တာချီလိတ်မြို့ မိုင်းလင်းဆရာတော် နှင့် ကျောက်လိုဏ်ဂူဆရာတော်တို့အား နိုင်ငံတော်သမ္မတမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

တာချီလိတ်မြို့ မိုင်းလင်းဆရာတော် နှင့် ကျောက်လိုဏ်ဂူဆရာတော်တို့အား နိုင်ငံတော်သမ္မတမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း
ဇနျနဝါရီ 5, 2019
By Tachileik News Agency


တာချီလိတ်မြို့နယ်၊ တာလေမြို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့်တောရ ဝိပဿနာကမ္မဌာန်းကျောင်းတိုက်မှ မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ(ထမ်းပေါ်ဝန်းမီး)အား အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အား လည်းကောင်း ၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ကျောက်လိုဏ်ဂူကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးသင်ပညာရေး၊ မူလတန်းလွန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တမသာရအား  သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကို လည်းကောင်း၊အသီးသီး ဆက်ကပ်လှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
 
နိုင်ငံတော်သမ္မတမှ ဇန်န၀ါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့၌ ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိ ဝန်ဆောင်စာချဆရာတော်များ၊ ဝိပဿနာဓုရ ပဋိပတ္တိ ဝန်ဆောင် ကမ္မဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့ လှူဒါန်းပေးနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြေငြာစာအမှတ် ၁/၂၀၁၉ ဖြင့် ဆရာတော်၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်စုစုပေါင်း (၄၀၀)ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှ ဆရာတော်(၂)ပါးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ တာလမြေို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့်တောရ ဝိပဿနာကမ္မဌာန်းကျောင်းတိုက်မှ မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ(ထမ်းပေါ်ဝန်းမီး)အား အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အား လည်းကောင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ကျောက်လိုဏ်ဂူကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးသင်ပညာရေး၊ မူလတန်းလွန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တမသာရအား သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကို လည်းကောင်း၊အသီးသီး ဆက်ကပ်လှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတမှ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့၌ ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိ ဝန်ဆောင်စာချဆရာတော်များ၊ ဝိပဿနာဓုရ ပဋိပတ္တိ ဝန်ဆောင် ကမ္မဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့ လှူဒါန်းပေးနကြေသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြငြောစာအမှတ် ၁/၂၀၁၉ ဖြင့် ဆရာတော်၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်စုစုပေါင်း (၄၀၀)ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~