တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္သစ္ကူးညက ေပ်ာက္သြားသည့္ ဆုိင္ကယ္ကို အမ်ိဳးသား(၂)ဦးထံမွ ျပန္လည္ သိမ္းဆည္းရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္သစ္ကူးညက ေပ်ာက္သြားသည့္ ဆုိင္ကယ္ကို အမ်ိဳးသား(၂)ဦးထံမွ ျပန္လည္ သိမ္းဆည္းရမိ
ဇန်နဝါရီ 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေနအိမ္ခန္းအနီးမွ ခိုးယူသြားသည့္ ဆိုင္ကယ္တစ္စီးကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၈)ရက္ေန႔က အမ်ိဳးသား(၂)ဦးထံမွ ျပန္လည္သိမ္းဆည္းရမိထားၿပီး ခိုးယူစဥ္က အသံုးျပဳသည့္ ဆိုင္ကယ္ကိုပါ သိမ္းဆည္းရမိထားေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံ(၃)ရိွ ေနအိမ္ခန္းတစ္ခုအနီးတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁)ရက္ေန႔ ညေန (၃)နာရီဝန္းက်င္က ရပ္ထားခဲ့သည့္ ဆိုင္ကယ္အမွတ္ SHN/ 12623 Honda Wave 110 အမ်ိဳးအစား နီ/နက္ဆိုင္ကယ္တစ္စီးမွာ ေပ်ာက္ဆံုးသြားေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္ေန႔ နံနက္ (၁၀)နာရီတြင္ သိရိွခဲ့သျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၃/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၈၀ (ဆုိင္ကယ္)ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆုိင္ကယ္အား ဝမ္မုိင္ရြာတြင္ မ်ိဳးေက်ာ္စြာ၊ ေရႊထက္ေအာင္တို႔ထံမွ ဇန္နဝါရီလ (၈)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲအခ်ိန္၌ ျပန္လည္ သိမ္းဆည္းရမိၿပီး ဆိုင္ကယ္ခိုးယူစဥ္က အသံုးျပဳသည့္ဆုိင္ကယ္ကိုပါ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နေအိမ်ခန်းအနီးမှ ခိုးယူသွားသည့် ဆိုင်ကယ်တစ်စီးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့က အမျိုးသား(၂)ဦးထံမှ ပြန်လည်သိမ်းဆည်းရမိထားပြီး ခိုးယူစဉ်က အသုံးပြုသည့် ဆိုင်ကယ်ကိုပါ သိမ်းဆည်းရမိထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)ရှိ နေအိမ်ခန်းတစ်ခုအနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က ရပ်ထားခဲ့သည့် ဆိုင်ကယ်အမှတ် SHN/ 12623 Honda Wave 110 အမျိုးအစား နီ/နက်ဆိုင်ကယ်တစ်စီးမှာ ပျောက်ဆုံးသွားကြောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ နံနက် (၁၀)နာရီတွင် သိရှိခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ (ဆိုင်ကယ်)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်အား ဝမ်မိုင်ရွာတွင် မျိုးကျော်စွာ၊ ရွှေထက်အောင်တို့ထံမှ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်၌ ပြန်လည် သိမ်းဆည်းရမိပြီး ဆိုင်ကယ်ခိုးယူစဉ်က အသုံးပြုသည့်ဆိုင်ကယ်ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~