ဌာန(၁၀)ခု ပါဝင်သည့် OSS အဖွဲ့မှ တာချီလိတ်မြို့ပေါ် ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်မှု (၅) ရက်တာ ကာလအတွင်း ပြည်သူ (၃၉၈) ဦးကို ၀န်ဆောင်မှုပေးခဲ့
ဌာန(၁၀)ခု ပါဝင်သည့် OSS အဖွဲ့မှ တာချီလိတ်မြို့ပေါ် ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်မှု (၅) ရက်တာ ကာလအတွင်း ပြည်သူ (၃၉၈) ဦးကို ၀န်ဆောင်မှုပေးခဲ့
ဖေဖော်ဝါရီ 21, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရပ်ကွက်နေပြည်သူများအဆင်ပြေစေရေးအတွက် ဌာန(၁၀)ခုပါဝင်သည့် One Stop Shop(OSS)မှ ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်နေရာတွင် (၅) ရက်တာ ကာလအတွင်း ပြည်သူ(၃၉၈)ဦးကို ၀န်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။
One Stop Shop(OSS) အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ (၁၅) ရက်နေ့မှစတင်ကာ စမ်းစပ်ကာလအဖြစ် ၀မ်ကောင်း ရပ်ကွက်တွင် (၁၁၁)ဦး၊ ပုန်းထွန်ရပ်ကွက်တွင် (၁၁၉)ဦး၊ တာလော့ရပ်ကွက်တွင် (၃၆)ဦး၊ မကာဟိုခမ်းရပ်ကွက်တွင် (၇၁)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၆၁)ဦး၊ စုစုပေါင်း (၃၉၈)ဦးကို  ၀န်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခုလို ဆောင်ရွက်ပေးမှုအား တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်၌ ဖေဖော်ဝါရီလအတွင်း စမ်းသပ် ကာလအဖြစ် ဆောင်ရွက်ပြီးပါက မတ်လမှစ၍ မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာအုပ်စု (၇)ခု တွင်ပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နှင့် ဒေသခံများအနေဖြင့် ဘာသာစကားအခက်အခဲအပါအဝင် ရုံးဌာနများသို့ သွားရောက်ရန် စိုးရိမ်မှုများ ရှိတတ်သဖြင့် ရပ်ကွက်ရုံးများအထိ သွားရောက် ဝန်ဆောင်မှုပေးခြင်းကို ဒေသခံများအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများနှင့် ပိုမိုကျွမ်းဝင်မှုရှိစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရပ်ကွက်နပြေည်သူများအဆင်ပြေစေရေးအတွက် ဌာန(၁၀)ခုပါဝင်သည့် One Stop Shop(OSS)မှ ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်နေရာတွင် (၅) ရက်တာ ကာလအတွင်း ပြည်သူ(၃၉၈)ဦးကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွင်းအတွင် တစ်နေ့တာ ဝန်ဆောင်မှုပေးခဲ့ခြင်းနှင့် ပတ်သက်၍ "ရဲက (၉)၊ လဝက က (၄၇)၊ စည်ပင်က (၄)၊ ကျန်းမာရေးက (၁)၊ စုစုပေါင်း (၆၁)ခုပါခင်ဗျ။ မနက်ဖြန် (ဖေဖော်ဝါရီ ၂၂) နဂါးနှစ်ကောင်ကျောင်းတိုက်မှာ ဝန်ဆောင်မှု ပေးသွားမှာပါ”ဟု Mobile OSS အဖွဲ့ခေါင်းဆောင် တာချီလိတ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
One Stop Shop(OSS) အဖွဲ့အနဖြေင့် ဖေဖော်ဝါရီ (၁၅) ရက်နေ့မှစတင်ကာ စမ်းစပ်ကာလအဖြစ် ဝမ်ကောင်း ရပ်ကွက်တွင် (၁၁၁)ဦး၊ ပုန်းထွန်ရပ်ကွက်တွင် (၁၁၉)ဦး၊ တာလော့ရပ်ကွက်တွင် (၃၆)ဦး၊ မကာဟိုခမ်းရပ်ကွက်တွင် (၇၁)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၆၁)ဦး၊ စုစုပေါင်း (၃၉၈)ဦးကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိ စမ်းသပ်ကာလဖြစ်သည့် ဖေဖော်ဝါရီလ (၁၅) ရက်နေ့က ဝမ်ကောင်း ရပ်ကွက်တွင် ပြုလုပ်ခဲ့ပြီး ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဆန်ဆိုင်း(က)ရပ်ကွက်အတွက် (၂၂) ရက်နေ့တွင် နဂါးနှစ်ကောင်ကျောင်းတိုက်အတွင်း၌ လည်းကောင်း၊ မယ်ခေါင်ရပ်ကွက်အတွက် (၂၅) ရက်နေ့၊ ရန်အောင်မြေရပ်ကွက် အတွက် (၂၆) ရက်နေ့၊ ဝိန်းကျောက်ရပ်ကွက်အတွက် (၂၇) ရက်နေ့၊ ပါဆတ်ရပ်ကွက် အတွက် (၂၈) ရက်နေ့၊ ဆေခမ်းရပ်ကွက်အတွက် မတ်လ (၁) ရက်နေ့တို့တွင် မနက် (၁၀) နာရီမှ စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
OSS တွင် ပါဝင်သည့် ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်း ဆောင်ရွက်၍ မဖြစ်နိုင်သည့် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများ လက်ခံရယူပြီး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
One Stop Service(OSS) အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ ပြန်/ထူ၊ လျှပ်စစ်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပါဝင်ကာ အဆိုပါ ဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချက်ချင်းဆောင်ရွက်၍ မဖြစ်နိုင်သည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ လျှောက်လွှာများလက်ခံရယူပြီး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ တစ်ဆင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလို ဆောင်ရွက်ပေးမှုအား တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်၌ ဖေဖော်ဝါရီလအတွင်း စမ်းသပ် ကာလအဖြစ် ဆောင်ရွက်ပြီးပါက မတ်လမှစ၍ မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာအုပ်စု (၇)ခု တွင်ပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နှင့် ဒေသခံများအနဖြေင့် ဘာသာစကားအခက်အခဲအပါအဝင် ရုံးဌာနများသို့ သွားရောက်ရန် စိုးရိမ်မှုများ ရှိတတ်သဖြင့် ရပ်ကွက်ရုံးများအထိ သွားရောက် ဝန်ဆောင်မှုပေးခြင်းကို ဒေသခံများအနဖြေင့် ဌာနဆိုင်ရာလုပ်ငန်းများနှင့် ပိုမိုကျွမ်းဝင်မှုရှိစေရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~