တာခ်ီလိတ္တြင္ (၁၈)ရက္အတြင္း ေသနတ္ပစ္ခတ္မႈ (၃)မႈျဖစ္ပြားရာ ႏွစ္ဦးေသဆံုးကာ တစ္ဦးဒဏ္ရာျပင္းထန္စြာ ရရိွခဲ့ရာ တရားခံမ်ား ထြက္ေျပးလြတ္ေျမာက္ေန

တာခ်ီလိတ္တြင္ (၁၈)ရက္အတြင္း ေသနတ္ပစ္ခတ္မႈ (၃)မႈျဖစ္ပြားရာ ႏွစ္ဦးေသဆံုးကာ တစ္ဦးဒဏ္ရာျပင္းထန္စြာ ရရိွခဲ့ရာ တရားခံမ်ား ထြက္ေျပးလြတ္ေျမာက္ေန
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၏ ဇန္န၀ါရီလ(၂၁)ရက္ေန႔မွ ေဖေဖာ္၀ါရီလ(၈)၇ရက္ေန႔အထိ (၁၈)ရက္အတြင္း  (၃)မႈေျမာက္ ေသနတ္ပစ္ခတ္မႈ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၈)ရက္ေန႔ ညပိုင္းက ျဖစ္ပြားရာ ဟိုတယ္ တစ္ခုတြင္ သီခ်င္းဆိုေနသည့္ ထုိင္းႏုိင္ငံသားတစ္ဦးဟု ဆိုသည့္ အမ်ဳိးသားတစ္ဦး ေသဆံုးသြားၿပီး ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(ခ)ရပ္ကြက္၊ ျမန္မာတိုးနယားကြင္းရိွ လမ္းသြယ္ေထာင့္တြင္  ဝဲေမးေအာက္ ေဖာက္ဝင္ဒဏ္ရာ (၁)ခ်က္၊ ဝဲမ်က္ခံုးေဘးေဖာက္ဝင္ဒဏ္ရာ (၁)ခ်က္ႏွင့္ ဝဲပါးေဖာက္ဝင္ဒဏ္ရာ(၁)ခ်က္တုိ႔ျဖင့္ ေသဆံုးေနသည့္ အသက္(၃၀)ဝန္းက်င္လူငယ္အမ်ိဳးသား၏အေလာင္းကို ကားတစ္စီးအနီးတြင္ ေတြ႕ရျခင္းျဖစ္ၿပီး ဓါးဒဏ္ရာမ်ားလည္း ရရိွထားသည္ကို ေတြ႔ရေၾကာင္း ရဲတပ္ဖြဲ႕ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ အတည္ျပဳ ေျပာၾကားသည္။

လူတစ္ဦးဒဏ္ရာမ်ားျဖင့္ လဲေနေၾကာင္း တာခ်ီလိတ္နာေရးကူညီမႈအသင္းထံ ည ( ၉ ) နာရီေက်ာ္က ဖုန္းဆက္ အကူအညီေတာင္းလာသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕ထံ နာေရးကူညီမႈအသင္းက ဖုန္းဆက္သတင္းပို႔ၿပီး အခင္းျဖစ္ေနရာအား သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ဒဏ္ရာျဖင့္ လဲက် ေသဆံုးေနၿပီး ေဘးရိွကားအတြင္းတြင္ က်ည္ခြံမ်ားေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးၿပီးေနာက္ နာေရးကူညီမႈအသင္းက အေလာင္းအား ျပည္သူ႔ေဆးရံုတြင္ စစ္ေဆးႏုိင္ရန္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္အတြင္း ဇန္နဝါရီလ (၂၁)ရက္ေန႔ နံနက္ (၁)နာရီခြဲဝန္းက်င္က မယ္ေခါင္ရပ္ကြက္ အကင္ဆုိင္၌ လူခ်င္းတုိက္မိရာမွ စကားမ်ားၿပီး ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ လူငယ္တစ္ဦး ဒဏ္ရာရသြားခဲ့ရာ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၁/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္ထားၿပီး က်ဴးလြန္သူ ထုိင္းနိုင္ငံသားမွာ လြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဇန္နဝါရီလ (၂၉)ရက္ေန႔ ေန႔လယ္ (၁၂)နာရီ (၄၅)မိနစ္ဝန္းက်င္တြင္  အာခါေစ်းေရွ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီး မီးပြိဳင့္တြင္ တာခ်ီလိတ္ၿမိဳ႕မွ နာမည္ႀကီးသူေဌးတစ္ဦးျဖစ္သည့္ ဦးအားဖာ(တပင္ေရႊထီး) ကို ေသနတ္သမား(၂)ဦးက ပစ္သတ္ၿပီး ဆုိင္ကယ္ျဖင့္ ထြက္ေျပး လြတ္ေျမာက္သြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ပစ္ခတ္မႈကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ (ပ)၅၀/၂၀၁၉ ရာဇသတ္ႀကီးပုုဒ္မ ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္ကာ ေသနတ္သမားမ်ားကို ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနဆဲျဖစ္ၿပီး ေဖေဖၚဝါရီလတြင္ ပစ္ခတ္မႈတစ္ခု ထပ္မံျဖစ္ပြားလာျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း





~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၏ ဇန်နဝါရီလ(၂၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၈)၇ရက်နေ့အထိ (၁၈)ရက်အတွင်း (၃)မှုမြောက် သေနတ်ပစ်ခတ်မှု ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့ ညပိုင်းက ဖြစ်ပွားရာ ဟိုတယ် တစ်ခုတွင် သီချင်းဆိုနေသည့် ထိုင်းနိုင်ငံသားတစ်ဦးဟု ဆိုသည့် အမျိုးသားတစ်ဦး သေဆုံးသွားပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နပြေီဖြစ်သည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြန်မာတိုးနယားကွင်းရှိ လမ်းသွယ်ထောင့်တွင် ဝဲမေးအောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲမျက်ခုံးဘေးဖောက်ဝင်ဒဏ်ရာ (၁)ချက်နှင့် ဝဲပါးဖောက်ဝင်ဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည့် အသက်(၃၀)ဝန်းကျင်လူငယ်အမျိုးသား၏အလောင်းကို ကားတစ်စီးအနီးတွင် တွေ့ရခြင်းဖြစ်ပြီး ဓားဒဏ်ရာများလည်း ရရှိထားသည်ကို တွေ့ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားသည်။

လူတစ်ဦးဒဏ်ရာများဖြင့် လဲနေကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းထံ ည ( ၉ ) နာရီကျော်က ဖုန်းဆက် အကူအညီတောင်းလာသဖြင့် တာချီလိတ်မြို့မရဲတပ်ဖွဲ့ထံ နာရေးကူညီမှုအသင်းက ဖုန်းဆက်သတင်းပို့ပြီး အခင်းဖြစ်နေရာအား သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဒဏ်ရာဖြင့် လဲကျ သေဆုံးနပြေီး ဘေးရှိကားအတွင်းတွင် ကျည်ခွံများတွေ့ရသဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးပြီးနောက် နာရေးကူညီမှုအသင်းက အလောင်းအား ပြည်သူ့ဆေးရုံတွင် စစ်ဆေးနိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက် (၁)နာရီခွဲဝန်းကျင်က မယ်ခေါင်ရပ်ကွက် အကင်ဆိုင်၌ လူချင်းတိုက်မိရာမှ စကားများပြီး သေနတ်ဖြင့် ပစ်ခတ်သဖြင့် လူငယ်တစ်ဦး ဒဏ်ရာရသွားခဲ့ရာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူ ထိုင်းနိုင်ငံသားမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဇန်နဝါရီလ (၂၉)ရက်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် အာခါဈေးရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး မီးပွိုင့်တွင် တာချီလိတ်မြို့မှ နာမည်ကြီးသူဌေးတစ်ဦးဖြစ်သည့် ဦးအားဖာ(တပင်ရွှေထီး) ကို သေနတ်သမား(၂)ဦးက ပစ်သတ်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကို တာချီလိတ်မြို့မရဲစခန်း၌ (ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ကာ သေနတ်သမားများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ပြီး ဖေဖော်ဝါရီလတွင် ပစ်ခတ်မှုတစ်ခု ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~