ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းမြန်မာလုပ်သား (၁၅)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းမြန်မာလုပ်သား (၁၅)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
ဇနျနဝါရီ 15, 2019
By Tachileik News Agency

၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၁၅)ရက်နေ့ နေ့လည်(၂)နာရီအချိန်က မြန်မာနိုင်ငံ အမျိုးသား(၁၃)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၁၅)ဦးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လ၀ကအရာရှိ Somyot Fumfongfoo ဦးစီးသည့် အဖွဲ့မှ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား မြန်မာဘက်တွင် လာရောက် လွှဲပြောင်းပေးလာရာ  မြန်မာဘက်မှ  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။



Tachileik News Agency
ဓါတ်ပုံ - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးအရေးယူခံရသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများအား ဇန်နဝါရီလ(၁၅)ရက်နေ့တွင် တာချီလိတ်သို့ လွှဲပြောင်းပေးလာရာ အမျိုးသား အမျိုးသမီး စုစုပေါင်း (၁၅)ဦး ပါဝင်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့ နေ့လည်(၂)နာရီအချိန်က မြန်မာနိုင်ငံ အမျိုးသား(၁၃)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၁၅)ဦးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လဝကအရာရှိ Somyot Fumfongfoo ဦးစီးသည့် အဖွဲ့မှ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား မြန်မာဘက်တွင် လာရောက် လွှဲပြောင်းပေးလာရာ မြန်မာဘက်မှ မြန်မာဘက်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

မယ်ဆိုင်ဘက်မှ လာရောက်လွှဲပြောင်းပေးလာမှုများတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇန်နဝါရီလ(၁၅)ရက်နေ့ အထိ အမျိုးသား(၇၀)ဦး၊ အမျိုးသမီး (၃၈)ဦး ကလေးငယ်(၂)ဦး စုစုပေါင်း (၁၁၀)ဦး တိတိ ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ ယခုလို လူလွှဲလာမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ပါဝင်လာခြင်း ရှိ မရှိကို မြန်မာဘက် တာဝန်ရှိသူများက စိစစ်ပြီးမှသာ လက်ခံလေ့ရှိပြီး၊ မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ရောနှောပါဝင်လာပါက ချက်ချင်း ထိုင်းဘက်သို့ ပြန်လည် လွှဲပြောင်းပေးလေ့ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~