အင်းစိန်အကျဉ်းထောင်တွင် Fitness Center ဖွင့်လှစ်

အင်းစိန်အကျဉ်းထောင်တွင် Fitness Center ဖွင့်လှစ်
ဇနျနဝါရီ 26, 2019
By Tachileik News Agency



Tachileik News Agency
ဓါတ်ပုံ - MPD


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် YGN GYN အမည်ဖြင့် Fitness Centre ကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

Fitness Center ကို ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအေးသွင်၊ လေ့ကျင့်ရေးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်ချို၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်၊ ကျွမ်းကျင်မှုဆိုင်ရာ အတတ်သင်တန်းကျောင်း(အင်းစိန်) ကျောင်းအုပ် လက်ထောက် ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းတို့က အင်းစိန်ဗဟိုအကျဉ်း ထောင်ဝင်းအတွင်းရှိ လူပျိုဆောင်သစ် အောက်ထပ်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MPD

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~