္း ေျပာၾကားသြားျခင္းျဖစ္သည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္းတုိ႔ကိုဆက္သြယ္ထားသည့္ သံလြင္တံတား(တာဆန္း) တံတားသစ္သည္ (၂၆၁.၇၂၃) မီတာရွည္လ်ားၿပီး ပင္မတံတားမီတာ (၂၀၀)၊ တံတားအက်ယ္ (၁၀. ၅)မီတာ၊ ကားလမ္း (၈. ၅)မီတာ၊ လူသြားလမ္း တစ္ဖက္လ်ွင္(၁)မီတာ၊ ေရလမ္းကင္းလြတ္အက်ယ္(၂၀၀)မီတာ၊ အျမင့္(၈)မီတာရိွမည္ျဖစ္ေၾကာင္း သိရသည္။

တံတားခံႏိုင္ဝန္မွာ ယာဥ္တစ္စီးခ်င္း ခြင့္ျပဳတန္(၇၅)တန္ရိွမည္ျဖစ္ကာ က်ပ္သန္းေပါင္း (၁၃၀၀၀) ကုန္က်မည္ဟု ခန္႔မွန္းထားျခင္းျဖစ္သည္။

အဆိုပါ ပႏၷက္တင္အခမ္းအနားတြင္ မုိင္းတံုႏွင့္ မိုင္းပန္ၿမိဳ႕နယ္မ်ားမွ ေဒသခံမ်ားအတြက္ ဆန္၊ဆီ၊ဆား၊ငါးေျခာက္မ်ားကိုလည္း ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္က ေထာက္ပံ့ပစၥည္းမ်ားအျဖစ္ ေပးအပ္ေၾကာင္း သိရသည္။

တံတားပႏၷက္တင္အခမ္းအနားသို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၊ နယ္စပ္ေရးရာဝန္ႀကီးဌာန၊ ျပည္ ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူ၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္၊ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ ရွမ္းျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးတို႔လည္း တက္ေရာက္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ အဖြဲ႔သည္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ ခရီးစဥ္အျဖစ္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၅)ရက္ေန႔က တာခ်ီလိတ္၊ မိုင္းေယာင္း ႏွင့္ က်ဳိင္းတံုၿမိဳ႕သို႔ ေရာက္ရွိၿပီးေနာက္ ေဖေဖာ္၀ါရီလ(၆)ရက္ေန႔တြင္ မိုင္းတံု ႏွင့္ မိုင္းဆတ္ၿမိဳ႕သို႔ ေရာက္ရွိလာျခင္းျဖစ္သည္။

သတင္း - သန္းေဇာ္ဦး
ဓါတ္ပံု - ျမင့္ေမာင္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အတွင်းရှိ တာကော်တံတားနှင့် ကွမ်လုံတံတားများကိုလည်း အသစ်ပြန်လည် တည်ဆောက်မည် ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ မိုင်းတုံမြို့နယ်ရှိ သံလွင်တံတား(တာဆန်း) တည်ဆောက်ရေး စီမံကိန်း ပန္နက်တင် အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

ရှမ်းပြည်နယ်တွင် သံလွင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတား (၅) စင်းရှိသည့်အနက် သက်တမ်း (၅၀)ရှိနေသည့် ကွမ်လုံတံတားနှင့် သက်တမ်း (၄၅)နှစ် ရှိနေသည့် တာကော်တံတား တို့ကိုလည်း အသစ်ပြန်လည်ပြုပြင်တည်ဆောက်ရန်ရှိနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ကိုဆက်သွယ်ထားသည့် သံလွင်တံတား(တာဆန်း) တံတားသစ်သည် (၂၆၁.၇၂၃) မီတာရှည်လျားပြီး ပင်မတံတားမီတာ (၂၀၀)၊ တံတားအကျယ် (၁၀. ၅)မီတာ၊ ကားလမ်း (၈. ၅)မီတာ၊ လူသွားလမ်း တစ်ဖက်လျှင်(၁)မီတာ၊ ရေလမ်းကင်းလွတ်အကျယ်(၂၀၀)မီတာ၊ အမြင့်(၈)မီတာရှိမည်ဖြစ်ကြောင်း သိရသည်။

တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်(၇၅)တန်ရှိမည်ဖြစ်ကာ ကျပ်သန်းပေါင်း (၁၃၀၀၀) ကုန်ကျမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

အဆိုပါ ပန္နက်တင်အခမ်းအနားတွင် မိုင်းတုံနှင့် မိုင်းပန်မြို့နယ်များမှ ဒေသခံများအတွက် ဆန်၊ဆီ၊ဆား၊ငါးခြောက်များကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပံ့ပစ္စည်းများအဖြစ် ပေးအပ်ကြောင်း သိရသည်။

တံတားပန္နက်တင်အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့လည်း တက်ရောက်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ခရီးစဉ်အဖြစ် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့က တာချီလိတ်၊ မိုင်းယောင်း နှင့် ကျိုင်းတုံမြို့သို့ ရောက်ရှိပြီးနောက် ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် မိုင်းတုံ နှင့် မိုင်းဆတ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

သတင်း - သန်းဇော်ဦး
ဓာတ်ပုံ - မြင့်မောင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~