ဥပဒေကို လွှတ်တော်တင်ပြရေး ပြည်ထောင်စုရွေးကောက်ပွဲကောင်မရှင်၏ တာဝန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ပြောကြား
ဥပဒေကို လွှတ်တော်တင်ပြရေး ပြည်ထောင်စုရွေးကောက်ပွဲကောင်မရှင်၏ တာဝန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ပြောကြား
ဇနျနဝါရီ 29, 2019
By Tachileik News Agency
Right To Recall (လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်း) ဥပဒေကြမ်းကို ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ၂၀၁၉ခုနှစ် ဇန်န၀ါရီလ (၂၈)ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။
မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က Right To Recall ဥပဒေကို လွှတ်တော်တွင် တင်သွင်းရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းခဲ့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ပြန်လည်ဖြေကြားခဲ့သော်လည်း တိကျသောအဖြေမရသဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ပျော်ဖွယ်မဲဆန္ဒနယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက Right to recall နှင့်ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဥပဒေတစ်ရပ်ရေးဆွဲထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ရာတွင် လွှတ်တော်သို့ တင်သွင်းရန် ကြန့်ကြာမှုများ ရှိနေသဖြင့် လက်ရှိအချိန်တွင် လွှတ်တော်သို့ တင်သွင်းရန် အစီအစဉ်ရှိ၊ မရှိကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
ယင်းဖြေကြားချက်နှင့် ပတ်သက်၍ ကော်မရှင်အနေဖြင့် အဆိုပါ ဥပဒေအား တင်သွင်းရန် လွှတ်တော် လမ်းညွှန်ချက် မလိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌက ထောက်ပြပြောဆိုလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
Right To Recall (လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်း) ဥပဒကြေမ်းကို ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအေဝးတွင် ပြောကြားလိုက်သည်။
“ဒီနေရာမှာ တဆက်တည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြောကြားလိုပါတယ်။ ဥပဒေ ရေးဆွဲပြီး တင်ပြဖို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ညွှန်ကြားလို့ လမ်းညွှန်မှုပြုလို့ ပြန်လည် တင်ပြရမယ်ဆိုတာ ပြည်ထောင်စု လွှတ်တော်ရဲ့ လုပ်ငန်းတာဝန် မဟုတ်ပါဘူး။ သက်ဆိုင်ရာ ဥပဒေကို စီမံခန့်ခွဲရတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်သာလျှင်ဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခွန်တီမြတ်က ပြောကြားသည်။
မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က Right To Recall ဥပဒေကို လွှတ်တော်တွင် တင်သွင်းရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းခဲ့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ပြန်လည်ဖြကြေားခဲ့သော်လည်း တိကျသောအဖြေမရသဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ရေးပေးပါဆိုတာ အလကားနေရင်း ရေးထားပြီးတော့မှ ကော်မရှင်ရုံးမှာ သိမ်းထားဖို့ မဟုတ်ဘူး။ လွှတ်တော်ကို တင်ဖို့”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုေဝဖန် ပြောကြားလိုက်သည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ပျော်ဖွယ်မဲဆန္ဒနယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက Right to recall နှင့်ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဥပဒေတစ်ရပ်ရေးဆွဲထားပြီးဖြစ်ကြောင်း ပြန်လည်ဖြကြေားခဲ့ရာတွင် လွှတ်တော်သို့ တင်သွင်းရန် ကြန့်ကြာမှုများ ရှိနေသဖြင့် လက်ရှိအချိန်တွင် လွှတ်တော်သို့ တင်သွင်းရန် အစီအစဉ်ရှိ၊ မရှိကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်မေးချင်တဲ့ မေးခွန်းကတော့ မပို့ဘူးလားပို့မှာလားပဲ။ ပြည်ထောင်စုလွှတ်တော်ကတော့ ဒါကို မဲခွဲဖို့အတွက် တင်ပြစရာ အကြောင်းမရှိပါဘူး။ ခင်ဗျားတို့ ဒီအတိုင်းပို့မှာလား မပို့ဘူးလားဆိုတာကို ဒီတိုင်း ဖြကြေားပေးပါလို့ ဥက္ကဌကြီးက တစ်ဆင့် တင်ပြအပ်ပါတယ်”ဟု မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောသည်။
ဥပဒေကို ပြဌာန်းနိုင်ပြီးကျင့်သုံးနိုင်မှသာလျှင် အခြေခံဥပဒေပုဒ်မ ၃၉၇ (ခ) အရ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်ဆိုတဲ့ အချက်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သည့်အတွက် ဥပဒေကိုပြဌာန်းနိုင်မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒရှင်ပြည်သူတစ်ယောက်သည် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ခွင့် ရှိသလို ဥပဒေနဲ့အညီ တာဝန်ကနေရုပ်သိမ်းခွင့်ကိုလည်း ပေးအပ်ထားမှု အသက်ဝင်မည်ဖြစ်ကြောင်း ဦးမောင်မြင့်က ထောက်ပြပြောဆိုခဲ့သည်။
“မဲခွဲဆုံးဖြတ်ပြီးတော့မှ ဆိုင်းငံ့ထားတဲ့ ကိစ္စဖြစ်နေတဲ့ အတွက်ကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဆိုင်းငံ့ထားကြောင်း အဆုံးအဖြတ်က အတည်ဖြစ်သလား မဖြစ်ဘူးလားဆိုတာ ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အရာမဟုတ်ပါဘူး။ ပြည်ထောင်စုလွှတ်တော်ရဲ့အရာသာဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်က ဆုံးဖြတ်ပေးထားတဲ့ အဆုံးအဖြတ်ကိုသာ နာခံလေးစား လိုက်နာမည်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အသင့် ရေးဆွဲထားပြီးဖြစ်တဲ့ အကြောင်းလည်းရှင်းရှင်းလင်းလင်းတင်ပြထားပြီးဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဆက်လက်ပြီးတော့ လမ်းညွှန်လာပါလျှင် လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားဖို့ အဆင်သင့် ဖြစ်နေကြောင်း လေးစားစွာ ပြန်လည်ဖြကြေားအပ်ပါသည်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ပြန်လည်ဖြကြေားခဲ့သည်။
ယင်းဖြကြေားချက်နှင့် ပတ်သက်၍ ကော်မရှင်အနဖြေင့် အဆိုပါ ဥပဒေအား တင်သွင်းရန် လွှတ်တော် လမ်းညွှန်ချက် မလိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌက ထောက်ပြပြောဆိုလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~