တာခ်ီလိတ္ၿမိဳ႕တြင္းမွ ခိုးယူသြားသည့္ ဆုိင္ကယ္ကို အမ်ဳိးသားႏွစ္ဦးထံက ျပန္လည္ေတြ႔ရွိရ၍ စစ္ေဆးမႈမ်ား ျပဳလုပ္ေန

တာခ်ီလိတ္ၿမိဳ႕တြင္းမွ ခိုးယူသြားသည့္ ဆုိင္ကယ္ကို အမ်ဳိးသားႏွစ္ဦးထံက ျပန္လည္ေတြ႔ရွိရ၍ စစ္ေဆးမႈမ်ား ျပဳလုပ္ေန
ဇန်နဝါရီ 9, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(က)ရပ္ကြက္တြင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၈)ရက္ေန႔ ေပ်ာက္ဆုံုးသြားသည့္ ဆိုင္ကယ္ကို စီးနင္းလာသည့္ အမ်ိဳးသား(၂)ဦးအား ဝမ္လံုးေက်းရြာအုပ္စု၊ လြယ္စတံုဘက္တြင္ ဇန္နဝါရီလ (၉)ရက္ေန႔ ညေန (၅)နာရီဝန္းက်င္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဆန္ဆုိင္း(က)ရပ္ကြက္ရိွ ေနအိမ္ခန္းတစ္ခုေရွ႕ လမ္းမေပၚတြင္ အလုပ္မွျပန္လာၿပီး ရပ္ထားခဲ့သည့္ ဆိုင္ကယ္ အမွတ္ ၃၈ယ/ ၈၃၇၃၈၊ Honda Wave 110 အမ်ိဳးအစား အျပာ/အနက္/မီးခိုးေရာင္မွာ ဇန္နဝါရီလ (၉)ရက္ေန႔ နံနက္ (၆)နာရီ၌ မေတြ႔ရေတာ့သျဖင့္ ရဲစခန္းသို႔ အမႈဖြင့္ တုိင္ၾကား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆိုင္ကယ္ေပ်ာက္မႈ အပါအဝင္ ဆုိင္ကယ္ေပ်ာက္ဆံုးေနမႈမ်ားအား စံုစမ္းေနသည့္ ရဲတပ္ဖြဲ႔က လြယ္စတံုဘက္တြင္ အမ်ိဳးသား(၂)ဦး စီးနင္းလာသည့္ ဆုိင္ကယ္ကို စစ္ေဆးရာမွ ဇန္နဝါရီလ (၈)ရက္ေန႔ ညက ခိုးယူခံရသည့္ ဆုိင္ကယ္ျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကုန္မွစ၍ ေနအိမ္ခန္းမ်ားေရွ႕၌ ရပ္ထားသည့္ဆုိင္ကယ္မ်ား မၾကာခဏ ေပ်ာက္ဆံုးေနျခင္းျဖစ္သည္။

“သူတို႔က ခိုးၿပီး လြယ္စတံုဘက္ကို ထြက္ေျပးဖို႔ လုပ္ေနတုန္း လုိက္ဖမ္းရတာ ညေန(၅)နာရီေလာက္မွာ မိတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕မွ နယ္ထိန္းေခါင္းေဆာင္  ရဲအုပ္ ကိုကိုဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဆုိင္ကယ္ေပ်ာက္ဆံုးမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ (ဆုိင္ကယ္)ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ၿပီး ဆုိင္ကယ္ႏွင့္အတူဖမ္းဆီးရမိသည့္ ကင္မရာ(ခ)မ်ိဳးသန္႔ေက်ာ္ႏွင့္ အိုက္မန္တို႔ကို စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်ကို စီးနင်းလာသည့် အမျိုးသား(၂)ဦးအား ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံဘက်တွင် ဇန်နဝါရီလ (၉)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က ဖမ်းဆီးရမိကြောင်း သိရသည်။

ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နေအိမ်ခန်းတစ်ခုရှေ့ လမ်းမပေါ်တွင် အလုပ်မှပြန်လာပြီး ရပ်ထားခဲ့သည့် ဆိုင်ကယ် အမှတ် ၃၈ယ/ ၈၃၇၃၈၊ Honda Wave 110 အမျိုးအစား အပြာ/အနက်/မီးခိုးရောင်မှာ ဇန်နဝါရီလ (၉)ရက်နေ့ နံနက် (၆)နာရီ၌ မတွေ့ရတော့သဖြင့် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ပျောက်မှု အပါအဝင် ဆိုင်ကယ်ပျောက်ဆုံးနေမှုများအား စုံစမ်းနေသည့် ရဲတပ်ဖွဲ့က လွယ်စတုံဘက်တွင် အမျိုးသား(၂)ဦး စီးနင်းလာသည့် ဆိုင်ကယ်ကို စစ်ဆေးရာမှ ဇန်နဝါရီလ (၈)ရက်နေ့ ညက ခိုးယူခံရသည့် ဆိုင်ကယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်မှစ၍ နေအိမ်ခန်းများရှေ့၌ ရပ်ထားသည့်ဆိုင်ကယ်များ မကြာခဏ ပျောက်ဆုံးနခြေင်းဖြစ်သည်။

“သူတို့က ခိုးပြီး လွယ်စတုံဘက်ကို ထွက်ပြေးဖို့ လုပ်နေတုန်း လိုက်ဖမ်းရတာ ညနေ(၅)နာရီလောက်မှာ မိတယ်”ဟု တာချီလိတ်မြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆိုင်ကယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ဆိုင်ကယ်နှင့်အတူဖမ်းဆီးရမိသည့် ကင်မရာ(ခ)မျိုးသန့်ကျော်နှင့် အိုက်မန်တို့ကို စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~