Update News

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းရပ္ကြက္အတြင္း လမ္းေလွ်ာက္လာသည့္ လူငယ္တစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ


ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ လူငယ္တစ္ဦးကို စိတ္ၾကြေဆးျပား (၄၆)ျပားႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၄)ရက္ေန႔က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕ျဖင့္ စစ္ေဆးေနစဥ္ ဆန္ဆုိင္း(က)ရပ္ကြက္၊ ကုကၠိဳေရဆိပ္လမ္းေပၚသြား လမ္းမေပၚတြင္ ေန႔လည္ (၂)နာရီအခ်ိန္က ခၽြန္ဆုန္းဆိုင္ဆိုသူအား မသကၤာဖြယ္ ေတြ႔ရသည့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎၏ ေဘးလြယ္အိတ္အတြင္းမွ ပလတ္စတစ္အိတ္ျဖင့္ ထည့္ထားသည့္ စိတ္ၾကြေဆးျပား (၄၆)ျပားကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ခၽြန္ဆုန္းဆိုင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လူငယ်တစ်ဦးကို စိတ်ကြွဆေးပြား (၄၆)ပြားနှင့်အတူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့် အဖွဲ့ဖြင့် စစ်ဆေးနေစဉ် ဆန်ဆိုင်း(က)ရပ်ကွက်၊ ကုက္ကိုရေဆိပ်လမ်းပေါ်သွား လမ်းမပေါ်တွင် နေ့လည် (၂)နာရီအချိန်က ချွန်ဆုန်းဆိုင်ဆိုသူအား မသင်္ကာဖွယ် တွေ့ရသည့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ ဘေးလွယ်အိတ်အတွင်းမှ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား (၄၆)ပြားကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ချွန်ဆုန်းဆိုင်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::