မူးယစ္သတင္းအရ ၿမိဳ႕မသုႆန္ကို ဝင္ေရာက္ရွင္းလင္းရာ လူငယ္တစ္ဦးကို စိတ္ၾကြေဆးျပား (၂)ျပားႏွင့္အတူ ဖမ္းမိ

မူးယစ္သတင္းအရ ၿမိဳ႕မသုႆန္ကို ဝင္ေရာက္ရွင္းလင္းရာ လူငယ္တစ္ဦးကို စိတ္ၾကြေဆးျပား (၂)ျပားႏွင့္အတူ ဖမ္းမိ
ဇန်နဝါရီ 5, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္ရွိ ၿမိဳ႕မသုႆန္အတြင္း မူးယစ္ေဆး ေရာင္းဝယ္သံုးစြဲေၾကာင္း သတင္းအရ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၅)ရက္ေန႔တြင္ ဝင္ေရာက္ ရွင္းလင္းရာ ေန႔လယ္ (၁၂)နာရီ (၄၀)မိနစ္၌ လူငယ္တစ္ဦးကို စိတ္ၾကြေဆးျပား (၂)ျပားႏွင့္အတူ ဖမ္းမိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕၊ ျပည္သူ႔စစ္၊ အရန္မီးသတ္တပ္ဖြဲ႕၊ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ၿမိဳ႕မသုႆန္တြင္ ဝင္ေရာက္ရွာေဖြရာ သခ်ဳႋင္းဇရပ္အနီး လမ္းေပၚတြင္ လမ္းေလွ်ာက္လာသည့္ အသက္ (၁၉)ႏွစ္အရြယ္ ေအာင္ေက်ာ္စိုးကို စစ္ေဆးရာ စိတ္ၾကြေဆးျပား (၂)ျပားကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားလက္ဝယ္ေတြ႔ရသည့္ ေအာင္ေက်ာ္စိုးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၄/၂၀၁၉ မူး/စိတ္ပုဒ္မ ၁၆(၈)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ မြို့မသုဿန်အတွင်း မူးယစ်ဆေး ရောင်းဝယ်သုံးစွဲကြောင်း သတင်းအရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့တွင် ဝင်ရောက် ရှင်းလင်းရာ နေ့လယ် (၁၂)နာရီ (၄၀)မိနစ်၌ လူငယ်တစ်ဦးကို စိတ်ကြွဆေးပြား (၂)ပြားနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် မြို့မသုဿန်တွင် ဝင်ရောက်ရှာဖွေရာ သင်္ချိုင်းဇရပ်အနီး လမ်းပေါ်တွင် လမ်းလျှောက်လာသည့် အသက် (၁၉)နှစ်အရွယ် အောင်ကျော်စိုးကို စစ်ဆေးရာ စိတ်ကြွဆေးပြား (၂)ပြားကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားလက်ဝယ်တွေ့ရသည့် အောင်ကျော်စိုးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၄/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၆(၈)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~