မိုင္္းဆတ္တြင္ ေနအိမ္အတြင္း သြယ္တန္းထားသည့္ ဝါယာႀကိဳးမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြား

မိုင္္းဆတ္တြင္ ေနအိမ္အတြင္း သြယ္တန္းထားသည့္ ဝါယာႀကိဳးမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြား
ဇန်နဝါရီ 15, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕၊ ၀ိန္းေနရပ္ကြက္တြင္ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ (၁၅) ရက္ေန႔ နံနက္ (၂) နာရီ (၄၀) မိနစ္က ဝါယာႀကိဳးမွတစ္ဆင့္ မီးေလာင္ကၽြမ္းမႈျဖစ္ပြားေၾကာင္း သိရသည္။

၀ိန္းေနရပ္ကြက္ရိွ ဦးနန္တိ၏ ၿခံ၀င္းအတြင္းရိွ အေဆာင္တစ္ခုတြင္ အိမ္မႀကီးမွ သြယ္တန္း မီးထြန္းထားရိွေသာ ႏွစ္ပင္လိမ္၀ါႀကိဳးမ်ား အပူလြန္ကဲၿပီး အေဆာင္အတြင္းရိွ ကုတင္ႏွင့္ေမြ႕ယာမ်ား မီးကူးစက္ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မိုင္းဆတ္ခ႐ိုင္မီးသတ္ဦးစီးမွဴး ဦးေဇာ္ႏိုင္၀င္းႏွင့္ ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးေက်ာ္ကိုကို ဦးစီးေသာ မီးသတ္ေရသယ္ယာဥ္(၁)စီး၊ မီးၿငိမ္းသတ္ယာဥ္(၁)စီး၊ သေႏၶမီးသတ္တပ္ဖဲြ႔၀င္(၁၅)ဦး၊ အရန္မီးသတ္တပ္ဖဲြ႔၀င္(၁၀)ဦး၊ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးေအာင္ႏိုင္ေရႊဦးစီးေသာ ရဲတပ္ဖဲြ႔ ၀င္(၈)ဦးႏွင့္ ေဒသခံျပည္သူ(၃၀)ဦးခန္႔က ၀ိုင္း၀န္းမီးၿငိမ္းသတ္ရာ (၁၅)မိနစ္ခန္႔ အၾကာတြင္ မီးလုံး၀ ၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ အေဆာင္အတြင္းရိွ ကုတင္(၁)လုံးႏွင့္ေမြ႕ယာ(၁)ခု မီးေလာင္ဆုံး႐ႈံးခဲ့ရာ လွ်ပ္စစ္မီးေပါ့ဆစြာ သံုးစြဲမႈျဖင့္ ဦးနန္တိအား မိုင္းဆတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၉/၂၀၁၉၊ ရာဇသတ္ ႀကီးဥပေဒပုဒ္မ၊ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္းသိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊ ဝိန်းနေရပ်ကွက်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့ နံနက် (၂) နာရီ (၄၀) မိနစ်က ဝါယာကြိုးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

ဝိန်းနေရပ်ကွက်ရှိ ဦးနန်တိ၏ ခြံဝင်းအတွင်းရှိ အဆောင်တစ်ခုတွင် အိမ်မကြီးမှ သွယ်တန်း မီးထွန်းထားရှိသော နှစ်ပင်လိမ်ဝါကြိုးများ အပူလွန်ကဲပြီး အဆောင်အတွင်းရှိ ကုတင်နှင့်မွေ့ယာများ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မိုင်းဆတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို ဦးစီးသော မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ရွှေဦးစီးသော ရဲတပ်ဖွဲ့ ဝင်(၈)ဦးနှင့် ဒေသခံပြည်သူ(၃၀)ဦးခန့်က ဝိုင်းဝန်းမီးငြိမ်းသတ်ရာ (၁၅)မိနစ်ခန့် အကြာတွင် မီးလုံးဝ ငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အဆောင်အတွင်းရှိ ကုတင်(၁)လုံးနှင့်မွေ့ယာ(၁)ခု မီးလောင်ဆုံးရှုံးခဲ့ရာ လျှပ်စစ်မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် ဦးနန်တိအား မိုင်းဆတ်မြို့မရဲစခန်းတွင် (ပ)၉/၂၀၁၉၊ ရာဇသတ် ကြီးဥပဒေပုဒ်မ၊ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~