တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းလမ္းကို စည္ပင္ ႏွင့္ ျပည္သူတို႔ ပူးေပါင္းၿပီး လမ္းခ်ဲ႕ျခင္းႏွင့္အတူ ထပ္ပိုးလႊာခင္းျခင္းအျဖစ္ ျပဳျပင္မည္

တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းလမ္းကို စည္ပင္ ႏွင့္ ျပည္သူတို႔ ပူးေပါင္းၿပီး လမ္းခ်ဲ႕ျခင္းႏွင့္အတူ ထပ္ပိုးလႊာခင္းျခင္းအျဖစ္ ျပဳျပင္မည္
ဖေဖော်ဝါရီ 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အတြင္းရိွ အာခါေစ်းလမ္းကို တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီႏွင့္ ရပ္ကြက္ေန ျပည္သူမ်ား ပူးေပါင္းၿပီး  ျပဳျပင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“မၾကာခင္မွာ အာခါေစ်းလမ္းလုပ္မယ္။ အာခါေစ်းလမ္းပ်က္တဲ့ အပိုင္းကို ကြင္းဆင္း စစ္ေဆးေနတယ္။ လုပ္ငန္းရွင္ေတြကို အစည္းအေ၀း ေခၚၿပီးၿပီ။ သိန္း (၉၀၀) ေလာက္ကုန္မယ္။ ေပ(၂၀ )လမ္းခ်ဲ႕တာတို႔၊ ထပ္ပိုးလႊာခင္းတာတို႔ေပါ့။ ရွမ္းျပည္နယ္အစိုးရက လိုတဲ့ကတၱရာ (၂၅) တန္ေလာက္ရိွတာေပါ့။ အဲဒါကို ေထာက္ပံ့ေပးမယ္ေျပာတယ္။ သူတို႔ရပ္ကြက္ကေတာ့ အစည္းအေ၀းထိုင္ၿပီးၿပီ။ ဌာနက ႀကီးၾကပ္ ေပးရတာေပါ့။ လိုအပ္တဲ့စက္၊ ယႏၱရားေတြ ဘက္ဟိုးတို႔၊ လမ္းႀကိတ္စက္ေတြ ဌာနက ပံ့ပိုးေပးရတာေပါ့။ ဒီမွာက ျပည္သူေတြက ပါၾကပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕ စည္ပင္သာယာေရးေကာ္မတီမွ အင္ဂ်င္နီယာမွဴး ဦးလွမ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ (၈) ရက္ေန႔က ေျပာၾကားသည္။

လက္ရိွတြင္ ရပ္ကြက္ေနျပည္သူမ်ားႏွင့္ တာခ်ီလိတ္ၿမိဳ႕ စည္ပင္သာယာေရးေကာ္မတီတို႔ ပူးေပါင္းၿပီး ရန္ေအာင္ေျမ ရပ္ကြက္ ပါလွ်ံ (၁)ရွိ တရုတ္ဘံုေက်ာင္းအနီးတြင္ လမ္းခင္းျခင္းလုပ္ငန္း၊ ရန္ေအာင္ေျမရပ္ကြက္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးတြင္ အုတ္စီေရေျမာင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ဘတ္ဂ်က္က ပံုမွန္အားျဖင့္ (၂) ဘီလီယံေလာက္ရိွတယ္။ ဒါေပမယ့္အျပင္ကလုပ္တာလည္း ေကာ္မတီနဲ႔ ဌာနနဲ႔စည္းရံုးၿပီး ဒီ၀န္ႀကီးတို႔ ဘာတို႔စည္းရံုးၿပီးလုပ္တာက (၂) ဘီလီယံေလာက္၊ ပ်မ္းမွွ် (၁) ဘီလီယံနဲ႔ (၂) ဘီလီယံၾကားေလာက္ရိွတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကဆို (၁) ဘီလီယံေက်ာ္တယ္။ လမ္းေကာ္မတီဖြဲ႕ၿပီး လုပ္ၾကတာေပါ့”ဟု အင္ဂ်င္နီယာမွဴး ဦးလွမ်ိဳးက ေျပာသည္။

ယင္းကဲ့သို႔ စည္ပင္သာယာေရးေကာ္မတီႏွင့္ ျပည္သူလူထု ပူးေပါင္း၍ လမ္းခင္းျခင္းကို လမ္းေကာ္မတီဖြဲ႕၍ ေဆာင္ရြက္ေလ့ရွိၿပီး စည္ပင္သာယာေရးဌာနအေနျဖင့္ ေဆာင္ရြက္ျခင္းမ်ားလည္းရွိေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ အာခါဈေးလမ်းကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းပြီး ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မကြာခင်မှာ အာခါဈေးလမ်းလုပ်မယ်။ အာခါဈေးလမ်းပျက်တဲ့ အပိုင်းကို ကွင်းဆင်း စစ်ဆေးနေတယ်။ လုပ်ငန်းရှင်တွေကို အစည်းအေဝး ခေါ်ပြီးပြီ။ သိန်း (၉၀၀) လောက်ကုန်မယ်။ ပေ(၂၀ )လမ်းချဲ့တာတို့၊ ထပ်ပိုးလွှာခင်းတာတို့ပေါ့။ ရှမ်းပြည်နယ်အစိုးရက လိုတဲ့ကတ္တရာ (၂၅) တန်လောက်ရှိတာပေါ့။ အဲဒါကို ထောက်ပံ့ပေးမယ်ပြောတယ်။ သူတို့ရပ်ကွက်ကတော့ အစည်းအေဝးထိုင်ပြီးပြီ။ ဌာနက ကြီးကြပ် ပေးရတာပေါ့။ လိုအပ်တဲ့စက်၊ ယန္တရားတွေ ဘက်ဟိုးတို့၊ လမ်းကြိတ်စက်တွေ ဌာနက ပံ့ပိုးပေးရတာပေါ့။ ဒီမှာက ပြည်သူတွေက ပါကြပါတယ်”ဟု တာချီလိတ်မြို့ စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာမှူး ဦးလှမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၈) ရက်နေ့က ပြောကြားသည်။

“ဘတ်ဂျက်က ပုံမှန်အားဖြင့် (၂) ဘီလီယံလောက်ရှိတယ်။ ဒါပေမယ့်အပြင်ကလုပ်တာလည်း ကော်မတီနဲ့ ဌာနနဲ့စည်းရုံးပြီး ဒီဝန်ကြီးတို့ ဘာတို့စည်းရုံးပြီးလုပ်တာက (၂) ဘီလီယံလောက်၊ ပျမ်းမျှ (၁) ဘီလီယံနဲ့ (၂) ဘီလီယံကြားလောက်ရှိတယ်။ ပြီးခဲ့တဲ့ နှစ်ကဆို (၁) ဘီလီယံကျော်တယ်။ လမ်းကော်မတီဖွဲ့ပြီး လုပ်ကြတာပေါ့”ဟု အင်ဂျင်နီယာမှူး ဦးလှမျိုးက ပြောသည်။

ယင်းကဲ့သို့ စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူလူထု ပူးပေါင်း၍ လမ်းခင်းခြင်းကို လမ်းကော်မတီဖွဲ့၍ ဆောင်ရွက်လေ့ရှိပြီး စည်ပင်သာယာရေးဌာနအနဖြေင့် ဆောင်ရွက်ခြင်းများလည်းရှိကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~