က်ဳိင္းတံု - မိုင္းျဖတ္လမ္းေပၚ ဆိုင္းေလရြာအနီး လမ္းေဘးေခ်ာက္ထဲ ကားတစ္စီး ထိုးက်သြားရာမွ ယာဥ္ေမာင္း ေသဆံုး

က်ဳိင္းတံု - မိုင္းျဖတ္လမ္းေပၚ ဆိုင္းေလရြာအနီး လမ္းေဘးေခ်ာက္ထဲ ကားတစ္စီး ထိုးက်သြားရာမွ ယာဥ္ေမာင္း ေသဆံုး
ဖေဖော်ဝါရီ 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္ ဆုိင္းေလႏွင့္ ဆြတ္ပေလာင္ရြာၾကားတြင္ ေပ(၁၅၀)ခန္႔နက္သည့္ လမ္းေဘးေခ်ာက္ ေရေခ်ာင္းအတြင္း ေမာ္ေတာ္ယာဥ္တစ္စီး ထိုးက်သြားသျဖင့္ ယာဥ္ေမာင္းေသဆံုးၿပီး ယာဥ္ေနာက္လုိက္မွာ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

က်ိဳင္းတံု - မုိင္းျဖတ္လမ္း၊ ဆိုင္းေလရြာႏွင့္ ဆြတ္ပေလာင္ရြာၾကား မုိင္တုိင္ (၆၉၆/၆၉၇) KM ၾကား ဆုိင္းေလရြာ အနီးတြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၀)ရက္ေန႔ နံနက္ပိုင္းက  က်ိဳင္းတံုဘက္မွ မုိင္းျဖတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ (၆)ဘီးယာဥ္သည္ ေတာင္ေၾကာအေကြ႕တြင္ လမ္းေဘး ေရေခ်ာင္းအတြင္း ထိုးက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အသက္ (၂၈)ႏွစ္အရြယ္ ယာဥ္ေမာင္း ကိုသိန္း(ခ)ေက်ာ္ၿဖိဳးႏွင့္ အသက္ (၂၀)အရြယ္ ယာဥ္ေနာက္လုိက္ ေမာင္ဒါဇင္ျပည့္တုိ႔မွာ ဒဏ္ရာအျပင္းအထန္ရသြားသျဖင့္ မုိင္းျဖတ္ျပည္သူ႔ေဆးရံုသို႔ တင္ပို႔ခဲ့ရာ ယာဥ္ေမာင္းမွာ ေဆးရံုေရာက္ရိွစဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ကိုသိန္း(ခ)ေက်ာ္ၿဖိဳးကို မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ၂၇၉/၃၃၈/၃၀၄ - ကျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ကိုသာ
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဆိုင်းလေနှင့် ဆွတ်ပလောင်ရွာကြားတွင် ပေ(၁၅၀)ခန့်နက်သည့် လမ်းဘေးချောက် ရေချောင်းအတွင်း မော်တော်ယာဉ်တစ်စီး ထိုးကျသွားသဖြင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက်မှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ကျိုင်းတုံ - မိုင်းဖြတ်လမ်း၊ ဆိုင်းလေရွာနှင့် ဆွတ်ပလောင်ရွာကြား မိုင်တိုင် (၆၉၆/၆၉၇) KM ကြား ဆိုင်းလေရွာ အနီးတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသည့် (၆)ဘီးယာဉ်သည် တောင်ကြောအကွေ့တွင် လမ်းဘေး ရေချောင်းအတွင်း ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် အသက် (၂၈)နှစ်အရွယ် ယာဉ်မောင်း ကိုသိန်း(ခ)ကျော်ဖြိုးနှင့် အသက် (၂၀)အရွယ် ယာဉ်နောက်လိုက် မောင်ဒါဇင်ပြည့်တို့မှာ ဒဏ်ရာအပြင်းအထန်ရသွားသဖြင့် မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ယာဉ်မောင်းမှာ ဆေးရုံရောက်ရှိစဉ် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ကိုသိန်း(ခ)ကျော်ဖြိုးကို မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၂၇၉/၃၃၈/၃၀၄ - ကဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ကိုသာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~