မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှ တရားဝင်ဖြတ်သန်းခွင့်နှင့် ကုန်စည်ကူးသန်းခွင့်ရှိရန် ဝန်ကြီးချုပ်၏ ပါတီခရီးစဉ်တွင် ဒေသခံများတင်ပြ

မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှ တရားဝင်ဖြတ်သန်းခွင့်နှင့် ကုန်စည်ကူးသန်းခွင့်ရှိရန် ဝန်ကြီးချုပ်၏ ပါတီခရီးစဉ်တွင် ဒေသခံများတင်ပြ
ဇန်နဝါရီ 22, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မြန်မာ - လာအိုနယ်စပ်ရှိ ကျိုင်းလပ်မြို့တွင် တည်ဆောက် ထားသည့် မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှာ ဖွင့်လှစ်ပြီး ၃ နှစ်ကျော်ကြာ ကာလအထိ ဒေသခံပြည်သူများ တရားဝင်ဖြတ်သန်းခွင့်နှင့် ကုန်စည်စီးဆင်းခွင့်များ မရရှိသေးသဖြင့် တရားဝင် သွားလာခွင့် ရရှိရန်အတွက် ဆောင်ရွက်ပေးနိုင်ရန် ဝန်ကြီးချုပ်၏ ပါတီခရီးစဉ်တွင် ဒေသခံများက တင်ပြတောင်းဆိုခဲ့ကြသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီ (၁၉)ရက်နေ့က ကျိုင်းလပ်မြို့တွင် ကျင်းပသည့် ပါတီဝင် (၁၀၀၀)အား ပါတီဝင်ကဒ် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများထံတွင် ဒေသခံများက တင်ပြခဲ့ ခြင်းဖြစ်သည်။

“မြန်မာဘက်က ပိုင်ဆိုင်မှုအခွင့်အရေး၊ လာအိုဘက်က ပိုင်ဆိုင်မှုအခွင့်အရေးကို ကျွန်တော်တို့ ညှိနှိုင်း ဆုံးဖြတ်နကြေတုန်းပဲ ဖြစ်ပါတယ်။ ညှိနှိုင်းဆုံးဖြတ်ပြီးတော့ နှစ်ဦးနှစ်ဘက် ညီညွတ်သွားပြီဆိုရင်တော့ အခွန်အကောက်များနဲ့တကွ ကျွန်တော်တို့ရနိုင်တဲ့ အခွင့်အရေးတွေလည်း မနစ်နာအောင် ပြည်ထောင်စုအစိုးရ အဆင့်က အခုညှိနှိုင်း ဆုံးဖြတ်နေပါတယ်။ မကြာခင်မှာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်ဖြကြေားလိုပါတယ်”ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဒေသခံများ၏ တင်ပြချက်အပေါ် ဖြကြေားခဲ့သည်။

အဆိုပါ တံတားကို ၂၀၁၅ ခုနှစ်မေလ ( ၉) ရက်နေ့တွင် သမ္မတဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သော်လည်း တံတားတည်ဆောက်ခဲ့စဉ်က လာအိုနိုင်ငံမှ ကုန်ကျစရိတ် သုံးပုံနှစ်ပုံ ကျခံခဲ့သဖြင့် တံတားအား သုံးပုံနှစ်ပုံ ပိုင်ဆိုင်ခွင့်ရှိသည်ဟု အငြင်းပွားခဲ့သဖြင့် လက်ရှိအစိုးရ လက်ထက်တွင် တံတားတည်ဆောက်သည့် ကုန်ကျစရိတ်အား လာအိုနိုင်ငံထံ ပြန်လည်ပေးသွင်းပြီး ညှိနှိုင်းနခြေင်းဖြစ်သည်။

ညှိနှိုင်းမှုများမပြီးပြတ်သေးသဖြင့် လက်ရှိအချိန်အထိ ဒေသခံများမှာ တရားဝင်ဖြတ်သန်းခွင့်မရသေးဘဲ နားလည်မှုဖြင့်သာ သွားလာနေရပြီး ကုန်စည် များကိုလည်း စက်လှေများဖြင့် မဲခေါင်မြစ်ကို ဖြတ်ကူးသယ်ဆောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“ဒီကဒေသခံတွေကတော့ ဒီတိုင်းပဲ သွားနကြေတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဘက် လဝက တွေကလည်း ဘာမှမပြောဘူး။ ပိုက်ဆံလည်း မကောက်ဘူး။ ဒေသခံတွေက လွတ်လွတ်လပ်လပ် သွားလာနကြေတာပေါ့။ ဟိုဘက်ရောက်ရင်တော့ လူတစ်ယောက်ကို ဘတ် (၂၀)ကောက်တယ်။ သူတို့ စာရွက်ထုတ်ပေးတယ်။ ကျွန်တော်တို့ ဘက်က စာရွက်ကို တံဆိပ်တုန်းထု မပေးဘူးပေါ့။ နားလည်မှု ဆန်ဆန် သွားနကြေတာပေါ့”ဟု ကျိုင်းလပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြောကြားထားသည်။

နယ်စပ်တံတား တည်ဆောက်ထားသော်လည်း မြန်မာနိုင်ငံဘက်မှ နိုင်ငံကူးလက်မှတ်များကို လာအိုနိုင်ငံဘက် မှ လက်ခံဆောင်ရွက်ပေးခြင်း မရှိသဖြင့် နားလည်မှုဖြင့်သာ သွားလာနေရပြီး ဒေသထွက် ကုန်စည်များကို လာအိုဘက်သို့ တင်ပို့ရာတွင် လည်းကောင်း၊ လာအိုမှ ကုန်စည်များကို ကျိုင်းလပ်မြို့သို့ တင်ပို့ရာတွင်လည်း စက်လှေများဖြင့် မဲခေါင်မြစ်ကို ဖြတ်ကူးသယ်ဆောင်ရာတွင် အဖွဲ့အစည်းအချို့မှ ငွေကြေး တောင်းခံမှုများရှိနေသဖြင့် တံတားပေါ်မှ တရားဝင်အခွန်ဆောင်ကာ ဖြတ်သန်းခွင့်ရရှိရန် ဒေသခံများက မျှော်လင့်နကြခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~