ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔အထိမ္းအမွတ္ အခမ္းအနား ႏွင့္ ကဗ်ာရြတ္ၿပိဳင္ပြဲ တာခ်ီလိတ္တြင္ က်င္းပ

ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔အထိမ္းအမွတ္ အခမ္းအနား ႏွင့္ ကဗ်ာရြတ္ၿပိဳင္ပြဲ တာခ်ီလိတ္တြင္ က်င္းပ
ဖေဖော်ဝါရီ 13, 2019
By Tachileik News Agency

ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ က်ေရာက္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အသက္(၁၀၄)ႏွစ္ျပည့္ ေမြးေန႔ အထိမ္းအမွတ္ အခမ္းအနားႏွင့္ အထိမ္းအမွတ္ ကဗ်ာရြတ္ၿပိဳင္ပြဲကို ဌာနဆုိင္ရာမ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ လူမႈေရး အဖြဲ႕အစည္းမ်ား ပူးေပါင္းၿပီး ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၃)ရက္ေန႔ နံနက္က တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ က်င္းပသည္။

အခမ္းအနားတြင္  တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ ႏွင့္ ဌာနဆိုင္ရာမ်ား၊ လူမႈေရး အသင္းအဖြဲ႔မ်ား အပါအ၀င္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္လာခဲ့ၾကရာ ဗမာတိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႔ႏွင့္ လူမႈ၀န္ထမ္းေက်ာင္းမွ မူႀကိဳကေလးငယ္မ်ားမွ သီဆိုေဖ်္ာေျဖမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ကဗ်ာရြတ္ဆိုၿပိဳင္ပြဲအား က်င္းပျပဳလုပ္ရာတြင္  ဆိုပါ ၿပိဳင္ပြဲမွ ဆုရရွိသူမ်ား ႏွင့္အတူ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔က တာခ်ီလိတ္ခရိုင္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးရံုးရွိ Community Centre တြင္ က်င္းပခဲ့သည့္ ေဆးေရာင္ျခယ္ၿပိဳင္ပြဲမွ ဆုရရွိသူ ေက်ာင္းသား ေက်ာင္းသူမ်ားကိုပါ တာ၀န္ရွိသူမ်ားက ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

အခမ္းအနားက်င္းပရာ ေအာင္ျမတ္ခန္းမတြင္ လာေရာက္သူမ်ား ေလ့လာႏုိင္ရန္အတြက္  ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ပတ္သက္သည့္ ပန္းခ်ီ၊ ဓါတ္ပံု၊ စာမ်ား၊ စာအုပ္၊ စာေစာင္မ်ားကို ခင္းက်င္းျပသေပးထားၿပီး ည(၆)နာရီတြင္လည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေမာ္ကြန္းရုပ္ရွင္ကားမ်ားကို ရွမ္းရိုးမကြင္းအတြင္း ပရိုဂ်က္တာျဖင့္ ျပသေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ အသက်(၁၀၄)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက်က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်လာခဲ့ကြရာ ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့နှင့် လူမှုဝန်ထမ်းကျောင်းမှ မူကြိုကလေးငယ်များမှ သီဆိုဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲအား ကျင်းပပြုလုပ်ရာတွင် ဆိုပါ ပြိုင်ပွဲမှ ဆုရရှိသူများ နှင့်အတူ ဖေဖော်ဝါရီလ(၁၂)ရက်နေ့က တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ Community Centre တွင် ကျင်းပခဲ့သည့် ဆေးရောင်ခြယ်ပြိုင်ပွဲမှ ဆုရရှိသူ ကျောင်းသား ကျောင်းသူများကိုပါ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားကျင်းပရာ အောင်မြတ်ခန်းမတွင် လာရောက်သူများ လေ့လာနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် ပန်းချီ၊ ဓာတ်ပုံ၊ စာများ၊ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသပေးထားပြီး ည(၆)နာရီတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း မော်ကွန်းရုပ်ရှင်ကားများကို ရှမ်းရိုးမကွင်းအတွင်း ပရိုဂျက်တာဖြင့် ပြသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~