Miss Planet International Tachileik အတြက္ စာရင္းေပးသြင္းမႈကို ဇန္န၀ါရီလ (၁၄) ရက္ေန႔အထိ တိုးျမႇင့္လက္ခံမည္

Miss Planet International Tachileik အတြက္ စာရင္းေပးသြင္းမႈကို ဇန္န၀ါရီလ (၁၄) ရက္ေန႔အထိ တိုးျမႇင့္လက္ခံမည္
ဇန်နဝါရီ 12, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပမည့္ Miss Planet International Tachileik ၿပိဳင္ပြဲအတြက္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၂) ရက္ေန႔  ညေန(၃)နာရီက ပထမအႀကိမ္ လူေတြ႔ စစ္ေဆးျခင္းကို Warm Up Restaurant တြင္ က်င္းပၿပီး အျခားေဒသမ်ားမွ Miss မ်ားပါဝင္ လာေစေရး အတြက္ စာရင္းေပးသြင္းမႈကို ဇန္န၀ါရီလ (၁၄) ရက္ေန႔ နံနက္ (၉) နာရီအထိ ထပ္မံတိုးျမႇင့္လိုက္ေၾကာင္း သိရသည္။

“ရန္ကုန္ေရာက္ေနတဲ့ (၂) ေယာက္ဖုန္းဆက္တယ္။ သူတုိ႔က (၁၄) ရက္ေန႔မွ ေရာက္မွာဆိုေတာ့ သူတို႔ ေစာင့္ရမွာေပါ့။ တကယ္လို႔ အေဝးေရာက္ေနလို႔ ပါဝင္ခ်င္တယ္ဆိုရင္ ဖုန္းဆက္ၿပီးအေၾကာင္း ၾကားထားဖို႔ လိုပါတယ္”ဟု Miss Planet International Tachileik ပြဲက်င္းပေရးတာဝန္ရိွသူတစ္ဦးျဖစ္သည့္ Kim က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပထမအႀကိမ္ လူေတြ႕စစ္ေဆးပြဲတြင္ တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားမွ အလွမယ္ (၉) ဦးေအာင္ျမင္ခဲ့ၿပီး ဇန္နဝါရီလ (၁၃) ရက္ေန႔၌ လူေတြ႔စစ္ေဆးမႈခံယူရန္ ေနာက္ထပ္ (၅)ဦးစာရင္းထပ္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲႏွင့္ ပတ္သက္၍ အေသးစိတ္သိရိွလိုပါက ဖုန္း  09456150715 သို႔ ဆက္သြယ္ ေမးျမန္းႏုိင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ကျင်းပမည့် Miss Planet International Tachileik ပြိုင်ပွဲအတွက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ ညနေ(၃)နာရီက ပထမအကြိမ် လူတွေ့ စစ်ဆေးခြင်းကို Warm Up Restaurant တွင် ကျင်းပပြီး အခြားဒေသများမှ Miss များပါဝင် လာစေရေး အတွက် စာရင်းပေးသွင်းမှုကို ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက် (၉) နာရီအထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။

“ရန်ကုန်ရောက်နေတဲ့ (၂) ယောက်ဖုန်းဆက်တယ်။ သူတို့က (၁၄) ရက်နေ့မှ ရောက်မှာဆိုတော့ သူတို့ စောင့်ရမှာပေါ့။ တကယ်လို့ အဝေးရောက်နေလို့ ပါဝင်ချင်တယ်ဆိုရင် ဖုန်းဆက်ပြီးအကြောင်း ကြားထားဖို့ လိုပါတယ်”ဟု Miss Planet International Tachileik ပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် Kim က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပထမအကြိမ် လူတွေ့စစ်ဆေးပွဲတွင် တာချီလိတ်နှင့် ကျိုင်းတုံမြို့များမှ အလှမယ် (၉) ဦးအောင်မြင်ခဲ့ပြီး ဇန်နဝါရီလ (၁၃) ရက်နေ့၌ လူတွေ့စစ်ဆေးမှုခံယူရန် နောက်ထပ် (၅)ဦးစာရင်းထပ်ပေးထားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း 09456150715 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~