ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၁၂)ဦး လႊဲေျပာင္းေပးလာရာ ေဖေဖၚဝါရီလအတြင္း လြႊဲေျပာင္းလာသူ (၂၀၈)ဦး အထိရွိလာ

ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၁၂)ဦး လႊဲေျပာင္းေပးလာရာ ေဖေဖၚဝါရီလအတြင္း လြႊဲေျပာင္းလာသူ (၂၀၈)ဦး အထိရွိလာ
ဖေဖော်ဝါရီ 27, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း ခြင့္ျပဳနယ္ေျမေက်ာ္လြန္မႈႏွင့္ တရားမဝင္ ဝင္ေရာက္မႈတို႔ျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏိုင္ငံသား (၁၂) ဦးကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၇) ရက္ေန႔တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္ လႊဲေျပာင္းေပးအပ္သည္။

“ေရၾကည္ရာ ျမက္ႏုရာသြားၿပီး အလုပ္လုပ္ၾကတာေပါ့။ တရား၀င္ေတာ့ တရား၀င္ပါပဲ။ သို႔ေသာ္ ကန္႔သတ္ထားတဲ့ နယ္ေျမကိုေက်ာ္သြားတဲ့အတြက္ ထိုင္းကေန အေရးယူေဆာင္ရြက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ဆီကိုျပန္လႊဲတာေပါ့။ သူတို႔ေနရပ္ကိုျပန္ႏိုင္ေအာင္လည္း ေဆာင္ၾကဥ္းေပးပါတယ္”ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေဖေဖာ္၀ါရီလ(၂၇)ရက္ေန႔တြင္  လႊဲေျပာင္းေပးလာရာ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အမ်ိဳးသား (၂) ဦး၊ ရွမ္းျပည္နယ္ ေတာင္ပိုင္းမွ အမ်ိဳးသား (၅) ဦးွႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ အမ်ိဳးသား (၂) ဦး၊ အမ်ိဳးသမီး (၂) ဦးႏွင့္ ကေလး (၁)ဦးတုိ႔ ပါ၀င္ၾကၿပီး နယ္ေျမေက်ာ္လြန္သြားေရာက္မႈ (၁၀) ဦးႏွင့္ တရားမ၀င္ သြားေရာက္သူ (၁) ဦးတို႔ပါ၀င္ေၾကာင္းသိရသည္။

ထုိင္းနုိင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံရသူမ်ားကို ထုိင္းနိုင္ငံက နယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ ကရင္ျပည္နယ္ ျမဝတီနယ္စပ္ဂိတ္ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္နယ္စပ္ဂိတ္မ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွရာ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလအတြင္း တာခ်ီလိတ္သို႔ လႊဲေျပာင္းလာသူဦးေရမွာ စုစုေပါင္း (၂၀၈)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္္။

ထိုင္းႏုိင္ငံ မယ္ဆိုင္လ၀ကအရာရွိ Somsak Singkhan ႏွင့္ အဖြဲ႔က ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၂)တံတားတြင္ တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာရာ ျမန္မာႏိုင္ငံဖက္မွ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပညသူ႔အင္အားဦးစီးဌာနမွ ဒုတိယ လ၀ကမွဴး ဦးစိုးသန္း၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာနမွ ဦးစီးအရာရိွ ဦးမင္းႏိုင္သူ၊ လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိုင္းေရးေကာ္မတီ (CNCMC)တို႔က စိစစ္လက္ခံခဲ့ၾကျခင္း ျဖစ္သည္။

တာခ်ီလိတ္မွ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျဖင့္ ထုိင္းနိုင္ငံဘက္ လည္ပတ္ရာတြင္ သတ္မွတ္ ဧရိယာ ေက်ာ္လြန္သြားလာသူမ်ားအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီးခံရၿပီး ျပစ္ဒဏ္ေစ့သူမ်ားကိုလည္း ျမန္မာဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွၿပီး တစ္ခါတစ္ရံတြင္ ျမန္မာႏုိင္ငံသားအျဖစ္ အတည္ျပဳႏုိင္ျခင္းမရိွသူမ်ားကို ထုိင္းဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးရမႈမ်ားလည္းရိွေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း ခွင့်ပြုနယ်မြေကျော်လွန်မှုနှင့် တရားမဝင် ဝင်ရောက်မှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၁၂) ဦးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ပြန်လည် လွှဲပြောင်းပေးအပ်သည်။

“ရကြေည်ရာ မြက်နုရာသွားပြီး အလုပ်လုပ်ကြတာပေါ့။ တရားဝင်တော့ တရားဝင်ပါပဲ။ သို့သော် ကန့်သတ်ထားတဲ့ နယ်မြေကိုကျော်သွားတဲ့အတွက် ထိုင်းကနေ အရေးယူဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ ဆီကိုပြန်လွှဲတာပေါ့။ သူတို့နေရပ်ကိုပြန်နိုင်အောင်လည်း ဆောင်ကြဉ်းပေးပါတယ်”ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် လွှဲပြောင်းပေးလာရာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား (၂) ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ အမျိုးသား (၅) ဦးှနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသား (၂) ဦး၊ အမျိုးသမီး (၂) ဦးနှင့် ကလေး (၁)ဦးတို့ ပါဝင်ကြပြီး နယ်မြေကျော်လွန်သွားရောက်မှု (၁၀) ဦးနှင့် တရားမဝင် သွားရောက်သူ (၁) ဦးတို့ပါဝင်ကြောင်းသိရသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများကို ထိုင်းနိုင်ငံက နယ်စပ်မြို့များဖြစ်သည့် ကရင်ပြည်နယ် မြဝတီနယ်စပ်ဂိတ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နယ်စပ်ဂိတ်များသို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိရာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း တာချီလိတ်သို့ လွှဲပြောင်းလာသူဦးရေမှာ စုစုပေါင်း (၂၀၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်လဝကအရာရှိ Somsak Singkhan နှင့် အဖွဲ့က မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် တာချီလိတ်သို့ လွှဲပြောင်းပေးလာရာ မြန်မာနိုင်ငံဖက်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြညသူ့အင်အားဦးစီးဌာနမှ ဒုတိယ လဝကမှူး ဦးစိုးသန်း၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းနိုင်သူ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနိုင်းရေးကော်မတီ (CNCMC)တို့က စိစစ်လက်ခံခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်မှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ထိုင်းနိုင်ငံဘက် လည်ပတ်ရာတွင် သတ်မှတ် ဧရိယာ ကျော်လွန်သွားလာသူများအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သူများကိုလည်း မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိပြီး တစ်ခါတစ်ရံတွင် မြန်မာနိုင်ငံသားအဖြစ် အတည်ပြုနိုင်ခြင်းမရှိသူများကို ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးရမှုများလည်းရှိကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~