တပ္မေတာ္ ႏွင့္ UWSA တို႔၏ အကူအညီျဖင့္ မံုးထသို႔ ေရာက္ရွိလာေသာ တိုက္ပြဲေရွာင္ျပည္သူ (၃၀၉)ဦးအား တပ္မေတာ္ ႏွင့္ ဌာနဆိုင္ရာမ်ား ပူးေပါင္း၍ ေထာက္ပံ့မႈမ်ားေပးအပ္ကာ ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္

တပ္မေတာ္ ႏွင့္ UWSA တို႔၏ အကူအညီျဖင့္ မံုးထသို႔ ေရာက္ရွိလာေသာ တိုက္ပြဲေရွာင္ျပည္သူ (၃၀၉)ဦးအား တပ္မေတာ္ ႏွင့္ ဌာနဆိုင္ရာမ်ား ပူးေပါင္း၍ ေထာက္ပံ့မႈမ်ားေပးအပ္ကာ ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္
ဇန်နဝါရီ 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းထၿမိဳ႕သို႔ မိုင္းပန္ၿမိဳ႕နယ္မွ ေခတၱေရာက္ရွိလာသည့္ တိုက္ပြဲေရွာင္ ျပည္သူ (၃၀၀)ေက်ာ္အား က်န္းမာေရးေစာင့္ေရွာက္မႈ ႏွင့္အတူ စားေသာက္ကုန္ပစၥည္းမ်ား၊ ေငြသားမ်ား ေထာက္ပံ့မႈမ်ားေပးအပ္ၿပီး ေနရပ္သို႔ ဇန္န၀ါရီလ(၁၇)ရက္ေန႔က တပ္မေတာ္ႏွင့္ ဌာနဆိုင္ရာမ်ားက ျပန္လည္ပို႔ေဆာင္ေပးလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းပန္ၿမိဳ႕နယ္အတြင္း နားမြန္းေက်းရြာအုပ္စု၊ မိုက္ပုတ္ေက်းရြာႏွင့္ ေနာင္ခ်ဳိ ေက်းရြာတို႔မွ ပအို၀္းတိုင္းရင္းသား အိမ္ေထာင္စု (၈၂)စုတြင္ အမ်ဳိးသား (၁၂၅)ဦး၊ အမ်ဳိးသမီး (၁၇၇)ဦး အျပင္ ကိုရင္ (၇)ပါးတို႔ ပါ၀င္သည္ စုစုေပါင္း (၃၀၉)ဦးတို႔သည္ RCSS/SSA ႏွင့္ PNLO တို႔အၾကား ျဖစ္ပြားသည့္ တိုက္ပြဲမ်ားေၾကာင့္ ျမန္မာ့တပ္မေတာ္ႏွင့္ UWSA တို႔၏ အကူအညီျဖင့္ မိုင္းဆတ္ခရိုင္ မံုးထၿမိဳ႕တြင္ ေခတၱလာေရာက္ တိုက္ပြဲေရွာင္ေနရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တိုက္ပြဲေရွာင္ျပည္သူ (၃၀၉)ဦးအား ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၇)ရက္ေန႔တြင္ ေနရပ္သို႔ ျပန္လည္ ပို႔ေဆာင္ရန္အတြက္  မံုးေထာ္ေရွ႕တန္းစစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးထင္ေအာင္ရွိန္ဦးစီးသည့္ တပ္မေတာ္သားမ်ား ႏွင့္ တပ္မေတာ္ယာဥ္ (၁၂)စီးျဖင့္  ဇန္န၀ါရီလ(၁၇)ရက္ေန႔ နံနက္(၇)နာရီခြဲက မံုးထၿမိဳ႕မွ ထြက္ခြာလာရာ နံနက္(၁၁)နာရီ၀န္းက်င္တြင္ နားေကာင္းမူးေက်းရြာသို႔ ေရာက္ရွိၿပီးေနာက္ နယ္ေျမခံတပ္ရင္းတပ္ဖြဲ႔မိသားစုမ်ားႏွင့္ ျဖဴစင္ေမတၱာပရဟိတအသင္းႏွင့္ ေဒသခံမ်ားက ေရ ႏွင့္ မာမာ ေခါက္ဆြဲေျခာက္ထုပ္မ်ား၊ စားေသာက္ဖြယ္ရာမ်ား ေပးေ၀လွဴဒါန္းေပးၾကေၾကာင္း သိရသည္။

ဆက္လက္၍ နံနက္(၁၁)နာရီခြဲေက်ာ္တြင္ မိုင္းတံုၿမိဳ႕ အေျခခ်စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအာင္ႏိုင္ဦး ဦးေဆာင္သည့္ အဖြဲ႔မွ ဆက္လက္၍ ထြက္ခြာလာရာ မိုင္းတံုၿမိဳ႕ရွိ ေရႊေစတီဘုန္းေတာ္ႀကီးေက်ာင္း၀န္းသို႔ ေရာက္ရွိကာ ေခတၱရပ္နားစဥ္ အဆိုပါ တိုက္ပြဲေရွာင္မ်ားအား ၿမိဳ႕နယ္ဌာနဆိုင္ရာမ်ားက ေန႔လယ္စာ မ်ားျဖင့္ ဧည့္ခံေကြ်းေမြးျခင္းႏွင့္အတူ ၿမိဳ႕နယ္က်န္းမာေရးဌာနမွ ေဒါက္တာစမ်ဳိးမင္း ဦးေဆာင္သည့္ က်န္းမာေရး၀န္ထမ္းမ်ားက လိုအပ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေပးေၾကာင္း သိရသည္။

တိုက္ပြဲေရွာင္ျပည္သူမ်ား အတြက္ ရွမ္းျပည္နယ္အစိုးရမွ ေထာက္ပံ့ ေပးအပ္လာေသာ ဆန္အိတ္(၃၀)၊ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ ဆန္(၁၀)အိတ္၊ ခရိုင္ႏွင့္ၿမိဳ႕နယ္ဌာနဆိုင္ရာမ်ားႏွင့္ လူမႈေရးအသင္း အဖြဲ႔မ်ား၊ ေဒသခံျပည္သူမ်ားမွ စုေပါင္း လွဴဒါန္းလာသည့္ အ၀တ္အထည္မ်ား၊ စားေသာက္ကုန္ ပစၥည္းမ်ား ႏွင့္ တစ္ဦးလွ်င္ က်ပ္(၅,၀၀၀)ႏႈန္းျဖင့္ စုစုေပါင္း ေငြက်ပ္ ( ၁,၅၄၅,၀၀၀)တို႔အား  ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာမူးလာ၊ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအာင္ႏိုင္ဦး၊ မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္၊ ခ႐ိုင္ရဲတပ္ဖဲြ႔မွဴး ဒုတိယရဲမွဴးႀကီးေစာေဇယ်ာလင္းႏွင့္ မိုင္းတုံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနေအာင္တို႔က ေထာက္ပံ့ေပးၾကၿပီးေနာက္ ေန႔လည္(၁)နာရီခြဲတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုင္းပန္ၿမိဳ႕နယ္သို႔ ဆက္လက္ထြက္ခြာခဲ့ရာ ညေန(၅)နာရီ၀န္းက်င္တြင္ သံလြင္ျမစ္ကူးတံတား(တာဆန္း)အနီးရွိ နယ္ေျမခံတပ္ရင္းသို႔ ေရာက္ရွိေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ကို အခုလို ကူညီေစာင့္ေရွာက္ၿပီး ပို႔ေဆာင္ေပးတဲ့အျပင္ အ၀တ္အစား၊ အစားအေသာက္နဲ႔ ေငြေၾကးမ်ားပါ ေထာက္ပ့ံေပးတဲ့အတြက္ အရမ္း၀မ္းသာပါတယ္၊ ေက်းဇူးလည္းတင္ပါတယ္၊ အခု ရြာမွာလည္း ေအးခ်မ္းသြားၿပီလို႔သိရပါတယ္၊ အိမ္က ထြက္လာတာလည္း ၾကာၿပီဆိုေတာ့ အိမ္ အရမ္းျပန္ခ်င္တယ္''ဟု မိုက္ပုတ္ ေက်းရြာမွ ရြာသူႀကီး ဦးခြန္ေတာနက ေျပာၾကားသည္။

လင္းေခးၿမိဳ႕ အေျခခ်စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအာင္ေဇာ္ေထြး၊ လင္းေခး ေခတၱခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းႏိုင္ႏွင့္ လင္းေခးခ႐ိုင္ရဲတပ္ဖဲြ႔မွဴးတို႔ ဦးေဆာင္၍ မိုက္ပုတ္ရြာ ႏွင့္ ေနာင္ခ်ဳိရြာသို႔ ဆက္လက္၍ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၈)ရက္ေန႔ နံနက္က ဆက္လပ္ပို႔ေဆာင္ေပးေၾကာင္း သိရသည္။

အဆိုပါ တိုက္ပြဲေရွာင္မ်ားအား မုံးေထာ္ေရွ႕တန္းစစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးထင္ေအာင္ရိွန္ ဦးစီးေသာ တပ္မေတာ္ သား(၂၂)ဦးႏွင့္ UWSA "၀" စစ္ေဒသ (၁၇၁) စစ္ဦးစီးမွဴးအဆင့္ရိွ ဦးရန္ေကြးက်ဳံးတို႔က တပ္မေတာ္ေမာ္ေတာ္ယာဥ္(၁၀)စီးျဖင့္ ဇန္န၀ါရီလ (၁၅)ရက္ေန႔ နံနက္ (၉) နာရီခဲြခန္႔က သြားေရာက္ေခၚေဆာင္ခဲ့ရာ ဇန္နဝါရီလ (၁၅)ရက္ေန႔ႏွင့္ (၁၆)ရက္ေန႔မ်ားတြင္ တိုက္ပြဲေရွာင္အားလံုး မံုးထသုိ႔ ေရာက္ရိွခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းထမြို့သို့ မိုင်းပန်မြို့နယ်မှ ခေတ္တရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူ (၃၀၀)ကျော်အား ကျန်းမာရေးစောင့်ရှောက်မှု နှင့်အတူ စားသောက်ကုန်ပစ္စည်းများ၊ ငွေသားများ ထောက်ပံ့မှုများပေးအပ်ပြီး နေရပ်သို့ ဇန်နဝါရီလ(၁၇)ရက်နေ့က တပ်မတော်နှင့် ဌာနဆိုင်ရာများက ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း နားမွန်းကျေးရွာအုပ်စု၊ မိုက်ပုတ်ကျေးရွာနှင့် နောင်ချို ကျေးရွာတို့မှ ပအိုဝ်းတိုင်းရင်းသား အိမ်ထောင်စု (၈၂)စုတွင် အမျိုးသား (၁၂၅)ဦး၊ အမျိုးသမီး (၁၇၇)ဦး အပြင် ကိုရင် (၇)ပါးတို့ ပါဝင်သည် စုစုပေါင်း (၃၀၉)ဦးတို့သည် RCSS/SSA နှင့် PNLO တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်နှင့် UWSA တို့၏ အကူအညီဖြင့် မိုင်းဆတ်ခရိုင် မုံးထမြို့တွင် ခေတ္တလာရောက် တိုက်ပွဲရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူ (၃၀၉)ဦးအား ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့တွင် နေရပ်သို့ ပြန်လည် ပို့ဆောင်ရန်အတွက် မုံးထော်ရှေ့တန်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထင်အောင်ရှိန်ဦးစီးသည့် တပ်မတော်သားများ နှင့် တပ်မတော်ယာဉ် (၁၂)စီးဖြင့် ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်(၇)နာရီခွဲက မုံးထမြို့မှ ထွက်ခွာလာရာ နံနက်(၁၁)နာရီဝန်းကျင်တွင် နားကောင်းမူးကျေးရွာသို့ ရောက်ရှိပြီးနောက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မိသားစုများနှင့် ဖြူစင်မေတ္တာပရဟိတအသင်းနှင့် ဒေသခံများက ရေ နှင့် မာမာ ခေါက်ဆွဲခြောက်ထုပ်များ၊ စားသောက်ဖွယ်ရာများ ပေးေဝလှူဒါန်းပေးကြကြောင်း သိရသည်။

ဆက်လက်၍ နံနက်(၁၁)နာရီခွဲကျော်တွင် မိုင်းတုံမြို့ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦး ဦးဆောင်သည့် အဖွဲ့မှ ဆက်လက်၍ ထွက်ခွာလာရာ မိုင်းတုံမြို့ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းဝန်းသို့ ရောက်ရှိကာ ခေတ္တရပ်နားစဉ် အဆိုပါ တိုက်ပွဲရှောင်များအား မြို့နယ်ဌာနဆိုင်ရာများက နေ့လယ်စာ များဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့်အတူ မြို့နယ်ကျန်းမာရေးဌာနမှ ဒေါက်တာစမျိုးမင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးကြောင်း သိရသည်။

တိုက်ပွဲရှောင်ပြည်သူများ အတွက် ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့ ပေးအပ်လာသော ဆန်အိတ်(၃၀)၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဆန်(၁၀)အိတ်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများမှ စုပေါင်း လှူဒါန်းလာသည့် အဝတ်အထည်များ၊ စားသောက်ကုန် ပစ္စည်းများ နှင့် တစ်ဦးလျှင် ကျပ်(၅,ဝဝဝ)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ( ၁,၅၄၅,ဝဝဝ)တို့အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦး၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစောဇေယျာလင်းနှင့် မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်တို့က ထောက်ပံ့ပေးကြပြီးနောက် နေ့လည်(၁)နာရီခွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ရာ ညနေ(၅)နာရီဝန်းကျင်တွင် သံလွင်မြစ်ကူးတံတား(တာဆန်း)အနီးရှိ နယ်မြေခံတပ်ရင်းသို့ ရောက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ကို အခုလို ကူညီစောင့်ရှောက်ပြီး ပို့ဆောင်ပေးတဲ့အပြင် အဝတ်အစား၊ အစားအသောက်နဲ့ ငွေကြေးများပါ ထောက်ပံ့ပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်၊ အခု ရွာမှာလည်း အေးချမ်းသွားပြီလို့သိရပါတယ်၊ အိမ်က ထွက်လာတာလည်း ကြာပြီဆိုတော့ အိမ် အရမ်းပြန်ချင်တယ်''ဟု မိုက်ပုတ် ကျေးရွာမှ ရွာသူကြီး ဦးခွန်တောနက ပြောကြားသည်။

လင်းခေးမြို့ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်ထွေး၊ လင်းခေး ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် လင်းခေးခရိုင်ရဲတပ်ဖွဲ့မှူးတို့ ဦးဆောင်၍ မိုက်ပုတ်ရွာ နှင့် နောင်ချိုရွာသို့ ဆက်လက်၍ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်က ဆက်လပ်ပို့ဆောင်ပေးကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်များအား မုံးထော်ရှေ့တန်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထင်အောင်ရှိန် ဦးစီးသော တပ်မတော် သား(၂၂)ဦးနှင့် UWSA "ဝ" စစ်ဒေသ (၁၇၁) စစ်ဦးစီးမှူးအဆင့်ရှိ ဦးရန်ကွေးကျုံးတို့က တပ်မတော်မော်တော်ယာဉ်(၁၀)စီးဖြင့် ဇန်နဝါရီလ (၁၅)ရက်နေ့ နံနက် (၉) နာရီခွဲခန့်က သွားရောက်ခေါ်ဆောင်ခဲ့ရာ ဇန်နဝါရီလ (၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် တိုက်ပွဲရှောင်အားလုံး မုံးထသို့ ရောက်ရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~