အခ်ိန္အခါမဟုတ္မိုးေၾကာင့္ စလင္းၿမိဳ႕နယ္အတြင္းရိွ စိုက္ပ်ိဳးသီးႏွံစိုက္ခင္းအခ်ိဳ႕ ပ်က္စီး

အခ်ိန္အခါမဟုတ္မိုးေၾကာင့္ စလင္းၿမိဳ႕နယ္အတြင္းရိွ စိုက္ပ်ိဳးသီးႏွံစိုက္ခင္းအခ်ိဳ႕ ပ်က္စီး
ဇန်နဝါရီ 9, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္အတြင္း အခ်ိန္အခါမဟုတ္ မိုးရြာသြန္းမႈေၾကာင့္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၈) ရက္ေန႔ နံနက္ပိုင္းတြင္ ေတာင္ေခ်ာင္းေရက်ဆင္းလာ၍ ေက်းရြာအခ်ိဳ႕တြင္ စိုက္ခင္းမ်ား ပ်က္စီးၿပီး ရေဒးေက်းရြာရိွ အေျခခံပညာအထက္တန္းေက်ာင္းတစ္ေက်ာင္းကို ယာယီပိတ္ထားရေၾကာင္း သိရသည္။

“အခ်ိန္အခါမဟုတ္ ရြာတဲ့မိုးေၾကာင့္ ေခ်ာင္းေရက်ၿပီး သီးႏွံခင္းေတြ ပ်က္စီးနစ္ျမဳပ္သြားတယ္။ ရြာထဲပါ ေရဝင္ေတာ့ လမ္းေတြလည္း ပ်က္စီးတယ္။ ေခ်ာင္းေရေၾကာင့္ ေက်ာင္းသား၊ေက်ာင္းသူ(၃၂၀) တက္ေရာက္ ပညာသင္ၾကားေနတဲ့ အထက္တန္းေက်ာင္းခြဲ ပိတ္ထားလိုက္ရတယ္။ ေခ်ာင္းက ရေဒးရြာနဲ႔ (၄)ဖာလုံအကြာမွာရွိၿပီး ရြာကုိဦးတိုက္စီးဆင္းေနတာပါ” ဟု ရေဒးေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေစာဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇန္နဝါရီလ (၇)ရက္ေန႔က မိုးစတင္ရြာသြန္းၿပီးေနာက္ ဇန္နဝါရီလ (၈)ရက္ေန႔ နံနက္ (၁၀)နာရီအခ်ိန္တြင္ ေတာင္က်ေရစီးဆင္းလာသျဖင့္ စလင္းၿမိဳ႕နယ္၊ ရေဒးေက်းရြာအနီးရွိ ကန္ေတာ္ေခ်ာင္းေရတိုးလာသျဖင့္ ေက်းရြာရိွ စေတာ္ပဲ၊ ကုလားပဲႏွင့္ မတ္ပဲ စုစုေပါင္း ဧက (၈၀)ခန္႔  ေခ်ာင္းေရနစ္ျမဳပ္ ပ်က္စီးခဲ႔ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ မႏႈတ္ရေသးတဲ့ေျမပဲေတြလည္း  ပုပ္ေဆြး ကုန္ေတာ့မယ္။ ကုလားပဲလည္း အသီးေအာင္မွာ မဟုတ္ေတာ့ဘူး။ စားေတာ္ပဲဆို အသီးရင့္ခ်ိန္ေရာက္ေန ၿပီ။ သူလည္း အျမစ္ေတြေဆြးၿပီး ေသကုန္ဖို႔မ်ားတယ္။ ကံတရားလို႔ပဲ သေဘာထားရေတာ့မွာပဲ”ဟု ရေဒး ေက်းရြာေတာင္သူ ဦးဘၾကည္က ေျပာသည္။

အဆိုပါ အခိ်န္အခါ မဟုတ္ ရြာသြန္းသည့္မိုးေၾကာင့္ စလင္းၿမိဳ႕နယ္ သစ္ကိုက္အေရွ႕ေက်းရြာ၊ သစ္ ကိုက္အေနာက္ေက်းရြာ၊ ဆင္မကြ်န္းေက်းရြာအုပ္စု၊ ေျမာက္ရွားေတာေက်းရြာအုပ္စု၊ က်ပင္းေက်းရြာအုပ္စု တို႔တြင္လည္း ၾကက္သြန္၊ ေျမပဲ ၊စားေတာ္ပဲ ၊ ကုလားပဲအစရွိသည့္ စိုက္ပ်ိဳးသီးႏွံ အေျမာက္အမ်ား  ပ်က္စီး ဆံုးရွံဳးႏိုင္သျဖင့္ စာရင္းေကာက္ယူေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ချောင်းရေကျဆင်းလာ၍ ကျေးရွာအချို့တွင် စိုက်ခင်းများ ပျက်စီးပြီး ရဒေးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

“အချိန်အခါမဟုတ် ရွာတဲ့မိုးကြောင့် ချောင်းရေကျပြီး သီးနှံခင်းတွေ ပျက်စီးနစ်မြုပ်သွားတယ်။ ရွာထဲပါ ရေဝင်တော့ လမ်းတွေလည်း ပျက်စီးတယ်။ ချောင်းရေကြောင့် ကျောင်းသား၊ကျောင်းသူ(၃၂၀) တက်ရောက် ပညာသင်ကြားနေတဲ့ အထက်တန်းကျောင်းခွဲ ပိတ်ထားလိုက်ရတယ်။ ချောင်းက ရဒေးရွာနဲ့ (၄)ဖာလုံအကွာမှာရှိပြီး ရွာကိုဦးတိုက်စီးဆင်းနေတာပါ” ဟု ရဒေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇန်နဝါရီလ (၇)ရက်နေ့က မိုးစတင်ရွာသွန်းပြီးနောက် ဇန်နဝါရီလ (၈)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် တောင်ကျရေစီးဆင်းလာသဖြင့် စလင်းမြို့နယ်၊ ရဒေးကျေးရွာအနီးရှိ ကန်တော်ချောင်းရေတိုးလာသဖြင့် ကျေးရွာရှိ စတော်ပဲ၊ ကုလားပဲနှင့် မတ်ပဲ စုစုပေါင်း ဧက (၈၀)ခန့် ချောင်းရေနစ်မြုပ် ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ မနှုတ်ရသေးတဲ့မြေပဲတွေလည်း ပုပ်ဆွေး ကုန်တော့မယ်။ ကုလားပဲလည်း အသီးအောင်မှာ မဟုတ်တော့ဘူး။ စားတော်ပဲဆို အသီးရင့်ချိန်ရောက်နေ ပြီ။ သူလည်း အမြစ်တွေဆွေးပြီး သေကုန်ဖို့များတယ်။ ကံတရားလို့ပဲ သဘောထားရတော့မှာပဲ”ဟု ရဒေး ကျေးရွာတောင်သူ ဦးဘကြည်က ပြောသည်။

အဆိုပါ အချိန်အခါ မဟုတ် ရွာသွန်းသည့်မိုးကြောင့် စလင်းမြို့နယ် သစ်ကိုက်အရှေ့ကျေးရွာ၊ သစ် ကိုက်အနောက်ကျေးရွာ၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ မြောက်ရှားတောကျေးရွာအုပ်စု၊ ကျပင်းကျေးရွာအုပ်စု တို့တွင်လည်း ကြက်သွန်၊ မြေပဲ၊စားတော်ပဲ၊ ကုလားပဲအစရှိသည့် စိုက်ပျိုးသီးနှံ အမြောက်အများ ပျက်စီး ဆုံးရှုံးနိုင်သဖြင့် စာရင်းကောက်ယူနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~