မကွေးတိုင်းတွင် ကျောက်စရစ်ထုတ်လုပ်မှု လုပ်ငန်းများ အငြင်းပွားမှုကို ဖြေရှင်းမည့် ကော်မတီများဖွဲ့စည်း
မကွေးတိုင်းတွင် ကျောက်စရစ်ထုတ်လုပ်မှု လုပ်ငန်းများ အငြင်းပွားမှုကို ဖြေရှင်းမည့် ကော်မတီများဖွဲ့စည်း
ဇနျနဝါရီ 20, 2019
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း မြစ်ချောင်းများ၌ ခွင့်ပြုထားသော ကျောက်စရစ်လုပ်ငန်းများနှင့် ပတ်သက်၍  အငြင်းပွားမှုများ၊ တိုင်ကြားမှုများကို ဒေသဆိုင်ရာ ဆိပ်ကမ်းများ၊ သဘောင်္ဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှု ကော်မတီများက၂၀၁၉ ခုနှစ်၊  ဖေဖေါ်ဝါရီလဆန်းပိုင်းစ၍ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကျောက်စရစ်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရာတွင် သဘောထား မှတ်ချက်ပေးခြင်း ၊ ဥပဒေနှင့်အညီလုပ်ကိုင်ခွင့်ရသူများအား အခွင့်အရေးဆုံးရှုံးမှု မရှိစေရန် အကာအကွယ်ပေးခြင်း ၊ လုပ်ငန်းများကြောင့် ရေထုညစ်ညမ်းမှု နှင့် သဘာဝပတ်ဝန်းကျင် ထိ ခိုက်မှုမဖြစ်ရေး  ၊ ရေနေသတ္တဝါများ၏ ဂေဟစနစ် မပျက်စီးရေး ၊ မျိုးတုံး ပျောက်ကွယ်မှု မဖြစ်စေရေးတို့အတွက် ကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်း မြစ်ချောင်းများ၌ ခွင့်ပြုထားသော ကျောက်စရစ်လုပ်ငန်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများ၊ တိုင်ကြားမှုများကို ဒေသဆိုင်ရာ ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှု ကော်မတီများက၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းစ၍ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
"အခု ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး အငြင်းပွားမှုနဲ့တိုင်ကြားမှုတွေကို စတင်ကိုင်တွယ်မယ့် စီမံ ခန့်ခွဲမှုကော်မတီတွေမှာ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌတာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်၊ ငါးလုပ်ငန်း၊ ပြည်တွင်းရေကြောင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတိုပါဝင်မှာဖြစ်ပါတယ်။ အရပ်ဘက်က လုပ်ငန်းရှင်(၃)ဦး၊ ထွေ/အုပ်ကအဆိုပြုတဲ့ ရပ်မိရပ်ဖ(၂)ဦး၊ လွှတ်တော်ကိုယ်စားလှယ်များက အမည်စာရင်းပေးတဲ့ ရပ်မိရပ်ဖ(၃)ဦးတို့ကိုလည်း ထည့်သွင်းဖွဲ့စည်းသွားမှာဖြစ်ပါတယ်”ဟု မကွေးတိုင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၁၈)ရက်နေ့က ပြောသည်။
လက်ရှိတွင် အဆိုပါ ကော်မတီများကို မကွေး၊ မင်းဘူး၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ သရက်၊ ကံမနှင့် မင်းတုန်း တို့တွင် ကော်မတီများ ဖွဲ့စည်းပြီးဖြစ်ကြောင်းသိရပြီး ကျန်မြို့များတွင်လည်း ဆက်လက် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
“ကော်မတီတွေအနေနဲ့ မြစ်ကျောက်စရစ်လုပ်ကွက်တွေရဲ့ ထုတ်လုပ်မှု၊ စည်းကမ်းဖောက်ဖျက်မှု၊ လုပ်ငန်းရှင်နဲ့ဒေသခံတွကြေား ပဋိပက္ခဖြစ်မှုတွေကိုအနီးကပ်ဖြေရှင်းဆောင်ရွက်ပေးသွားမှာပါ။သဲကျောက် ဈေးနှုန်းတွေ တည်ငြိမ်ဖို့ ဈေးနှုန်းသတ်မှတ်ပေးတာတွေကိုလည်း လုပ်ဆောင်သွားကြမှာပါ ” ဟု ဦးဇော် လွင်က ပြောသည်။
ကျောက်စရစ်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရာတွင် သဘောထား မှတ်ချက်ပေးခြင်း၊ ဥပဒေနှင့်အညီလုပ်ကိုင်ခွင့်ရသူများအား အခွင့်အရေးဆုံးရှုံးမှု မရှိစေရန် အကာအကွယ်ပေးခြင်း၊ လုပ်ငန်းများကြောင့် ရေထုညစ်ညမ်းမှု နှင့် သဘာဝပတ်ဝန်းကျင် ထိ ခိုက်မှုမဖြစ်ရေး၊ ရေနေသတ္တဝါများ၏ ဂေဟစနစ် မပျက်စီးရေး၊ မျိုးတုံး ပျောက်ကွယ်မှု မဖြစ်စေရေးတို့အတွက် ကော်မတီအနဖြေင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~