အေးခဲအသားနှင့် ရေထွက်ကုန်ပစ္စည်းများကို နယ်စပ်မှ တင်သွင်းခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုတော့မည်
အေးခဲအသားနှင့် ရေထွက်ကုန်ပစ္စည်းများကို နယ်စပ်မှ တင်သွင်းခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုတော့မည်
ဖေဖော်ဝါရီ 14, 2019
By Tachileik News Agency
လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများမှ အေးခဲအသားများကို နယ်စပ်မှတင်သွင်းရာတွင် သက်ဆိုင်ရာ ဌာနများမှ ထောက်ခံချက်ဖြင့် တင်သွင်းရခြင်းဖြစ်သော်လည်း တရားမဝင်တင်သွင်းမှုများလည်းရှိနေခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အသားငါးတင်သွင်းမှုနှင့်ပတ်သက်၍ အသေးစိတ်ညွှန်ကြားချက်များ မရှိသေးကြောင်း သိရသည်။
~~~~~~~~⊰❂ Unicode Version ~~~~~~~~
အေးခဲအသား၊ ရေထွက်ကုန်များ၊ အသားနှင့်ရေထွက်ကုန်ပစ္စည်းများကိုအခြေခံထုတ်လုပ်သည့် စားသောက်ကုန်များကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှစ၍ နယ်စပ်မှ တင်သွင်းခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုသွားတော့မည်ဖြစ်ကြောင်း ကုန်သွယ်မှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ဆီမှာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတာတွေ မရှိကြဘူးလေ။ မရှိတော့ ဝန်ကြီးဌာနအဆင့်က ပိတ်ထားတာ။ နယ်စပ်တွေအကုန်လုံး။ အားလုံးကို ပင်လယ်ရေကြောင်းကနပြေီးတော့ သွင်းရမှာပေါ့။ ကုန်သွယ်ရေးကလည်း အကောက်ခွန်နဲ့ ကုန်သည်တွေခေါ်တွေ့နေပါပြီ”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က ပြောသည်။
အဆိုပါ ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့် ပြုမည်ဖြစ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းမှုများနှင့် ပတ်သက်၍ လုပ်ဆောင်ရမည်တို့ကို ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။
“အခုညွှန်ကြားချက်တွေအရ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှာလည်း အကောက်ခွန်တို့၊ ကုန်သွယ်ရေးတို့ ပါတယ်။ လကုန်လုပ်မယ့် အစည်းအေဝးမှာ အဲဒါကိုဆွေးနွေးမယ်။ တရားမဝင်တဲ့ ကုန်သွယ်မှုကိုရော ကျွန်တော်တို့ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နဲ့က ဒီအသားတွေ၊ ငါးတွေ သွင်းလာရင် ဘယ်လို လုပ်မလဲဆိုတာကို အစည်းအေဝးမှာ တင်ပြဆွေးနွေးမယ်”ဟု ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။
လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများမှ အေးခဲအသားများကို နယ်စပ်မှတင်သွင်းရာတွင် သက်ဆိုင်ရာ ဌာနများမှ ထောက်ခံချက်ဖြင့် တင်သွင်းရခြင်းဖြစ်သော်လည်း တရားမဝင်တင်သွင်းမှုများလည်းရှိနခြေင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အသားငါးတင်သွင်းမှုနှင့်ပတ်သက်၍ အသေးစိတ်ညွှန်ကြားချက်များ မရှိသေးကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက် ( Tachileik News Agency )
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~