တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်း ပင်မင်းဆိုင်ရှေ့၌ ရပ်ထားသည့် ဆိုင်ကယ် ခိုးခံရ

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်း ပင်မင်းဆိုင်ရှေ့၌ ရပ်ထားသည့် ဆိုင်ကယ် ခိုးခံရ
ဇနျနဝါရီ 9, 2019
By Tachileik News Agency


ဝမ်ကောင်းရပ်ကွက်ရှိ ပင်မင်း(နွေးထွေး)ဆိုင်ရှေ့တွင် ဆိုင်ရှင်ဖြစ်သူက ဇန်နဝါရီလ (၅)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်၌ ဆိုင်ကယ်အား ရပ်ထားခဲ့ပြီး ဆိုင်အတွင်း အဝတ်ခေါက်နေပြီးနောက် ည(၇)နာရီ ၀န်းကျင်တွင် အပြင်သို့ သွားမည်ပြုစဉ် ဆိုင်ကယ်မှာ ရပ်တန့်ထားသည့် နေရာတွင် မရှိတော့ဘဲ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့က ဆိုင်ရှေ့ရပ်ထားသည့် ဆိုင်ကယ်ပျောက်ဆုံးပြီး (၄)ရက်အကြာ ဇန်နဝါရီလ (၉)ရက်နေ့၌ အမှုဖွင့်တိုင်ကြားကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်ရှိ ပင်မင်း(နွေးထွေး)ဆိုင်ရှေ့တွင် ဆိုင်ရှင်ဖြစ်သူက ဇန်နဝါရီလ (၅)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်၌ ဆိုင်ကယ်အား ရပ်ထားခဲ့ပြီး ဆိုင်အတွင်း အဝတ်ခေါက်နပြေီးနောက် ည(၇)နာရီ ဝန်းကျင်တွင် အပြင်သို့ သွားမည်ပြုစဉ် ဆိုင်ကယ်မှာ ရပ်တန့်ထားသည့် နေရာတွင် မရှိတော့ဘဲ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးသွားသည့် ဆိုင်ကယ်မှာ SHN/1163 ဖြစ်ပြီး Honda Wave 125 အမျိုးအစား ဘောင်အမှတ် MLHJA 2016H5089127၊ အင်ဂျင်အမှတ် JA210 E 0089127၊ နီ/နက်ရောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ပျောက်ဆုံးမှုအား ဇန်နဝါရီလ (၉)ရက်နေ့၌ တာချီလိတ်မြို့မရဲစခန်းသို့ လာရောက်တိုင်ကြား သဖြင့် (ပ)၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်)ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~