မႏၱေလးၿမိဳ႕တြင္ ကရဝိတ္ေကာ္ဖီဆိုင္က ေန႔စဥ္ လူအေယာက္ (၅၀)စာအတြက္ အခမဲ့ နံနက္စာေပးေဝမည္

မႏၱေလးၿမိဳ႕တြင္ ကရဝိတ္ေကာ္ဖီဆိုင္က ေန႔စဥ္ လူအေယာက္ (၅၀)စာအတြက္ အခမဲ့ နံနက္စာေပးေဝမည္
ဇန်နဝါရီ 12, 2019
By Tachileik News Agency

မႏၱေလးၿမိဳ႕ (၃၅) လမ္းႏွင့္ (၇၅) လမ္းေထာင့္ရိွ ကရဝိတ္ေကာ္ဖီဆိုင္က ဆာေလာင္ေနသူမ်ားအတြက္ ေဝငွေရး အစီအစဥ္အျဖစ္ ေန႔စဥ္ နံနက္(၄)နာရီ၌ လူအေယာက္ (၅၀)စာ အခမဲ့ နံနက္စာေပးေဝျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ (၁၁) ရက္ေန႔က စတင္လိုက္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ အစီအစဥ္ေလး ေအာင္ျမင္မလား။ မေအာင္ျမင္ဘူးလား ၾကည့္ရဦးမွာေပါ့။ ေအာင္ျမင္တယ္ ဆိုရင္ အျခားဆိုင္ေတြမွာပါ ထပ္လုပ္သြားမွာပါ”ဟု ကရဝိတ္ေကာ္ဖီဆိုင္မွ ကိုေနေဇာ္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းမ်ားက မႏၱေလးၿမိဳ႕တြင္ အေအးလြန္ကဲမႈေၾကာင့္ ေကာ္ဖီဆိုင္သို႔ ညစဥ္ ဧည့္သည္ဝင္ေရာက္မႈ နည္းပါးခဲ့ရာ ျပင္ဆင္ထားသည့္ အစားအေသာက္မ်ား ပုိလွ်ံ၍ သြန္ပစ္ေနရခ်ိန္တြင္ ဆာေလာင္သူမ်ားအတြက္ ေဝငွျခင္း အစီအစဥ္ကို စိတ္ကူးရခဲ့ျခင္းျဖစ္သည္ဟု ကိုေနေဇာ္လတ္က ဆိုသည္။

အဆိုပါ အစီအစဥ္အား ပံုမွန္လုပ္ေဆာင္ရန္အတြက္ ဆုိင္မွ ပိုလွ်ံအစားအေသာက္မ်ား ေဝငွျခင္းမဟုတ္ဘဲ ပံုမွန္ လူအေယာက္ (၅၀)အတြက္ ေဝငွသြားရန္ စီစဥ္ထားျခင္းျဖစ္ကာ လူတစ္ဦးလွ်င္ နံနက္စာ (၁)ဗူးႏႈန္းျဖင့္ ယူေဆာင္ၾကရန္ အသိေပးႏိႈးေဆာ္ထားသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု  - Karaweik Cafe


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မန္တလေးမြို့ (၃၅) လမ်းနှင့် (၇၅) လမ်းထောင့်ရှိ ကရဝိတ်ကော်ဖီဆိုင်က ဆာလောင်နေသူများအတွက် ဝေငှရေး အစီအစဉ်အဖြစ် နေ့စဉ် နံနက်(၄)နာရီ၌ လူအယောက် (၅၀)စာ အခမဲ့ နံနက်စာပေးဝခြေင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့က စတင်လိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ အစီအစဉ်လေး အောင်မြင်မလား။ မအောင်မြင်ဘူးလား ကြည့်ရဦးမှာပေါ့။ အောင်မြင်တယ် ဆိုရင် အခြားဆိုင်တွေမှာပါ ထပ်လုပ်သွားမှာပါ”ဟု ကရဝိတ်ကော်ဖီဆိုင်မှ ကိုနေဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက မန္တလေးမြို့တွင် အအေးလွန်ကဲမှုကြောင့် ကော်ဖီဆိုင်သို့ ညစဉ် ဧည့်သည်ဝင်ရောက်မှု နည်းပါးခဲ့ရာ ပြင်ဆင်ထားသည့် အစားအသောက်များ ပိုလျှံ၍ သွန်ပစ်နေရချိန်တွင် ဆာလောင်သူများအတွက် ဝေငှခြင်း အစီအစဉ်ကို စိတ်ကူးရခဲ့ခြင်းဖြစ်သည်ဟု ကိုနေဇော်လတ်က ဆိုသည်။

အဆိုပါ အစီအစဉ်အား ပုံမှန်လုပ်ဆောင်ရန်အတွက် ဆိုင်မှ ပိုလျှံအစားအသောက်များ ဝေငှခြင်းမဟုတ်ဘဲ ပုံမှန် လူအယောက် (၅၀)အတွက် ဝေငှသွားရန် စီစဉ်ထားခြင်းဖြစ်ကာ လူတစ်ဦးလျှင် နံနက်စာ (၁)ဗူးနှုန်းဖြင့် ယူဆောင်ကြရန် အသိပေးနှိုးဆော်ထားသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - Karaweik Cafe

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~