ထုိင္းႏုိင္ငံတြင္ ဖမ္းဆီးရမိသည့္ နာမည္ေက်ာ္ မူးယစ္ဂိုဏ္းေခါင္းေဆာင္၏ ေငြေၾကးအမ်ားစုမွာ တာခ်ီလိတ္ႏွင့္ ဆက္စပ္ေနသည္ဟုဆို

ထုိင္းႏုိင္ငံတြင္ ဖမ္းဆီးရမိသည့္ နာမည္ေက်ာ္ မူးယစ္ဂိုဏ္းေခါင္းေဆာင္၏ ေငြေၾကးအမ်ားစုမွာ တာခ်ီလိတ္ႏွင့္ ဆက္စပ္ေနသည္ဟုဆို
ဖေဖော်ဝါရီ 8, 2019
By Tachileik News Agency

ေငြေၾကးခဝါခ်မႈ၊ တရားမဝင္လုပ္ငန္းမ်ားေဆာင္ရြက္မႈတုိ႔ျဖင့္ ထိုင္းႏုိင္ငံတြင္  နာမည္ေက်ာ္ ဘန္နမူးယစ္ဂိုဏ္း ေခါင္းေဆာင္ ၀ီရရြတ္ ကိန္ဖိဖတ္ရတကြန္ ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိၿပီးေနာက္ ၎၏ ေငြေၾကးအမ်ားစုမွာ တစ္ဖက္ႏုိင္ငံ နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕ႏွင့္ ဆက္စပ္မႈမ်ားရိွေနသည္ကို ရဲတပ္ဖြဲ႕က ေတြ႔ရိွထားေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းအရ သိရသည္။

ေငြေၾကးဆက္စပ္မႈႏွင့္ ပတ္သက္၍ အေသးစိတ္ေျပာၾကားထားျခင္းမရိွသည့္ အျပင္ ထပ္မံဖမ္းဆီး ရမိထားသည့္ ဆက္စပ္သူ (၄)ဦးကိုလည္း ရဲတပ္ဖြဲ႕က နာမည္ေဖၚထုတ္ေျပာဆိုျခင္းမရိွေသးေၾကာင္း သိရသည္။

အသက္ (၃၃)ႏွစ္အရြယ္ နာမည္ေက်ာ္မူးယစ္ဂိုဏ္းေခါင္းေဆာင္ကို ခိုေလာင္းတြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၇)ရက္ေန႔က ဖမ္းမိျခင္းျဖစ္ၿပီး ၎အား ဖမ္းဆီးရမိသည့္ ေနအိမ္တြင္ ေငြသားဘတ္ (၁.၄) သန္းႏွင့္ ေရႊထည္ပစၥည္းမ်ားစြာကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

အဆိုပါ ဘန္နမူးယစ္ဂိုဏ္းသည္ လြန္ခဲ့သည့္ သံုးႏွစ္ကစတင္ကာ ထုိင္းႏုိင္ငံအလယ္ပိုင္းတြင္ အႀကီးအက်ယ္ လႈပ္ရွားခဲ့ၾကၿပီး ေျမာက္ပိုင္းမွ မူးယစ္ေဆးမ်ားကို ထုိင္းႏုိင္ငံအလယ္ပိုင္းသို႔ ျဖန္႔ျဖဴး ေရာင္းခ်ေနၾကျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕က ဆိုသည္။

မူးယစ္ဂိုဏ္းေခါင္းေဆာင္၏ ပိုင္ဆုိင္မႈမ်ားကို ဆက္လက္ေဖၚထုတ္သိမ္းဆည္းေနရာ စုစုေပါင္း ဘတ္သန္း (၃၀)ေက်ာ္ တန္ဖိုးရိွသည့္ ကား၊ ကြန္ဒိုမ်ားအပါအဝင္ ပိုင္ဆုိင္မႈမ်ားကို ေဖၚထုတ္ရရိွထားေၾကာင္း သိရသည္။

အဆိုပါ ဘန္နမူးယစ္ဂိုဏ္းမွာ အနည္းဆံုး အျခားမူးယစ္ဂိုဏ္းႏွစ္ခုထက္ မနည္းႏွင့္ အဆက္အသြယ္ ရိွေၾကာင္းကို သက္ေသအေထာက္အထားမ်ားအရ ေဖၚထုတ္ေတြ႕ရိွထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ငွေကြေးခဝါချမှု၊ တရားမဝင်လုပ်ငန်းများဆောင်ရွက်မှုတို့ဖြင့် ထိုင်းနိုင်ငံတွင် နာမည်ကျော် ဘန်နမူးယစ်ဂိုဏ်း ခေါင်းဆောင် ဝီရရွတ် ကိန်ဖိဖတ်ရတကွန် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီးနောက်၎င်း၏ ငွေကြေးအများစုမှာ တစ်ဖက်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့နှင့် ဆက်စပ်မှုများရှိနေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိထားကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

ငွေကြေးဆက်စပ်မှုနှင့် ပတ်သက်၍ အသေးစိတ်ပြောကြားထားခြင်းမရှိသည့် အပြင် ထပ်မံဖမ်းဆီး ရမိထားသည့် ဆက်စပ်သူ (၄)ဦးကိုလည်း ရဲတပ်ဖွဲ့က နာမည်ဖော်ထုတ်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

အသက် (၃၃)နှစ်အရွယ် နာမည်ကျော်မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ခိုလောင်းတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့က ဖမ်းမိခြင်းဖြစ်ပြီး၎င်းအား ဖမ်းဆီးရမိသည့် နေအိမ်တွင် ငွေသားဘတ် (၁.၄) သန်းနှင့် ရွှေထည်ပစ္စည်းများစွာကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

အဆိုပါ ဘန်နမူးယစ်ဂိုဏ်းသည် လွန်ခဲ့သည့် သုံးနှစ်ကစတင်ကာ ထိုင်းနိုင်ငံအလယ်ပိုင်းတွင် အကြီးအကျယ် လှုပ်ရှားခဲ့ကြပြီး မြောက်ပိုင်းမှ မူးယစ်ဆေးများကို ထိုင်းနိုင်ငံအလယ်ပိုင်းသို့ ဖြန့်ဖြူး ရောင်းချနကြခြေင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

မူးယစ်ဂိုဏ်းခေါင်းဆောင်၏ ပိုင်ဆိုင်မှုများကို ဆက်လက်ဖော်ထုတ်သိမ်းဆည်းနေရာ စုစုပေါင်း ဘတ်သန်း (၃၀)ကျော် တန်ဖိုးရှိသည့် ကား၊ ကွန်ဒိုများအပါအဝင် ပိုင်ဆိုင်မှုများကို ဖော်ထုတ်ရရှိထားကြောင်း သိရသည်။

အဆိုပါ ဘန်နမူးယစ်ဂိုဏ်းမှာ အနည်းဆုံး အခြားမူးယစ်ဂိုဏ်းနှစ်ခုထက် မနည်းနှင့် အဆက်အသွယ် ရှိကြောင်းကို သက်သေအထောက်အထားများအရ ဖော်ထုတ်တွေ့ရှိထားကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~