တာချီလိတ်မြို့ ပုန်းထွန် (၅)လမ်းအတွင်း နေ့ခင်းအချိန်တွင် ဆိုင်ကယ်ခိုးခံရ

တာချီလိတ်မြို့ ပုန်းထွန် (၅)လမ်းအတွင်း နေ့ခင်းအချိန်တွင် ဆိုင်ကယ်ခိုးခံရ
ဇနျနဝါရီ 21, 2019
By Tachileik News Agency


တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် (၅)လမ်းရှိ နေအိမ်တွင် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က မနန်းနွန်းသည် ၎င်း၏ ဆိုင်ကယ်အား နေအိမ်ရှေ့လမ်းမပေါ်၌ သော့ခတ်၍ ရပ်ထားခဲ့ပြီး နေအိမ်အတွင်းသို့ ၀င်ရောက်ကာ အိမ်အလုပ်များ လုပ်နေပြီးနောက် နေ့လည်(၂)နာရီ ၀န်းကျင်တွင် အပြင်သွားရန်ရှိသည့် အတွက် ဆိုင်ကယ်အား ကြည့်လိုက်ရာ ဆိုင်ကယ်မှာ ရပ်ထားသည့် နေရာတွင် မရှိတော့သည်ကို တွေ့ရှိရကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ ပုန်းထွန် (၅)လမ်းအတွင်း၌ နေ့လည်ပိုင်းအချိန်တွင် လိုင်စင်ရှိ ဆိုင်ကယ်တစ်စီး ခိုးခံရမှု ဖြစ်ပွား၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် (၅)လမ်းရှိ နေအိမ်တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က မနန်းနွန်းသည်၎င်း၏ ဆိုင်ကယ်အား နေအိမ်ရှေ့လမ်းမပေါ်၌ သော့ခတ်၍ ရပ်ထားခဲ့ပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ အိမ်အလုပ်များ လုပ်နပြေီးနောက် နေ့လည်(၂)နာရီ ဝန်းကျင်တွင် အပြင်သွားရန်ရှိသည့် အတွက် ဆိုင်ကယ်အား ကြည့်လိုက်ရာ ဆိုင်ကယ်မှာ ရပ်ထားသည့် နေရာတွင် မရှိတော့သည်ကို တွေ့ရှိရကြောင်း သိရသည်။

ခိုးယူခံရ၍ ပျောက်သွားသည့် ဆိုင်ကယ်အမျိုးအစားမှာ Honda Wave I - 125 အမျိုးအစားဖြစ်ပြီး ဘောင်အမှတ် - NF 125 MC 0236229 အနက်ရောင်ဆိုင်ကယ်ဖြစ်ပြီး ယာဉ်အမှတ် ၂၂ယ/၁၉၆၈၇ ဖြင့် ယာဉ်လိုင်စင်ရှိပြီးသား ဖြစ်ကြောင်းနှင့် အဆိုပါ ဆိုင်ကယ်အား လာရောင်း၍ ဖြစ်စေ၊ လမ်းတွင် တွေ့ရ၍ ဖြစ်စေ တာချီလိတ်မြို့မရဲစခန်း အသိပေးအကြောင်းကြားစေလိုကြောင်း သိရသည်။

ဆိုင်ကယ်ခိုးယူခံရမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၃/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉(ဆိုင်ကယ်)ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~