တာခ်ီလိတ္တြင္ လြန္ခဲ့ေသာ (၂)လက ေပ်ာက္ဆံုးသြားသည့္ ဆိုင္ကယ္အား ဆင့္ကဲစစ္ေဆးခ်က္အရ ေဖာ္ထုတ္ရမိ

တာခ်ီလိတ္တြင္ လြန္ခဲ့ေသာ (၂)လက ေပ်ာက္ဆံုးသြားသည့္ ဆိုင္ကယ္အား ဆင့္ကဲစစ္ေဆးခ်က္အရ ေဖာ္ထုတ္ရမိ
ဇန်နဝါရီ 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေပ်ာက္ဆံုးသြားသည့္ ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီး ရမိသူမ်ားထဲမွ ဆက္လက္ ေဖၚထုတ္ခ်က္အရ လြန္ခဲ့သည့္ (၂)လခန္႔က ေပ်ာက္ဆံုးသြားသည့္ ဆိုင္ကယ္ကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၀)ရက္ေန႔တြင္ ထပ္မံသိမ္းဆည္းရမိေၾကာင္း သိရသည္။

ႏွစ္သစ္ကူးညက ေပ်ာက္ဆံုးသြားသည့္ ဆုိင္ကယ္ႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္မုိင္ရြာတြင္ ဇန္နဝါရီလ (၈)ရက္ေန႔က အမ်ိဳးသား(၂)ဦးကို ဖမ္းဆီးရမိသည့္အနက္ ေရႊထက္ေအာင္ဆိုသူက လြန္ခဲ့သည့္ (၂)လေက်ာ္က ဝိန္းေက်ာက္ရပ္ကြက္ရိွ အာခါေစ်းအနီး ေနအိမ္လိုင္းခန္းတစ္ခုမွ ခိုးယူထားသည့္ဆုိင္ကယ္ကို ေတာင္ယာတဲတြင္ ဝွက္ထားေၾကာင္း ေဖၚထုတ္ သိရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အာခါေစ်းအနီး ေတာင္ယာတဲတြင္ ဝွက္ထားသည့္ SHN/23745 Honda Wave 110 အမ်ိဳးအစား ေဘာင္အမွတ္ MIHIJ 1400J5793819၊ အင္ဂ်င္အမွတ္ JA140E0793819 အနက္/လိေမၼာ္ေရာင္ ဆုိင္ကယ္ကို ျပန္လည္သိမ္းဆည္းႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဆုိင္ကယ္ခိုးယူမႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၉/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၈၀ (ဆိုင္ကယ္)ျဖင့္အမႈဖြင့္ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပျောက်ဆုံးသွားသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီး ရမိသူများထဲမှ ဆက်လက် ဖော်ထုတ်ချက်အရ လွန်ခဲ့သည့် (၂)လခန့်က ပျောက်ဆုံးသွားသည့် ဆိုင်ကယ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ထပ်မံသိမ်းဆည်းရမိကြောင်း သိရသည်။

နှစ်သစ်ကူးညက ပျောက်ဆုံးသွားသည့် ဆိုင်ကယ်နှင့်အတူ တာချီလိတ်မြို့နယ်၊ ဝမ်မိုင်ရွာတွင် ဇန်နဝါရီလ (၈)ရက်နေ့က အမျိုးသား(၂)ဦးကို ဖမ်းဆီးရမိသည့်အနက် ရွှေထက်အောင်ဆိုသူက လွန်ခဲ့သည့် (၂)လကျော်က ဝိန်းကျောက်ရပ်ကွက်ရှိ အာခါဈေးအနီး နေအိမ်လိုင်းခန်းတစ်ခုမှ ခိုးယူထားသည့်ဆိုင်ကယ်ကို တောင်ယာတဲတွင် ဝှက်ထားကြောင်း ဖော်ထုတ် သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာခါဈေးအနီး တောင်ယာတဲတွင် ဝှက်ထားသည့် SHN/23745 Honda Wave 110 အမျိုးအစား ဘောင်အမှတ် MIHIJ 1400J5793819၊ အင်ဂျင်အမှတ် JA140E0793819 အနက်/လိမ္မော်ရောင် ဆိုင်ကယ်ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ခိုးယူမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၉/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ (ဆိုင်ကယ်)ဖြင့်အမှုဖွင့် စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~